Thursday, September 2, 2010

ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ဟင်းချို


ငါးကြင်းခေါင်း နှင့် မြစ်ချဉ်ကို ဆား၊ ဆနွင်း၊ အချိုမှုန့် ထည့်ပြီး နှပ်ထားပါ တယ်။ ဆီထည့်ပြီး ဆီကျက်မှ စပါးလင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ နွမ်းစပြုလာလျင် ခရမ်းချဉ် သီး ပါးပါးလှီးထည့်ပါတယ်။ ခရမ်းချဉ်သီး နွမ်းလာလျင် ငါးကြင်း ခေါင်းထည့်ပါ။ ငါးငြီနံပျောက်မှ မြစ်ချဉ်ထည့်ပါ။ မုန်လာဥနီ ပါးပါးလှီး၊ ပဲပြား အနေတော်လှီးပြီး ထည့်ပါတယ်။ ရေနွေးထည့်ပါ။ ကိုယ်ကြိုက်တဲ့ ရေအနေ အထား ရောက်လျင် ချလို့ရပါပြီ။ ချကာနီး အပေါ်ကနေ နံနံပင်လေး အုပ်လိုက်ပါ။ ငုံးဥပါထည့်လို့ရပါတယ်။ (ငုံးဥ အဆင် သင့်ဝယ်ထားတာမရှိလို့ မထည့်လိုက်ရပါ။)

4 comments:

မြူးမြူး said...

မမွန်ရေ.. စားချင်စရာလေးနော်.. ငရုတ်သီးထောင်းလေးနဲ့ တွဲပြီးစားရင် တော်တော်စားကောင်းမှာ.

ညယံ said...

ငါးကြင်းခေါင်း နဲ့ မြစ်ချဉ်တော့ ကြိုက်မှကြိုက်ပဲ။

JuneOne said...

ငါးကိုတော့ ခေါင်းအကြိုက်ဆုံး။

Anonymous said...

yummy ! miss my mom's work