ထမင်းစားရင် ဘယ်ဟာနဲ့စားစား ထမင်းစားမြိန်စေပါတယ်။ ကျွန်မတို့ ၂ယောက်ကတော့ ၂ရက်လားခံတယ်။ ၁ခါထဲကြော်လည်းရပါတယ်။ ကျွန်မငယ်ငယ်တုန်းက စကြော်ခါစ ငါးကလည်းမကျက်သေး၊ ငရုတ်သီးလေး စိပ်ကွဲကကျက်နေပီ။ မီးဖိုဆောင် ၁ခုလုံး ငရုတ်သီးအညော်နံတွေ (၁အိမ်လုံး အညော်နံရခဲ့တယ်ဆိုရင် ပိုမှန်ပါ လိမ့်မယ်) ရှိခဲ့ဖူးလို့ အဲဒီကတည်းက ကြော်မယ်ဆိုလျင် ၁ခုပြီးမှ ၁ခုကြော်ပါတယ်။ ငယ်ငယ်တုန်းက မြန်မြန်ပြီး ချင်တဲ့စိတ်ရှိတော့ ပြီးပြီးရောချက်လိုက်တာ။ အဲဒီလို ၁ခုပြီး ၁ခုထည့်ပြီးကြော်တော့ စားလို့ပိုကောင်းတယ်။
Friday, February 25, 2011
ငါးကျည်းခြောက်ကြော်

Labels:
စားကြမယ်
Wednesday, February 23, 2011
သားသား ဓာတ်ပုံပြိုင်ပွဲ အကြောင်း
Blog ပေါ်က သူငယ်ချင်းတို့ရေ ...
အကူအညီ ၁ခု တောင်းချင်လို့ပါ။ သားသားရဲ့ အထက်ပါပုံလေးကို Facebookမှာ ပြိုင်ပွဲ ၀င်ပြိုင်ထားပါတယ်။ သားသားကို ချစ်တယ်ဆိုရင် သားသားပုံအောက်ကိုသွားပြီ Like ဆိုတာလေးကို Click ပေးပါ။
ပြုလုပ်ပုံ အဆင့် ဆင့်ကတော့
၁။ အရင်ဦးဆုံး SingaporeMummy ကိုသွားပါ။
၂။ SingaporeMummy Fun Page မှာရှိတဲ့ Like ကို Click လုပ်ပါ။
(SingaporeMummy ကို Like လုပ်ပြီးမှ သားသားပုံကို Like လုပ်လို့ရမှာပါ)
၃။ ပြီးရင် SingaporeMummy Baby Photo Contest Jan 2011 (Part 5) ပုံနံပါတ် 35 မှာ သားသားကို တွေ့ရ ပါမယ်။
၎။ သားသားပုံအောက်ခြေမှာရှိတဲ့ Like ကို Click လုပ်ပေးပါ။
စည်းမျဉ်းအရ Like လုပ်တဲ့ အရေအတွက်များတဲ့ ၄၇ယောက်က အနိုင်ရရှိမှာပါ။ ၁ယောက်ကတော့ ပထမဆုပါ။ အားလုံးကို အတင်းချည်းလဲ မတိုက်တွန်းပါဘူး။ သားသားကို ချစ်တယ်။ သားသားက ချစ်စရာကောင်းတယ်လို့ ထင်မြင်ယူဆရင် Like ပေးပါလို့။
နောက်ဆုံးနေ့က ၂၈ ရက်နေ့ ၂လပိုင်း ၂၀၁၁ ည ၁၂ နာရီ အထိ ပါ။
Blog လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ

အချစ်ရဆုံး သားလေးများ
Friday, February 18, 2011
ပဲစောင်းလျားသီးသုတ်
အလှူနေ့က လုပ်ဖြစ်ခဲ့တဲ့ ပဲစောင်းလျားသီးသုတ်ပုံသုတ်နည်း အကြောင်းပြောပြမယ်နော်။ ပဲစောင်းလျားသီးကို ပထမဦးစွာ အလယ်က အစင်းကြောင်းကို ခွာပါတယ်။ ဒါမှမဟုတ်ရင်လဲ လက်နဲ့ထက်ပိုင်းပိုင်းရင် အစလေးတွေ ထွက်လာမှာပါ။ ပြီးရင် ရေစင်အောင်ဆေးပြီး ၁၀ မိနစ်ခန့်ပြုတ်ပါတယ်။ ပြုတ်ပြီးသား ပဲစောင်းလျားသီးကို အအေးခံပြီး ဓားဖြင့် ပါးပါးလှီးပါ။ ပန်းကန်ထဲမှာထည့်ထားပါ။ မြေပဲ ထမင်းစားဇွန်း ၁ဇွန်းဝက်ခန့်ကို မညက်တညက် ထောင်းထားပါ။ ကြက်သွန်နီ ၁ဥ ခပ်လတ်လတ် အရွယ်ပါးပါးလှီးထားပါ။ ဇလုံ၁ခုထဲမှာ လှီးထား ပြီးသော ပဲစောင်း လျားသီး၊ လှီးထားပြီးသော ကြက်သွန်နီ၊ ဆီချက်၊ မြေပဲထောင်း၊ နှမ်း ထမင်းစားဇွန်း ၁ဇွန်း၊ သံပုရာသီး ၁စိတ်ညစ်ပြီး ထည့်ရန်၊ ဆား၊ အချိုမှုန့်၊ ငရုတ်သီး အမှုန့် ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
Labels:
စားကြမယ်
Thursday, February 17, 2011
၁နှစ်ပြည့် သားသား
ကျွန်မအိမ်ရဲ့ ဘုရားစင်ပါ။
(ဘုရားအနေကဇာတင်တာ ညာဘက်)
(ဘုရားအနေကဇာတင်တာ ညာဘက်)
သားသားမွေးနေ့ မနက်မှာ အိပ်နေလိုက်တာ တော်တော်နဲ့နိုးမရဘူး။ အတင်းနိုးယူရတယ်။ အခုဒီပုံလေးက အတင်းနိုးပြီး ည၀တ်အကျီချွတ်ပြီး အိမ်မှာနေရင်း အကျီ လဲပေးလိုက်ရတာ
ဆိတ်သားဟင်း
ပဲစောင်းလျားသီးသုတ်
ကြက်သားဟင်း
ဒီနေ့ဟာ သားသား အသက် ၁နှစ်တင်းတင်းပြည့်ပါပြီ။ သားသားအတွက် မွေးနေ့ အလှူရယ်၊ ဘုရားအနေကဇာ တင်ရယ် ၂ခုပေါင်းပြီး ဘုန်းကြီး ၃ပါးကိုဆွမ်းကျွေးဖြစ်ပါတယ်။ မနက် ၆နာရီခွဲထချက်ပါတယ်။ ပဲထောပတ် ထမင်း၊ ကြက်သားဟင်း၊ ဆိတ်သားဟင်း၊ ပဲစောင်းလျားသီးသုတ်၊ ချဉ်ပေါင်အရည်ထည်၊ ငပိရည်တို့စရာ အစုံ နှင့်ပါ။ အချိုပွဲကောပါ။ သားသားမွေးနေ့ပါတီပွဲလေးကို စနေနေ့မှာလုပ်ဖို့ စီစဉ်ထားပါတယ်။ သားသား မွေးနေ့ အလှူနှင့် သားသားဓာတ်ပုံလေးကို မွေးနေ့ အမှတ်တရ အနေနဲ့တင်ပေးလိုက်ပါတယ်။
မေမေနဲ့ တူတူရေ ၀ါးဆော့နေတဲ့ပုံလေးလေ
သားသားကအခု လမ်းကောင်းကောင်းလျှောက်တတ်နေပြီလေ။ သားသားလမ်းလျှောက်တတ်တော့ ကျွန်မပို မောရတာပေါ့။ သားသားမွေးနေ့မှာ မေမေက ... ပညာထူးချွန်ထက်မြက်တဲ့ သားလိမ်မာလေး ၁ယောက် ဖြစ်ပါ စေလို့ဆုတောင်းပေးလိုက်တယ်နော်။
သားသား၁နှစ်မပြည့်ခင်အချိန်အထိ သားသားရဲ့ ပြုမူနေထိုင်တတ် တဲ့အမူအရာလေးတွေ အကြောင်းရေးပါဦး မယ် ...
Blog လာလည်သူအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ ...
