Wednesday, September 8, 2010

ဘဲအချိုပေါင်း

ဘဲက Ready Made ပါ။ နှုးပြီးသားပါ။ အရိုးပါ ၀ါးစားလို့ရပါတယ်။ ကိုယ်စိတ်ကြိုက် ပြန်ပြင်ချက်ထားပါ။ ကြက်သွန်နီ ဥသေးသေး ၅လုံးခန့် အခွံနွှာ၊ ကြက်သွန်ဖြူ ၄မွှာ မထူမပါး လှီးထားပါ။ ဂျင်း လက်၁ဆစ် လှီးထားပါ။ မှိုခြောက် ၄လုံးခန့်ရေစိမ်ပါ။ ကတ်ကြေးဖြင့် အပြားဖြစ်အောင် ညှပ်ပါ။ ဆီထည့်ပြီး ဆီကျက်မှ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်ပြီး ဆီသတ်ပါ။ ခရုဆီထည့်ပါ။ မှိုထည့်ပါ။ နွမ်းစပြုလာချိန်မှာ ဘဲသားကို အနေတော် လှီးပြီးထည့်ပါ။ အရောင် အညိုရောင်ဖြစ်လာပြီဆိုလျင် ရပါပြီ။ အပေါ်ကနေလှအောင် ကြက်သွန်မြိတ် အနေတော် လှီးပြီး အပေါ်ကနေ အုပ်ပါ။

2 comments:

မြူးမြူး said...

ဘဲသားကို အရိုးများလို့ သိပ်မစားဖြစ်ဘူး.. ငန်းသားက ပိုစားကောင်းတယ်နော်..

စန္ဒကူး said...

စားချင်တယ်..အရမ်းလဲကြိုက်တယ်..
ဒါပေမယ့် ကိုယ်တိုင်မလုပ်တတ်ဘူး..