Thursday, September 23, 2010

ရွှေညောင်ပင်စတိုင် ကြက်သားသုတ်


ကြက်သားကို ဆား၊ ဆနွင်း ၂ဆ၊ အချိုမှုန့် ထည့်ပြီးပြုတ်ပါတယ်။ ကြက်သားနှုးပြီဆိုလျင် ကြက်သားပြုတ်ထား သော အရည်ဖြင့် ပဲမှုန့် အစိမ်းမှုန့်ကို ကျိုပါတယ်။ မွှေးတံဆိပ် ပဲမှုန့် အစိမ်းမှုန့် ကိုသုံးပါတယ်။ မွှေးတံဆိပ် ပဲမှုန့် အစိမ်းမှုန့်မကျိုခင်မှာ ကြက်သွန်နီ ပါးပါးလှီး ဆီသတ်၊ ပြီးမှ ပဲမှုန့်အစိမ်းမှုန့် ထည့်ပြီးကြက်ပြုတ်ထားသော အရည် နှင့်ကြိုပါတယ်။ ပိုပြီးမွှေးအောင် ကုလားလေးမဆလာပါ ထည့်ပါတယ်။ ဂေါ်ဖီထုပ်၊ ငရုပ်သီးစိမ်းကို ပါးပါးလှီးပါ တယ်။ သံပုရာသီး အနေတော်လှီးပါတယ်။ စားမယ့်အချိန်ကျမှ ပန်းကန်ထဲ ကြက်သားထည့်၊ ဂေါ်ဖီထည့်၊ ငရုပ် သီးစိမ်းထည့်၊ သံပုရာသီးညစ်၊ ပဲရည်ထည့်၊ အချိုမှုန့်အနည်းငယ်၊ ဆား အနည်းငယ် ထည့်ပြီး သုံးဆောင်နိုင် ပါပြီရှင်။

နည်းလမ်းပေးသော wesheme ကို အထူး ကျေးဇူး တင်ပါတယ်။

4 comments:

Nay Nay Naing said...

"စားမယ့်အချိန် ကျမှ ပန်းကန်ထဲ ကြက်သားထည့်၊ ဂေါ်ဖီထည့်၊ ငရုပ်သီးစိမ်း ထည့်၊ သံပုရာသီးညစ်၊ အချိုမှုန့်အနည်းငယ်၊ ဆား အနည်းငယ် ထည့်ပြီး သုံးဆောင်နိုင် ပါပြီရှင်။"

ကြက်သားပြုတ် နဲ့  ချက်စားတဲ့ ပဲရည်ဆမ်းဖို့ မေ့သွားတယ် ထင်တယ်။

မြူးမြူး said...

စားချင်လိုက်တာ.. လုပ်စားကြည့်ဦးမှ..း)

Myo Mon Yee Oo said...

လုပ်စားကြည့်ပါ။ ရန်ကုန်က အတိုင်းပဲ :P

မြူးမြူး said...

လုပ်စားကြည့်ပြီးပြီ.. အရမ်းကောင်းပဲ..မကျည်းမှည့်ရည်လေးထည့်စားတာ ပိုလေးလေးပင်ပင်ရှိတယ်.. သံပုရာသီးကို ပါးပါးရိတ်ရိတ်လေးတွေလှီးထည့်လိုက်တယ်..