သားသား၁နှစ်မပြည့်ခင်အချိန်အထိ သားသားရဲ့ ပြုမူနေထိုင်တတ် တဲ့အမူအရာလေးတွေ အကြောင်းရေးပါဦး မယ် ...
Blog လာလည်သူအားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေလို့ ...
Labels:
အချစ်ရဆုံး သားလေးများ
Wednesday, February 16, 2011
ကြာဇံကြော် နှင့် ၀က်သားတုတ်ထိုး
အရင်ဦးဆုံး ၀က်သားတုတ်ထိုး (သရက်ရွက်၊ အူချို၊ အသည်း၊ နှလုံး) အတွက် ရေအထပ်ထပ်ဆေးပါတယ်။ Wet Market က၀ယ်လာတာပါ။ သရက်ရွက်၊ အူချို နှင့် အသည်း ၁ကျပ်ဖိုး ဆီဝယ်လာခဲ့တာပါ။ ၁ကျပ်ဖိုးပေမယ့် အများကြီးရပါတယ်။ နှလုံးကတော့ ဈေးမမှတ်မိတော့ဘူး။ ၁ခါ၁လေ ဆိုင်ရှင်ကသဘောကောင်းတာနဲ့ကြုံရင် နို့အုံသားပါ အဆစ်ရတတ်ပါတယ်။ ရေသေချာအထပ်ထပ်ဆေးပြီး ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက် အနည်းငယ်၊ ပဲငံပြာရည် အကြည် အနည်းငယ်၊ သကြား ဇွန်းဝက်စာကိုထည့်နှယ်ပြီး မချက်ခင်ညမှာ ၁ညသိပ်ပြီး နှပ်ထားပါတယ်။ ဆီထည့်ပြီး ဆီအနည်းငယ်ပူလာလျင် ဖလာ ၂စေ့၊ လေညင်းပွင့် ၂စေ့၊ သစ်ဂျပိုးခေါက် ၄ရွက် ကိုထည့်ပြီး ဆီသတ်ပါတယ်။ နှပ်ထားသော ၀က်ကလီစာများကိုထည့်ပါတယ်။ ၁နာရီနီးပါးလောက်တည်ပြီး နူးပြီဆိုလျင် အအေးခံပြီး အနေတော်လှီးပါ။
Labels:
မြန်မာ့ရိုးရာ စားစရာ
Tuesday, February 15, 2011
ငါးဖယ်ဟင်းဆီပြန်
ဂျင်း လက်၁ဆစ်၊ ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ညက်နေအောင်ထောင်းပါတယ်။ ငါးဖယ်ကို မွနေအောင် ထောင်းပါတယ်။ ထောင်းထားပြီးသား ငါးဖယ်ကို ဆား၊ ဆနွင်း အချိုမှုန့်၊ ညက်အောင်ထောင်းထားသော ဂျင်း၊ ကြက်သွန်ဖြူဖြင့်နံအောင်နှယ်ပါတယ်။ စီးလာလျင် လက်ဖြင့် အလောတော်လုံးပြီး ငါးဖယ်အ၀ိုင်းလေးများ ဖြစ်အောင်လုပ်ပါတယ်။ ခရမ်းချဉ်သီး ၁လုံးပါးပါးလှီးထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေ အောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် အသင့်ပြင်ထားသော ငါးဖယ်အ၀ိုင်းလေးများ ကိုကြော်ပါ။ ငါးဖယ်ကို မီးပူရုံ ဟိုဖက် ဒီဘက်လှန်ပြီးဆယ်ထားပါ။ ငါးဖယ်ကြော်ထားသောဆီဖြင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်ပါ။ နွမ်းလာ ပြီဆိုလျင် ပါးပါးလှီးထားသော ခရမ်းချဉ်သီး ထည့်ပါ။ ငါးဖယ်ကြော်ထည့်ပါ။ ရေနွေးထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ၁၀တောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်လာလျင် နံနံပင်လေးအုပ်ပါ။
Labels:
စားကြမယ်
Sunday, February 13, 2011
ABC Pork Ribs Soup - Singapore Style
ဂျင်း လက်၁ဆစ်အခွံခွာ၊ ကြက်သွန်ဖြူ ၅မွှာလောက်ကို အခွံခွာ၊ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည် အနည်းငယ်ထည့်ပြီး မချက်ခင် ၁ည နှပ်ထားပါတယ်။ ဒယ်အိုး၁လုံးမှာ ရေတ၀က်ထည့်ပြီး ရေပွက်ပွက်ဆူမှ အခွံခွာထားပြီးသား ဂျင်း၊ ကြက်သွန်ဖြူထည့်ပါတယ်။ ၃မိနစ်လောက်ဆိုရင် အနံပျောက်ပါပြီ။ အနံပျောက်လျင် နှပ်ထားသော ၀က်နံရိုးထည့်ပါ။ ပြောင်းဖူး ၂ဖူးကို ၆ပိုင်း ပိုင်းပါတယ်။ အခွံပါချွတ်ပါတယ်။ အားလူး အခွံခွာ၊ ဥနီ အခွံခွာပြီး အားလုံးကို ၁ချိန်ထဲထည့်ပြုတ်ပါတယ်။ ၁နာရီနီးနီးပြုတ်ပါတယ်။ ၀က်နံရိုးနူးအိလျင်ရပါပြီ။
Labels:
စားကြမယ်
Friday, December 24, 2010
သာယာသော ညနေခင်းလေးမှာ
ကျွန်မ Blog လာလည်သူ အားလုံး Christmas ပါ။ Christmas အကြို အတွက် လုပ်စားဖြစ်တာပါ။ Singapore မလာခင် December လရဲ့နောက်ဆုံးရက်မှာ အဖေနဲ့ကော၊ အိမ်သား အားလုံးနဲ့ ကော New Year ကြိုတဲ့ အနေ နဲ့ လုပ်စားဖြစ်ကြပါတယ်။ New Year တောင် မကြိုနိုင်ဘူး။ Barbecue ပုံစံလို လုပ်စားကြတာ။ ည ၇နာရီမှာ စလိုက်တာ ၉ နာရီမထိုးခင် ကုန်သွားရော။ New Year တောင် မရောက်သေးဘူး။ ကျွန်မက အိပ်ပျော်သွားပြီ။ ကျွန်မက New Year, Christmas ဆိုရင် အရမ်းပျော်တယ်။ အဲဒီလိုလုပ်စားလိုက်ရတာကို ပျော်တာ။ လုပ်နည်း ပြောပြမယ်နော်။ လွယ်လွယ်လေးပါ။
အရင်ဆုံး ကြက်သားကို ၂ခြမ်းခြမ်းပါ။ ကျွန်မ ၀ယ်လာတာ ကြက်၁ကောင်လုံး ဒါပေမယ့် ခေါင်း မပါ၊ လည်ပင်းရိုး မပါ၊ ကလီစာ မပါပါ။ ပေါလဲပေါတယ်။ Wet Market ကနေ၀ယ်တာ။ Small Chicken လို့ ပြောပြီးဝယ်လိုက် တာ။ ဘယ်အချိန်ဝယ်ဝယ် 2.20 ပဲပေးရမယ်။ ကြက်သား ခြမ်းပြီးသား ၂ပိုင်းကို ရေဆေး၊ အချို မှုန့်၊ ဆား၊ တရုတ် မဆလာ၊ ဒိန်ချဉ်၊ ထောပတ်၊ ကြက်ကင် ကင်တဲ့အမှုန့် တို့နဲ့နယ်ပါတယ်။ ကြက်ကင် ကင်တဲ့ အမှုန့်က ကုလား ဆိုင်က၀ယ်လာတာ။ 1 ပဲပေးရတယ်။ အများကြီးရတယ်။ Satay Powder လို့ပြောပြီး ၀ယ်လို့ ရပါတယ်။ ၁ည သိပ်ထားပါတယ်။
နောက်နေ့မှာ မုန်လာဥနီ ၁ဥ၊ အခွံနွှာ၊ လေးစိပ် စိပ်ပြီးပြုတ်ပါတယ်။ အားလူး ၂လုံးကိုလည်း အခွံနွှာ၊ လေးစိပ် စိပ် ပြီး ဆားဖြင့်နယ်ပြီးပြုတ်ပါတယ်။ ၂ရည် တည်ပြီးရင် ရပါပြီ။ အားလူးကို ထောပတ်အနည်းငယ်ထည့်၊ ဆား အနည်းငယ်ထည့်ပြီး ငရုတ်ဆုံထဲမှာ ထည့်ထောင်းပါတယ်။ ကြက်သွန်နီဥ ၁လုံးကို အခွံခွာ၊ အကွင်းလိုက်လှီး ထားပါတယ်။ ကြက်သွန်နီ ထိပ်ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါတယ်။ ခရမ်းချဉ်သီး အကွင်းလိုက်လှီးပါတယ်။ ခရမ်းချဉ်သီး ထိပ် ဖက် ၂ခုကို လွှင့်ပစ်လိုက်ပါ တယ်။
အိုး ၁လုံးထဲမှာ ရေထည့်ပြီးတည်ထားပါတယ်။ ရေဆူလာရင် ဘိုစားပဲသီး ၁၀တောင့်ကိုထည့်ပါတယ်။ ၅မိနစ်နေ ရင်ရပါပြီ။ နှပ်ထားကို ကြက်သားကို oven ထဲထည့််ပါတယ်။ မိနစ် ၄၀ထားရင်ရပါပြီ။ ထောပတ်နံ သင်းနေတဲ့ ကြက်သားကင်လေးရပါပြီ။
ပန်းကန်ထဲမှာ ကြက်ကင်၊ ခရမ်းချဉ်သီး အကွင်းလိုက် ၂ခု၊ မုန်လာဥနီ ၂ခု၊ ဘိုစားပဲသီး ၅တောင့်၊ အချဉ်၊ ကြက် သွန်နီ အကွင်းလိုက် ၂ခု၊ Mashed Potatoes။
Could you join?

