Tuesday, April 20, 2010

ငါးပေါင်း Chinese Style



ငါးအကောင်လိုက်ကို ပါးဟက်ထုတ် ၊ အကြေးထိုး၊ ကလီစာကိုဖယ်၊ ဓားနဲ့မွှန်းပြီး ဆား၊ အချိုမှုန့်နယ်ပြီး ၁ညသိပ်ပါ။

ရေအနည်းငယ်၊ ရှာလကာရည်၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်ရည် အနည်းငယ်၊ ငရုတ်သီးစိမ်း၊ ဂျင်း ပါးပါးလှီး ထားတာ၊ သံပုရာသီးကို ညစ်ပြီး ထည့် အပေါ့အငန်မြည်းပြီး ပေါင်းမယ့် ပန်းကန်ပြားထဲ ထည့်ပါ။ ဇောက်နက်တဲ့အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပါ။ ရေဆူလာရင် ဇောက်နက်တဲ့အိုးထဲသို့ ပေါင်းမယ့် ပန်းကန်ပြားထည့် အဖုံးအုပ်ပြီး ၁ဖက်ကို ၁၅ မိနစ်လောက် ပေါင်းပါတယ်။ အားလုံးပေါင်း မိနစ် ၃၀ ပေါင်းပါတယ်။ ပေါင်းပြီးသွားရင် နံနံပင်၊ ငရုတ်သီးစိမ်း ပါးပါးလှီးပြီး အပေါ်ကနေ လှအောင်ဖြူးလိုက်ပါ....

No comments: