Wednesday, September 1, 2010

ချဉ်ချဉ်စပ်စပ် မန်ကျည်းစိမ်းချက်

မန်ကျည်းစိမ်းကို ဇကာထဲမှာ ရေနိုင်နိုင်ဖြင့် အမည်းဖတ်များ ပြောင်နေအောင် ဆေးပါ။ ထိပ်၂ဖက်မှာရှိနေသော အကိုင်းကို ခြွေပါ။ ငရုတ်ဆုံထဲထည့်ပြီး ညက်နေအောင် ထောင်းပါ။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်ပွ ညက်ညက်ထောင်းထားတာ ထည့်ပါတယ်။ ထောင်းထားသော မန်ကျည်းစိမ်းထည့်ပါ။ ပုဇွန်ခြောက် အမှုန့်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဆီပြန်လာလျင် ရပါပြီ။

2 comments:

Pwint Myue said...

မန်ကျီးသီးဘယ်က၀ယ်လဲဟင်.. စားချင်လို့..

Myo Mon Yee Oo said...

city hall မှာ လဲရပါတယ်။ အိမ်နားက မြန်မာဆိုင်မှာ ၀ယ်တာ