MERRY CHRISTMAS
Labels:
စားကြမယ်
Friday, December 17, 2010
မိသားစု Hong Kong ခရီးစဉ်
ဒီနေ့ သားသား ၁၀ လပြည့် အမှတ်တရ အနေနဲ့ပါ။
ကျွန်မ ခရီးသွားခြင်းကို အလွန်နှစ်သက်တယ်။ ပျော်တယ်။ မိသားစုချည်းပဲ ခရီးထွက်ရတာ ပိုပျော်တယ်။ ခရီး အသွားချင်ဆုံးနိုင်ငံက Disneyland ရှိတဲ့နိုင်ငံတွေပဲဖြစ်တယ်။ ကျွန်မအကြိုက်ဆုံး Crazy အဖြစ်ဆုံး Mickey-Mouse & Minnie-Mouse ကိုမြင်ရင် အရမ်းပျော်တယ်။ ဒီနှစ်တော့ Hong Kong ကိုခရီးသွားဖြစ် တယ်။ 4 Days and 3 Nights ပေါ့။ Tour Package နဲ့သွားတာပါ။ ကျွန်မတို့ ၂ယောက်ရဲ့ Honeymoon ခရီးလို့ လည်းပြောလို့ရတယ်။ သားသားက ခြွင်းချက် အပိုဆုလေး။

အရင်ဦးဆုံး Passport စစ်တော့ Hong Kong က အနည်းဆုံး Passport သက်တမ်း 6 months ရှိရမယ်ဆိုတော့ သားသားကလွှဲလို့ နှစ်ယောက်လုံးရှိမနေ။ အရင်ဆုံး Passport လုပ်ရတော့တယ်။ November အစမှာ စလုပ်ရ တာပေါ့။ December ကျွန်မမွေးနေ့ အပြီးမှာသွားချင်တော့ 19 November မှာ Passport ရတယ်။ မှတ်မှတ်ရရ သောကြာနေ့လေ။ စာအုပ်ရတော့ PR အတွက် Passport အသစ်ပြောင်းကြောင်း ICA ကို စနေနေ့ မနက်သွား လိုက်တယ်။ သိပ်မကြာပါ။ ၁၀ မိနစ်ပဲကြာတယ်။ EP, S Pass ကတော့ MOM ကိုသွားရပါတယ်။ Sunday ရောက်တော့သွားမယ့် Tour ကိုအရင်ဆုံးရှာတယ်။ Passport စောင့်နေစဉ်မှာ Internet ကနေ Tour အကုန် လိုက်ကြည့်ထားတယ်။ ၁ပတ် ကျော်ကျော်အတွင်းထွက်မှာဆိုတော့ အားလုံးကလူပြည့်နေပြီ။ အဆင်ပြေချင် တော့ Tour ၁ခုသွားတွေ့တယ်။ လိုချင်တဲ့ရက်လည်းရတယ်။ Airline ကလည်း ကိုယ်ကြိုက်တဲ့ Airline၊ ကိုယ် ကြိုက်တဲ့အချိန် ဒါပေမယ့် အသိမိတ်ဆွေတွေက Five Stars နဲ့သွားကြတော့ Golden Miles ကိုသွားစုံစမ်း ရတယ်။ ထွက်ချင်တဲ့ ရက်ရှိ တယ်ဆိုတာနဲ့ ပိုက်ဆံပေးတော့မယ် ဆိုမှ Disneyland ခရီးစဉ်မပါ။ ၁ရက်ကို Hotel ၁ခုပြောင်းရမယ်။ တကယ်သွားချင်တဲ့ Disneyland ခရီးစဉ် မပါဆိုတော့ စိတ်အရမ်းတိုသွားတယ်။ မနက်ဖြန် အကြောင်းပြန်ပါ့မယ်ဆိုပြီး ဆင်ခြေပေးတယ်။ မဖြစ်နိုင်။ အဲဒါနဲ့ Internet မှာရှာထားပြီး phone ဆက်ပြီး Enquiry လုပ်ထားတဲ့ New Shan ကိုပဲသွားဖြစ်တယ်။ ကိုယ်လိုချင်တာနဲ့ကွက်တိပဲ။ ဒါပေမယ့် ၁ယောက်ကို Deposit 300 နဲ့ ၂ယောက်ဆို တော့ 600 ပေးခဲ့ရတယ်။ ကလေး တော့ပေးစရာမလိုဘူး။ ကလေးက 25% လေယာဉ်ဖိုးပေးရတယ်။ ကျန်တဲ့ပိုက်ဆံကိုတော့ Documents အားလုံး စုံမှပေးရမယ်။ ၃ယောက် 2500 ၀န်းကျင်ကျတယ်။ Tour ကိုတော့ပြောထားတယ်။ Hong Kong Visa ကမလျှောက်ရသေး။ Monday မှစ လျှောက်မှာဆိုတော့။ Hong Kong Visa က ၁ယောက်ကို 80 ပေးရတယ်။ လိုတာတွေကအများကြီး။ လက်ရှိ လုပ်နေတဲ့အလုပ်က သိရှိပြီးခွင့်ပြုကြောင်း ဘယ်သူတွေပါမလဲဆိုတာပါ ထည့်ရေးပေးရတယ်။ ၂ယောက်လုံးရဲ့ Bank Statement, Marriage Cert, Birth Cert for child, both IC, both passport copy, PR ဆိုရင် PR card copy ရယ်၊ ဘယ်နှစ်မှာ ကုန်ဆုံးမယ်လို့ရေးထားတဲ့ white paper ပါကူးပေးရပါတယ်။ Friday Night မှာ Visa ရပါတယ်။
Friday မှာပဲ Tour က Documents collect လုပ်လို့ရပြီလို့ Phone ဆက်တော့ Saturday နေ့လည်မှာ သွားယူ ပါတယ်။ ပိုက်ဆံ အကြေချေရပါတယ်။ Meals မပါပါဘူး။ Disney Hollywood Hotel & Park Hotel, Airline က Cathay Pacific ပါ။ Singapore ကနေ မနက်အစောကြီးထွက်ပြီး အပြန် Singapore ကို 11:45 PM မှာ ရောက်ရမှာပါ။ အားလုံး Direct Flight ပါ။ Flight ပေါ်မူတည်ပြီး ဈေးကွာပါတယ်။ ဈေးအကြီးဆုံးက Singapore Airline ပါ။ Dec 2 ~ Dec 5 ပါ။ အားလုံး 27 November မှာ အကုန်ပြီးသွားပါတယ်။ Sunday မှာ ခရီး ထွက်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်ရပါတယ်။ Kiddy Palace မှာ ကလေးအတွက်အနွေးထည်ထူထူ သွားဝယ်ပါ တယ်။ Luggage ပါသွားဝယ်လိုက်တယ်။ Luggage အကြီးကြီးထဲမှာ ၃ယောက်အ၀တ်အစားတွေ ထည့်ပါတယ်။ ကလေးနို့မှုန့်ဗူးက အသစ် ၁ဗူး၊ နို့ဗူးက ၅ဗူး၊ Diapers လိမ်းဆေး၊ Diapers 25 units၊ wet tissues ၁ဗူး၊ ကလေး စားဖို့ cereal ကို ပလပ်စတစ်ဗူးနဲ့ ၅ရက်စာထည့်ပြီးယူသွားတယ်။ မသွားခင် ၄ရက်အလို သားသား ကဖျားလိုက် ပါသေးတယ်။ Virus Fever လို့ ဆရာဝန်ကပြောတယ်။ အပြင်ကကူးလာတာပါ။ ၂ရက်ဖျား၊ ၂ရက်နားပြီး နောက် ၁နေ့ ခရီးထွက်တာပါ။ ကျွန်မမှာ ခရီးစဉ်ပျက်ပြီထင်နေတာ။ ပိုက်ဆံကလည်း အားလုံးပေးပြီး သားလေ။ Hong Kong ပိုက်ဆံကို Singapore မှာလဲသွားတာပိုကောင်းပါတယ်။ ပိုရပါတယ်။ Singapore 1 Dollar က Hong Kong 5.7 ရပါတယ်။ Sing 500 လဲသွားပါတယ်။
