Thursday, February 17, 2011

၁နှစ်ပြည့် သားသား


ကျွန်မအိမ်ရဲ့ ဘုရားစင်ပါ။
(ဘုရားအနေကဇာတင်တာ ညာဘက်)
သားသား ၁နှစ်မပြည့်ခင် ၁ရက် အလို

ပဲထောပတ်ထမင်း

ချဉ်ပေါင်အဖြူထည်

ငပိရည်တို့စရာ

၁နှစ်သားလေး MICKEY

သားသားမွေးနေ့ မနက်မှာ အိပ်နေလိုက်တာ တော်တော်နဲ့နိုးမရဘူး။ အတင်းနိုးယူရတယ်။ အခုဒီပုံလေးက အတင်းနိုးပြီး ည၀တ်အကျီချွတ်ပြီး အိမ်မှာနေရင်း အကျီ လဲပေးလိုက်ရတာ

ဟင်းအစုံအလင်

ဆိတ်သားဟင်း

ပဲစောင်းလျားသီးသုတ်

ကြက်သားဟင်း

ဒီနေ့ဟာ သားသား အသက် ၁နှစ်တင်းတင်းပြည့်ပါပြီ။ သားသားအတွက် မွေးနေ့ အလှူရယ်၊ ဘုရားအနေကဇာ တင်ရယ် ၂ခုပေါင်းပြီး ဘုန်းကြီး ၃ပါးကိုဆွမ်းကျွေးဖြစ်ပါတယ်။ မနက် ၆နာရီခွဲထချက်ပါတယ်။ ပဲထောပတ် ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ပဲစောင်းလျားသီးသုတ်၊ ချဉ်ပေါင်အရည်ထည်၊ ငပိရည်တို့စရာ အစုံ နှင့်ပါ။ အချိုပွဲကောပါ။ သားသားမွေးနေ့ပါတီပွဲလေးကို စနေနေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ သားသား မွေးနေ့ အလှူနှင့် သားသားဓာတ်ပုံလေးကို မွေးနေ့ အမှတ်တရ အနေနဲ့တင်ပေးလိုက်ပါတယ်။

သားသား အသက် ၁၁လခွဲ Sentosa မှာ ရိုက်ထားတာ
မေမေနဲ့ တူတူရေ ၀ါးဆော့နေတဲ့ပုံလေးလေ

သားသားက ၁၁လခွဲနဲ့လမ်းစလျှောက်နေပါပြီ

သားသားကအခု လမ်းကောင်းကောင်းလျှောက်တတ်နေပြီလေ။ သားသားလမ်းလျှောက်တတ်တော့ ကျွန်မပို မောရတာပေါ့။ သားသားမွေးနေ့မှာ မေမေက ... ပညာထူးချွန်ထက်မြက်တဲ့ သားလိမ်မာလေး ၁ယောက် ဖြစ်ပါ စေလို့ဆုတောင်းပေးလိုက်တယ်နော်။

သားသား၁နှစ်မပြည့်ခင်အချိန်အထိ သားသားရဲ့ ပြုမူနေထိုင်တတ် တဲ့အမူအရာလေးတွေ အကြောင်းရေးပါဦး မယ် ...

Blog လာလည်သူအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ ...

5 comments:

စန္ဒကူး said...

သားသားလေးကချစ်စရာလေး..
လုံးလုံးလေး...
မွေးနေ့မှာပျော်ရွှင်ပါစေသားရေ..

တီတီ စန္ဒကူး

JuneOne said...

Happy Birthday Micky!!

Anonymous said...

ံHappy Birthday ပါသားသားရေ

avocado

မြူးမြူး said...

ပျော်စရာမွေးနေ့ပါ ပုလုံးလေးရေ.. ချစ်တဲ့ ဖေဖေ မေမေတို့နဲ့ အမြဲတမ်းပျော်ရွှင်ပါစေနော်..

Anonymous said...

စလုံးမှာမွေးပြီး ဗမာပြည်ပြန်ပို့ခံရတဲ့ ကလေးတွေ၊ ဗမာပြည်မှာမွေးပြီးထားခဲ့တဲ့ကလေးတွေ မြင်ရတော့ အခုလို အဖေ၊အမေနဲ့မခွဲပဲနေရတာ သားလေးရဲ့ ကုသိုလ်ပါပဲ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။