Dec 1 ကျွန်မမွေးနေ့။ အိမ်နားက Restaurant မှာပဲမိသားစုစားဖြစ်တော့တယ်။ အပြင်ထွက်ပြီးစားရင်သားသား ပြန်ဖြစ်မှာစိုးရိမ်လို့ပါ။ Dec 1 ညမှပဲ ခရီးထွက်ဖို့ ပြင်ဆင်ရတော့တယ်။
Dec 2 မနက်စောစော ၄နာရီခွဲထပြီး ပြင်ဆင်တယ်။ ၂ယောက်လုံးပြီးမှ သားသားကိုနှိုး၊အကျီလဲပေးပြီး Changi Airport ကို Taxi နဲ့သွားခဲ့ကြတော့တယ်။ Luggage အကြီးကြီး ၁အိတ်၊ သားသားအတွက်က Hand Carry ၁အိတ်၊ Camera ၁အိတ် (မပါမဖြစ်လေ)၊ ကျောပိုးအိတ် ၁လုံး၊ သားသားတွန်းလှည်း၊ စုစုပေါင်း ၅မျိုး။ Terminal 1 မှာပါ။ Check in လုပ်တော့ ကျွန်မက လေယာဉ်စီးရင်မူးပြီး အန်တတ်တော့ window seat တောင်းတော့ မရတာနဲ့ ရရာခုံပဲထိုင်ရတော့တယ်။ အပြန်ကျ Complaint တင်မယ်ဆိုပြီး စိတ်ထဲမှာထားထားလိုက်တော့ တယ်။ သားသားတွန်းလှည်းနဲ့ Luggage အကြီးကြီး ၁အိတ်ကိုပဲတင်ဖြစ်တော့တယ်။ ၁ယောက်ကိုရတာမှ 20 Kg ဆိုတော့အများကြီး မသယ်ဖြစ်ဘူး။ ကလေးက kg မရဘူး။ လေယာဉ်မတက်ခင် စားသောက်ဆိုင်ဝင်ပြီး စားကြ တယ်။ သားသားက အရမ်းပျော်နေတာ။ စားသောက်ဆိုင်မှာစားတိုင်း သားသားကို ကျွေးဖြစ်တယ်။ သားသား ကလည်းစားတယ်။ နို့ဗူးက ၂ဗူး ၁ခါထဲ ဖျောပြီးသား။ ၈နာရီမှ လေယာဉ်ပေါ်တက်ဖြစ်တယ်။ လေယာဉ်က အကြီးကြီး။ အလျားလိုက်က ၉တန်းရှိတယ်။ အလယ်ခုံရတယ်လေ။ အားလုံးအလယ်မှာချည်းပဲ။ လေယာဉ်မှာ ထိုင်လိုက်တယ်ဆိုတာနဲ့ ကလေးအတွက် Diapers က၂ခု၊ ကလေးစားစရာက ၃ဗူး လာပေးပါ တယ်။ လေယာဉ် ထွက်ပြီး အရှိန်စယူမှ ကလေးခါးပတ်လာပတ်ပေးတာ။ သားသားကစထွက်ကတည်းက သူ့ အဖေလက်ပေါ်မှာ တောက်လျောက်အိပ်သွားတာ။
ကျွန်မကသားသားကိုဂရုမစိုက်နိုင်ဘူး။ ကိုယ့်ကိုကိုယ်တောင် မနည်းထိန်းနေရတာ။ လေယာဉ်အရှိန်စယူပြီဆို တာနဲ့ကျွန်မကြောက်ပြီး ခုံကိုင်ထားတော့တာ။ အပေါ် ရောက်ရင် နားထဲကလေထွက်ပြီး မူးလာတယ်။ လေယာဉ် စောင်းရင် အန်တော့တယ်။ ပလပ်စတစ် အိတ်အဆင်သင့်ဆောင်ထားရတယ်။ လေယာဉ်တိမ်တိုက်လဲအန်။ အဲဒီလိုကျွန်မရဲ့ဖြစ်ပုံ။ ၃နာရီကျော်ကျော်၊ ၄နာရီနီးနီးစီးရပါတယ်။ လေယာဉ် ၂နာရီကျော်ကျော်စီးပြီး သားသား နိုးလာတော့ ကလေးစားတဲ့ အစားတ၀က် လောက်ကျွေးဖြစ်တယ်။ ဆင်းခါနီးကျတော့ ပြန်အိပ်ပျော်သွားတယ်။ ၁၂နာရီကျော်ကျော်မှာ Hong Kong ကို ရောက်ပါတယ်။ လေယာဉ်တံခါးပေါက်က အထွက်လေယာဉ်မယ်က ကလေးတွန်းလှည်း အဆင်သင့်ထုတ်ထားပါတယ်ဆိုလို့ ကလေးတွန်းလှည်းက လေယာဉ်တံခါးပေါက်မှာ အသင့် စောင့်ကြိုနေပါတယ်။ အဲဒီလိုမျိုး Service ကိုတော်တော်သဘောကျပါတယ်။ Visa ၀င်တော့ ၂ပတ်ပဲရတယ်။ ယောင်္ကျားက ၁လမရလို့ ပွစိပွစိ လာပြောသေးတယ်။ ကိုယ်လဲ ၁လနေတာမှ မဟုတ် တာထားလိုက်တော့လို့ ပြောလိုက်ပါတယ်။ လာကြိုမယ့် Tour နေရာကို မြေပုံကြည့်ပြီးသွားခဲ့ကြတယ်။ တွေ့ တော့ကိုယ့်လို လိုက်လာ တာထွက်မလာသေးတော့ ခုံမှာစောင့်နေပါဆိုလို့ ၁နာရီ နီးနီးစောင့်ရသေးတယ်။ လေယာဉ်ပေါ်မှာ နို့ဗူးဖျော် မလာခဲ့တော့ နို့ဗူးဖျော်ဖို့အတွက် ရေနွေးလိုက်တောင်းရပါတယ်။ ဆိုင်၁ဆိုင်က မပေးပါဘူး။ နောက်ဆိုင်က ပေး ပါတယ်။ လူစုံတော့ tour ကလာ ခေါ်ပါတယ်။ Disney Hollywood Hotel ကရောက် ရောက်ချင်း ၁ည အိပ်ရမှာပါ။ ၂ကားရောက်လာပါတယ်။ Express လိုကားမျိုးတွေပါ။ Disney သွားတဲ့ ကားက ၁စီး မြို့ထဲသွားမယ့် ကားက ၁စီးပါ။ ကျွန်မတို့က Disney သွားတဲ့ကား ကိုစီးလာခဲ့ပါတယ်။
Disney Hollywood Hotel ကိုရောက်တော့ ၂နာရီထိုးနေပါပြီ။ Check in က ၃နာရီမှဆိုတော့ အခန်းသော့ မရသေးတော့ ရောက်ရှိကြောင်း သတင်းပို့ပြီး အပြင်မှာ ၁နာရီလောက်စောင့်ရပါတယ်။ Check out က 11 AM။ ဓာတ်ပုံရိုက်လိုက်တယ်လေ။ အချိန်ကုန်မခံချင်လို့။ 2:45 မှာ အခန်းသော့ရပါတယ်။ အခန်းနံပါတ်က 3707 ပါ။ သားသားအတွက်ကတော့ ကလေးကုတင်ကို တောင်းရပါတယ်။ ချက်ချင်းလာပို့ပေးပါတယ်။ Disneyland ကို ၀င်ခွင့် ၂ရက် ရပါတယ်။ ကျွန်မက Mickey-Mouse & Minnie-Mouse နဲ့ဓာတ်ပုံရိုက်ချင်တော့ ရောက်ရောက် ချင်းသွားမယ်ဆိုတာ အစကတည်းက စီစဉ်ထားပါတယ်။ သားသားကလည်း အရမ်းပျော်နေတယ်။ နေကလည်း ကောင်းတယ်ဆိုတော့ ကျွန်မတို့၂ယောက်ရေမိုးချိုးပြီးသွားကြမယ်ဆိုပြီး ပြင်ဆင်ကြတယ်။ ကျွန်မအတွက်တော့ Hotel ထဲစ၀င်ကတည်းကကော၊ Disneyland ရောက်ပြီဆိုကတည်းက အရမ်းပျော်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ မြင်မြင်သမျှ Mickey-Mouse & Minnie-Mouse တွေပဲလေ။
Disney Hollywood Hotel ကအခန်းမှာ ပျော်နေတာလေ
၎နာရီလောက်မှာ Disneyland ကိုထွက်ခဲ့ကြတော့တယ်။ Hotel ကစီစဉ်ပေးတဲ့ Shuttle Bus ရှိပါတယ်။ 10 Minutes ၁ကြိမ်လာပါတယ်။ မသွားခင် Hotel အရှေ့ဘက်ခြမ်းကို ဓာတ်ပုံရိုက်ပါတယ်။ Hong Kong Temperature က ရောက်တဲ့နေ့က 18' ပါ။ Disneyland ရောက်ရောက်ခြင်း အ၀င်ဝမှာပဲ Mickey-Mouse & Minnie-Mouse တွေ့လို့ ဓာတ်ပုံရိုက်ဖို့ တန်းစီးရပါတယ်။ ဓာတ်ပုံရိုက်ရဖို့ ၁နာရီနီးနီးစောင့်ရပါတယ်။ ဓာတ်ပုံ ရိုက်ပြီးမှ ထမင်းစားဖို့ စားသောက်ဆိုင်ရှာရပါတယ်။ တွေ့တဲ့စားသောက်ဆိုင်မှာစားတာပါ။ ၂ယောက် မမှာတတ် တော့ ကောက်ညင်းထုတ်နဲ့ အအေးပဲသောက်ပြီး Hotel ကိုပြန်လာခဲ့တယ်။ ရှင်းလိုက်ရတာ ၁၅၀ နီးနီးရှိတယ်။ ည၆နာရီ Hong Kong ကတော်တော်မှောင်တယ်။ Hotel မှာပြန်နားကြတယ်။ Hotel ရောက်တော့ ကျွန်မက ည၀တ်အကျီလည်လိုက်တယ်။ သားသားကတော့ Hotel မှာရှိတဲ့ ကုတင်ကမှန်၊ Hotel မှာရှိတဲ့ လူ၁ရပ် လောက်ရှိတဲ့မှန်နားသွားပြီး သူရုပ်သူကြည့်ပြီးပျော်နေတယ်။ မှန်၁ခုနဲ့ သားသားခမျာ အလုပ်ရှုပ်နေပါ တော့ တယ်။
သားသားကို ည၀တ်အကျီပါလည်ပေးလိုက်တယ်။ ကျွန်မက ခုနစားခဲ့တာမ၀တော့ Hotel မှာရှိတာ ဈေးကြီး ရင်ကြီး ပစေဆိုပြီး အောက်ကို စုံစမ်းဖို့ထပ်ဆင်းလာတယ်။ Tour က မနက်ဖြန်ည လာကြိုမယ့် အချိန်ကို Reception ကိုပြောထားမယ်ဆိုလို့ သွားစုံစမ်းတယ်။ ပြီးတော့ Hotel က Store ဆိုင်ကိုလည်း စိတ်ဝင်စားတယ်။ Mickey-Mouse, Minnie-Mouse အစုံရောင်းတာလေ။ Hotel မှာ စားသောက်ဆိုင် ဘယ်နားမှာ ဆိုတာမေး တော့ စားပွဲ ကြည့်တော့ ၁ယောက်စာများတော့မကုန်မှာဆိုလို့ Take Away လုပ်ပြီး အခန်းထဲမှာစားမယ် ဆိုပြီး ယူလာခဲ့တယ်။ 75 ပဲပေးရတယ်။ ခုနစားခဲ့တဲ့ဆိုင်ထက် ပိုတောင်တန်သေး။ အများကြီးရတယ်။ အခန်းပြန် တက်တဲ့ Lift အ၀မှာ Donald Duck တွေ့လို့သားသားနဲ့ယောင်္ကျားကိုစောင့်ခိုင်းပြီး Camera ပြေးယူရပါတယ်။ သားသားက Donald Duck ကိုကိုင်ကြည့်ပြီး သဘောကျလို့။ ဓာတ်ပုံရိုက်ပေးတဲ့သူက ရိုက်ပေးတာ မတော်တော့တုန်နေတယ်။ မိသားစုပုံလေးက ကောင်းသွားလို့ တော်သေးတာပေါ့။ အခန်းထဲမှာ ညစားပြန်စားပြီး ဘယ်အချိန်တံခါး ပေါက်မှာ စာလေး ၁စောင် ချသွားမှန်းမသိ။ Tour က မနက်ဖြန် 8 PM Hotel မှာလာခေါ်ပြီး Park Hotel ကိုပို့ပေးမည်ဆိုတဲ့ အကြောင်းကြားစာလေ။
Disneyland က 10 AM မှဖွင့်မှာဆိုတော့ 9 AM Check Out လုပ်ရင် အဆင်ပြေပြီဆိုပြီး အစီအစဉ်ဆွဲပါတယ်။ သားသားကိုလည်း မအိပ်ခင် နေကောင်းရဲ့လားဆိုတာ ပုံမှန်စစ်ရပါတယ်။ အားဆေးက အိပ်ခါနီးတိုက်ပါတယ်။ ကျွန်မမအိပ်ခင်မှာ သားသားနို့ဗူးအားလုံးကို ရေပူနဲ့ ဆေးပါတယ်။ အားလုံးကစိုးရိမ်တာ သားသားကိုပါ။ တကယ်ဖြစ်သွားတာ ကျွန်မပါ။ Hong Kong စရောက်ကတည်းက နှာရည်ကျနေတာတောက် လျှောက်ပါ။ သားသားကိုကြမ်းပြင်မှာပဲ မှို့ရာချပြီး သိပ်ဖြစ်ပါတယ်။ ကျွန်မလည်း အောက်မှာ အိပ်ပေါ့။ ကျွန်မရဲ့ အကျင့်က အိပ်ရာပြောင်းရင် အိပ်မရတာပါပဲ။ အိပ်ရေးပျက်ခဲ့ရတာပေါ့။ ၃နာရီလောက်ပဲ အိပ်ခဲ့ရတယ်။
နောက်၁နေ့ မနက် ၇နာရီထိုးတော့ ကျွန်မ အရင်ဆုံးနိုးနေခဲ့ပါတယ်။ ရေနွေးကျို၊ ကော်ဖီဖျော် ပြီးတော့ ယောင်္ကျားကို နှိုးပြီး သားသားရေချိုးဖို့ ရေခံရတယ်။ သားသားကို မနည်းနိုးယူရတယ်။ Air con ပိတ်အိပ်တာ။ အရမ်းချမ်းတယ်။ သားသားကို ခြေကော လက်ကော လုံတဲ့ အကျီပေးဝတ်ထားပြီး အနွေးထည်ပါပေးဝတ်ထား တာ။ စောင်ပါထပ်ခြုံပေးထားသေးတာလေ။ သားသားက နွေးပြီး အိပ်ကောင်းနေတယ်။ သားသားကိုရေမိုးချိုးပြီး အစာကျွေးပါတယ်။ နို့တိုက်ပါတယ်။ သားသားပစ္စည်းကို မမေ့အောင် ယူသွားမယ့် ကျောပိုးအိတ်ထဲ ထည့်ရ ပါတယ်။ နို့မှုန့်ဘူးက ၁ဗူးလုံး၊ နို့ဗူးက ၅ဗူးမှာ ၁ဗူးပဲဖျော်ထားတာ။ နို့ချဉ်မှာ စိုးရိမ်လို့။ ဒီကြားထဲ ကလေးစားမယ့် အစာဗူးပါ ၁ဗူးထည့်လိုက်သေးတယ်။ ရေနွေးဓာတ်ဘူး ၁ဗူး။ Diapers ၅ခု။ Wet Tissues ၁ထုတ်၊ ကလေး အခင်း၊ စဉ်းစားကြည့်တော့ ကျောပိုးအိတ်ဘယ်လောက်လေးမလဲဆိုတာ။ ပြင်ဆင်နေချိန် ယောင်္ကျားက ရေချိုးပါ တယ်။ Check Out လုပ်ဖို့အတွက် ပစ္စည်းပါထည့်ရသေးတယ်။ ကျွန်မကနောက်ဆုံးမှ ရေချိုးတာ။ ကျွန်မပြင်ပြီး တာနဲ့ သေချာပြန်စစ်ပြီး မနက် ၉နာရီမှာ ၁ခါထဲထွက်ခဲ့ပါတယ်။ Hotel မှာ Check out လုပ်ပြီး အိတ်တွေကို အပ်ထားခဲ့ပါတယ်။ 8 PM မှ လာရွေးယူမယ်ဆိုတာပါပြောခဲ့ပါတယ်။
မနေ့က Hotel ရှေ့ခြမ်းကို ဓာတ်ပုံရိုက်ပြီးလို့ အနောက်ဘက်ခြမ်းမှာ ဓာတ်ပုံရိုက်ကြပါတယ်။ 9:30 AM လောက် မှာ Disneyland ကို Shuttle Bus စီးပြီးထွက်ခဲ့ပါတယ်။ နီးနီးလေးပါ။ 5 Minutes အတွင်းရောက်ပါ တယ်။ ကျွန်မက ကလေးတွန်းလှည်းရယ်၊ ကျောပိုးအိတ်ရယ် သယ်ရပါတယ်။ ယောင်္ကျားက သားသားကို ချီပါ တယ်။ ရောက်တာနဲ့ ရှူခင်းကောင်းတဲ့နေရာတွေဆို မိသားစု ဓာတ်ပုံရိုက်ရပါတယ်။ တွေ့တဲ့သူကို အကူအညီ တောင်းရတာပေါ့။ အကုအညီမတောင်းလို့လဲ မရဘူးလေ။ ဒီ၁ကြိမ်ပဲ အခွင့်အရေးကရှိတာဆိုတော့။ အရင်ဦးဆုံး ၀င်လိုက်တာနဲ့ Main Street, USA ကိုရောက်တယ်။ ဒီနေရာက Disney Characters တွေနဲ့ ဓာတ်ပုံရိုက်ရတဲ့ နေရာ။ စောသေးတော့ ဘာမှမတွေ့။ Mickey-Mouse & Minnie-Mouse တော့တွေ့တယ်။ မနေ့ကရိုက်ပြီးပြီ ဆိုတော့ ၁ခြားအကောင်လေးတွေနဲ့ပဲရိုက်ချင်တော့တယ်။ အဲဒါနဲ့ဆက်လျှောက်လာတော့ Tomorrow Land ရောက်တယ်။ ခဏနားပြီး ဓာတ်ပုံရိုက်တယ်။ မနက်စာအနေနဲ့ Pop corn ၀ယ်စားလိုက်တယ်။ 80 ပေးရတယ်။ Mickey-Mouse အရုပ်ထဲမှာ ထည့်ထားတာ။ အရုပ်လဲရ၊ စားလည်းစားရတယ်လေ။
ကျွန်မက Mickey-Mouse & Minnie-Mouse တောထဲရောက်နေရင် စိတ်ကအလိုလိုနေရင်ပျော်နေတာ။ ကျွန်မကို ဖေဖေကတောင် ပျော်ဖူးတယ်။ Walt-Disney ကလူသေလို့ဝင်စားတာလား မသိဘူးတဲ့လေ။ ဘယ်သူ မှမသင်ပေးရပဲနဲ့ ငယ်ငယ်ကတည်းက Mickey-Mouse & Minnie-Mouse ကိုကျွမ်းကျင်တဲ့သူဆွဲနိုင် သလောက်ကိုဆွဲနိုင်တာ။ ကျွန်မဆွဲထားတာကို နောက်မှတင်ပြီးပြဦးမယ်။
၈တန်းဖြေအပြီးကိုယ်ပိုင်ဆွဲထားတဲ့ Mickey-Mouse & Minnie-Mouse ကာတွန်းတောင်ရှိတယ်။ စီးလို့ရတဲ့ ဟာတွေလည်း ဘာတွေရှိမှန်းတောင် မသိဘူး။ ကျွန်မကကြောက်တတ်တော့မစီးရဲဘူး။ ယောင်္ကျားက စီးရဲပေ မယ့်၁ယောက်ထဲစီးရမှာမို့ ပျင်းပြီးမစီး ဖြစ်၊ Tomorrow Land ပြီးတော့ Fantasy Land ရောက်ခဲ့ကြတယ်။ Fantasy Garden မှာ Disney Characters နဲ့ဓာတ်ပုံတွဲရိုက်လို့ရတယ်ဆိုတော့ စုံစမ်းကြည့်တော့ ၁၂မှရောက် မှာဆိုတော့ ထမင်းစားပြီး တန်း စီးရင် အတော်ပါပဲ။ အနားမှာရှိတဲ့ ရှူခင်းတွေကိုပဲ ဓာတ်ပုံရိုက်ဖြစ်တော့တယ်။ ရိုက်နေစဉ် Snow White, Beauty & the Beast, Cindrella and Sleeping Beauty တွေ့တော့ ရိုက်ဖြစ်တယ်။ သားသားက ကောင်မလေး ချောချောလေးတွေဆိုငေးကြည့်တာပေါ့။ Lego အရုပ်ထဲက သစ်သားရုပ်လေးတွေနဲ့ လည်းရိုက်ဖြစ်တယ်။
Hong Kong မှာရှိတဲ့ Christmas အထိမ်းအမှတ် အကောင်လေး တွေနဲ့ရိုက်ဖြစ်တယ်။ အားလုံးဓာတ်ပုံ ရိုက်ပြီး တော့ထမင်းစားဖို့ ပြင်ဆင်ရတယ်။ Snacks ပဲဝယ်စားဖြစ်တယ်။ လောလောဆယ် ဒါပဲတွေ့ထားတော့လေ။ သားသားကို ကြက်တောင်ပံကြော် ကျွေးဖြစ်တယ်။ သားသားက အမေစားရင် သူပါစားရမှ ဆိုတော့ အဆင်ပြေ တယ်။ စားပြီးတော့ အနီးအနားမှာ Toy Story ထဲက Buzz နဲ့ ဓာတ်ပုံရိုက်ဖို့တန်းစီးနေတာတွေ့တော့ရိုက်ဖြစ် လိုက်သေးတယ်။ အနားရောက်မှ သားသားက အီးအီးပါလိုက်သေးတယ်။ ဓာတ်ပုံရိုက်ပေးပြီးမှ ၂ယောက်သား Diapers လဲပေးရတော့တယ်။ အခင်းခင်းပြီး ဒီအတိုင်းပဲ လဲပေးလိုက်တော့တယ်။ ၁ယောက်ထဲလဲပေးရင် ကျွန်မ လည်းမနိုင်ဘူး။
Mickey-Mouse ဦးထုတ်လေးနဲ့ပဲပေးနေတာလေ
ပြီးတော့ Main Street, USA ကို ၁ခါပြန်လျှောက်ပြီးနားနေလိုက်တယ်။ နားနေတုန်း သားသားအတွက်နို့ဗူး ဖျော်ပြီး နို့တိုက်ပါတယ်။ သားသားအတွက် ကလေး Mickey-Mouse မျက်မှန်လေးဝယ်ဖြစ်လိုက်တယ်။ သားသားနို့ဗူးဝမှပဲ Fantasy Garden ကိုချီတက်လာခဲ့ကြတယ်။ အရင်ဦးဆုံး Pluto, Goofy, Tiger, Minnie, Mickey တို့နဲ့ရိုက်ဖြစ်တယ်။ Pooh ကတွေ့ပြီး ပိတ်သွားပြီဆိုလို့ ၄နာရီမှ ပြန်လာခိုင်းတယ်။ Pooh နဲ့ရိုက်ဖို့ အတွက်အချိန်စောင့်ရတာပေါ့။ အနီးအနားမှာရှိတဲ့ဆိုင်ကလေ Mickey-Mouse အကျီမိသားစု ဆင်တူဝယ်ဖြစ် တယ်။ ကျွန်မအတွက် Mickey-Mouse Hand Bag, ရင်ထိုး၊ သားသားအတွက်က အကျီ ၂ထည်၊ ကား၁စီး၊ Mickey-Mouse ဦးထုတ် ၁လုံးဝယ်ဖြစ်တယ်။ ၀ယ်ပြီးနားနေတုန်း ညနေစာစားဖို့ ထမင်းဆိုင်တွေ့တယ်။ ၄နာရီ ထိုးခါနီး Pooh နဲ့ရိုက်ဖို့အတွက် တန်းစီးလိုက်တယ်။ ပြီးတော့ ကျန်နေသေးတဲ့ နောက်ဆုံးနေရာ ဖြစ်တဲ့ Adventure Land ကို ခရီးဆက်ခဲ့တော့တယ်။ စိတ်အ၀င်စားစရာတော့ကောင်းတယ်။ သည်းထိတ်ရင်ဖိုဖြစ် အောင်လုပ်ထားတယ်။ လှေစီးရင် အနားရောက်မှ မီးထပေါက်၊ ရေတွေလျှံကျနေတဲ့ ပုံစံမျိုးလုပ်ထားတာ ဖြစ်တယ်။ 3D, 4D စိတ်ဝင်စားပေမယ့် မကြည့်ခဲ့ရ။ ကိုယ်ကြောင့် သူ၁ပါးစိတ်အနှောင့်ယှက်ဖြစ်မှာ စိုးရိမ်လို့ မကြည့်ခဲ့ပါ။ Chip & Dale က ၅နာရီလာမယ်ဆိုလို့ ဓာတ်ပုံရိုက်ဖို့တန်းစီရတယ်။ အားလုံးပြီးတော့ ထမင်းစားတဲ့ နေရာကို ချီတက်ခဲ့တယ်။ ၂ယောက်စာကို ၁၄၀ ၀န်းကျင်ကျတယ်။ စားပြီးတော့ ကလေး နို့ဗူးဖျော်ပြီး ခဏနား တယ်။ ၇နာရီကျော်ကျော်လောက် Hotel ကိုပြန်လာခဲ့တော့တယ်။ အိတ်ရွေးပြီး လာကြိုမယ့်ကားကို စောင့်နေ ပါတယ်။ ၈နာရီထိုးခါနီးမှာ ကြိုမယ့် ကားရောက်လာပါတယ်။
ကောင်မလေးချောချောလေးတွေမြင်ရင်ဂိုက်ပေးဦးမှ (Minnie-Mouse မျက်မှန်လေးနဲ့စမ်းတပ်ကြည့်တာ)
Park Hotel ရောက်တော့ Check In လုပ်ရပါတယ်။ Deposit 600 ပေးရပါတယ်။ Deposit ပေးလိုက်ရတော့ နောက်ထပ်သုံးစရာပိုက်ဆံလိုလို့ Sing 100 ရောင်းရပါတယ်။ အိပ်ထားပြီး အောက်ဆင်းပြီး လျှောက်ကြည့်ဖို့ ပြင်ဆင်ရတယ်။ သားသားက Hotel ရောက်ပြီဆိုတာနဲ့ ဆော့တော့တာ။ အငြိမ်မနေဘူး။ မှန်မြင်ရင် သဘောကျ နေတာ။ Tour ကပြောတယ်။ City Tour လိုက်ရင် မနက်ဖြန် 7:55 AM လာခေါ်မယ်ဆိုတော့ လိုက်ရတာ ပေါ့လေ။ Hotel အနီးတ၀ိုက်အောက်ဆင်းပြီး ဟိုနားဒီနားလျှောက်ကြည့်တယ်။ Dim Sum ၃ပွဲဝယ်လာပြီး စား ကြတယ်။ ပြန်ရောက်တော့ အိပ်ဖို့ပြင်ဆင်ရတယ်။ ဒီ၁ခါသားသားကို ကလေးကုတင်မှာ သိပ်ဖြစ်တယ်။ ကျွန်မ လည်း အရင်နေ့ကထက်ပိုအိပ်ဖြစ်တယ်။ 6 AM မှာ နိုးပြီး အရင်ဆုံးပြင်ဆင်ပြီးမှ သားသားကို နိုးရပါတယ်။ အတော်နိုးယူရတယ်။ သားသားက အအေးအရမ်းကြိုက်တယ်။ 7:40 မှာ Hotel Reception မှာစောင့်နေလိုက် ပါတယ်။ 8 AM မထိုးခင်မှာ လာကြိုပါတယ်။ Hotel မှာတည်းတဲ့သူအားလုံးကို လိုက်ခေါ်ပါတယ်။ ၁ဖွဲ့နဲ့ ၁ဖွဲ့ တည်းတဲ့ Hotel မတူပါဘူး။ Dim Sum စားမယ်။ စားမလားမေးပါတယ်။ ၁ယောက် ၅၀ ဆိုတာနဲ့ စားဖြစ်ပါ တယ်။ ၈မျိုးလောက်စားရပါတယ်။ သားသားကိုလည်းကျွေးဖြစ်တယ်။ စားပြီးတော့ Golden Bauhinia Square သွားကြပါတယ်။ အဆောက်အအုံပြင်ဆင်နေလို့ အရှေ့ဘက်ခြမ်းပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ Aberdeen Fishing Village သွားခဲ့ပါတယ်။ စက်လှေစီးပြီးလျှောက်ကြည့်ရတာ။ ကျွန်မက စက်လှေမူးလိုက်သေးတယ်။ အကျီရွေးနေတဲ့အချိန်လှေကလှိုင်းကြောင့်လှုပ်နေလို့ မူးသွားတာ။ သားသားကပျော်ပျော်ပဲ။ အကျီ ၄ထည်မှ ၁၀၀ဆိုလို့ဝယ်လိုက်တာ။ အိမ်မှာနေရင်းဝတ်လို့ရတယ်လေ။ စက်လှေမောင်းတဲ့ အဖွားက သားသားကို ချစ်လို့ ဆိုပြီး သူရောင်းတဲ့အထဲကနေ Kitty အရုပ်လေး ၁ရုပ် လက်ဆောင်ရခဲ့တယ်။
ပြီးတော့ Repulse Bay သွားကြတယ်။ ကမ်းခြေပါ။ ဓာတ်ပုံရိုက်၊ စားသောက်ဖို့ပါ။ ပို့ပေးတဲ့ Tour က Ocean Park သွားချင်လား သွားချင်ရင် 340 ၁ယောက်ကို ထပ်ပေးရမယ်ဆိုလို့ ၂ယောက်စလုံးသွားမယ်ဆိုတာနဲ့ ၂ယောက်စာပေးလိုက်ပါတယ်။ Tour Guide က ၁နေ့ကို 50 ပေးရတယ်။ ၂ရက်ခ 100 အပါအ၀င်ပေါ့။ Ocean Park က Package ထဲမပါဘူး။ ဒါကြောင့် ပိုက်ဆံ ထပ်ပေးရတာ။ Shopping မသွားပဲ Ocean Park ကိုရွေးလိုက် တာ။ Hong Kong နောက်၁ခါရောက်ဖို့ကမလွယ်ဘူးလေ။ နောက်ဆုံးအနေနဲ့ Jewellery Factory ပို့ပေးပါ တယ်။
အဲဒီမှာ ရှင်းပြတဲ့ Factory Head ခေါ်မလားပဲ သူမေးတာကို ကျွန်မက အရင်ဆုံးဖြေနိုင်လို့ ခရမ်းစွဲကျောက် ၁လုံး လက်ဆောင်ရ ပါတယ်။ သူမေးတာ လွယ်ပါတယ်။ ဒီနှစ်က ဘာအကောင်လဲ။ ကျွန်မက ကျားနှစ် လို့ဖြေလိုက်လို့ရတာပါ။ ရတော့ လောကဒ့်လုပ်ပြီးသားလိုချင်ရင် 150 ပေးရမယ်ဆိုတာနဲ့ ပေးလိုက်တော့တယ်။ ကျွန်မတို့ကို Ocean Park ပို့ပေးပါတယ်။ 5:30 PM လာကြိုမယ့်နေရာ မြေပုံဆွဲပေးလိုက်တယ်။ Ocean Park ရောက်တော့ ၁နာရီခွဲ ခါနီးနေပြီ။ ရှူခင်းလှရင် ဓာတ်ပုံရိုက်ပြီးတော့ နောက် ၁နေရာကိုသွားခဲ့တယ်။ Ocean Park က ၂နေရာရှိတယ်။ လာကြိုမယ့်နေရာက နောက်၁နေရာ အဲဒီနေရာကို Cable Car နဲ့သွားရတာ။ Cable Car စီးရတာ အသည်းတုန် ရင်တုန် ကြောက်စရာ အရမ်းကောင်းတာ။ ချောက်တွေဖြတ်ရတာ တော်တော် မြင့်တယ်။ Sentosa က Cable Car ထက်အမြင့်က ၃ဆလောက်ရှိမလားမသိဘူး။ ဘုရားစာပဲစိတ်ထဲ ကရွတ် နေတာ။ အဲဒီလောက်ထိကြောက်တာ။ ရွေးချယ်စရာလမ်းက မရှိဘူးလေ။ Dolphin Show ကြည့်တယ်။ ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက် ပြီးတော့ပြန်ဆင်းလာတယ်။ 5:30 PM Hotel အသီးသီး ပြန်ပို့ပေးတယ်။ Hotel ပြန်ရောက်တော့ ခဏနားပြီး အောက်ကို ထမင်းစားဖို့ဆင်းလာတော့တယ်။ Hotel နဲ့အနီးဆုံးဆိုင်မှာပဲစားဖြစ် တယ်။ တော်တော်ကိုဈေးကြီး တယ်။ Package ထဲကအစီအစဉ်ပြီးပြီ။
မနက်ဖြန်က ကျွန်မတို့စီစဉ်ခဲ့တဲ့အတိုင်း Giant Buddha သွားဖို့ပဲကျန်တယ်။ Big Buddha လို့လဲခေါ်တယ်။ 9:30 AM ၁ခါထဲ Check Out လုပ်ပြီး ထွက်မယ်ဆိုပြီး အစီအစဉ်ဆွဲတယ်။ သားသားနှင့်ကျွန်မအတူတူနိုးတယ်။ သားသားကိုရေမိုးချိုးပေးဖို့ပြင်ဆင်တယ်။ သားသားပြီးတော့ ကျွန်မရေမိုးချိုး၊ ပြီးမှ ယောင်္ကျားချိုးပါတယ်။ အားလုံးသိမ်းဆည်းပြီး 9:30 လောက်မှ Check out လုပ်ပြီး Deposit 600 ပြန်ရပါတယ်။ အိတ်အပ်ထားပြီး လမ်းလျှောက် MTR စီးဖို့ထွက်ခဲ့ကြပါတယ်။ လမ်းမှာ Mc Donald တွေ့လို့ မနက်စာ ၀င်စားပါတယ်။ Cable Car ဆီရောက်တော့ ၁၁နာရီကျော်ပါပြီ။ လက်မှတ်အတွက်တန်းစီရပါတယ်။ Cable Car ပေါ်ကိုတက်တော့ ၁နာရီ ကျော်နေပါပြီ။ Cable Car က ၂မျိုးရှိတယ်။ Standard & Crystal။ ဘာကွာလဲဆိုတော့ Crystal က အောက်ကို ပါမြင်ရတယ်။ Standard ကမမြင်ရဘူး။ ကျွန်မက Standard လိုချင်ပေမယ့် 45 Minutes စောင့်ရမယ်ဆိုလို့ Crystal ပဲယူခဲ့ရတယ်။ ဈေးကလည်း အတော်ကွာပါတယ်။ Cable Car စီးဖို့ Ticket ကို online က၀ယ်လို့ရ တယ်ဆိုတာ စောစောစီးစီးမသိခဲ့ပါ။ အတော့်ကို နောက်ကျနေပါပြီ။ ကျွန်မတို့က Hotel ကို 4:30 PM ပြန် ရောက်ရမှာ။ Cable Car စီးချိန်က 25 Minutes ပါ။ ဘုရားကြီးဆီရောက်တော့ ၂နာရီထိုးနေပြီ။ ဘုရားကြီး ဆီရောက်အောင် Cable Car ကနေ 15 Minutes လမ်းလျှောက်ရသေးတယ်။ ဘုရားကြီး အပေါ်တက် ဖူးမယ်ဆိုရင် ဘယ်လိုမှမမှီနိုင်။ ဘုရားကြီးအောက်ကနေ ကန်တော့ပြီးနောက်ကြောင်း ပြန်လှည့်ခဲ့ရတော့တယ်။ တိုက်ဆိုင် စွာရေစက်လို့ပဲပြောရမလား။ Singapore မှာနေတဲ့ အသိမိတ်ဆွေဖြစ်တဲ့ မိသားစု အားလုံးကို မချိန်းပဲ ဘုရား ခြေရင်းမှာတွေ့ခဲ့တယ်။ ကျွန်မကို နားဖောက်ပေးခဲ့တဲ့ ဆရာဝန် မိသားစုပါ။ အမျိုးနီးပါး အရမ်းရင်းနှီးပါတယ်။ အချိန်မမှီမှာစိုးလို့ဘုရားနားမှာတွေ့တဲ့ Sausage ပဲကိုက်စားပြီး ပြန်ခဲ့တယ်။ Hotel နားရောက်တဲ့လမ်းနား ရောက်မှပဲကျွန်မမှာ သက်ပြင်း ချနိုင်တော့တယ်။
Crystal Cabin အောက်ကိုဒီလိုမြင်ရတယ်။ သားသားခြေထောက်ကလေးပါ
ဗယ်ဘက်တောင့်က Hong Kong Airport
Giant Buddha အပြန်လမ်းခရီး
Giant buddha
မနေ့ကစားတဲ့ဆိုင်မှာပဲမှာစားကြတယ်။ ကျွန်မက ကြက်ကင်မှာ စားတယ်။ ကျွန်မမှာ အဲဒီနေ့ အစားအသောက် ကံဆိုးတဲ့နေ့လို့ပြောရမလားမသိဘူး။ ယောင်္ကျားသာစားပြီးသွားလို့ 15 Minutes ကြာသွားတယ်။ ကျွန်မဟာ လုံးဝ ရောက်မလာခဲ့။ ကျန်တဲ့သူတွေလည်းမရလို့ complaint တက်ပြီး မစားပဲပြန်ခဲ့တယ်။ အချိန်ကလည်း 4:30 PM တော့မယ်။ Bubble Milk Tea ၁ခွက် ၀ယ်သောက်လိုက်တယ်။ ကားက 5 PM မှာရောက်လာပြီး ၁ဖွဲ့ချင်းဆီကို Hotel အသီးသီးမှာကြိုပြီး airport မှာချထားပေးခဲ့တယ်။ ကျွန်မက airport ရောက်မှပဲ စားမယ်ပေါ့။ Airport ရောက်ပြီး Check In လုပ်တော့ window seat ရအောင်တောင်းတယ်။ ဖြစ်ချင်တော့ ထိုင်ခုံကွဲပြီးထိုင်ရမယ်။ ပိုဆိုးတော့တယ်။ ကျွန်မက မရ။ Complaint တင်တယ်။ ရအောင်လုပ်ပေးပေါ့။ Window Seat မရလဲ နေပစေ ပေါ့။ Check In Counter မှာတင် နာရီဝက်ကြာတယ်။ Boarding Pass ပေးလိုက်တယ်။ ၂စောင်။ သတိမထား မိလိုက်ဘူး။ သားသားကို Diapers လဲပေးပြီး Immigration ဖြတ်တော့ ၀င်မရ။ သားသား အတွက် Boarding Pass မရှိ။ ပြန်သွားပြီး request လုပ်ရတော့ သူဆီမှာ သူကမေ့ပြီး ကျန်ခဲ့တာ။ တော်သေး။ Immigration ၀င်ဖို့ထပ်တန်းစီးရတယ်။
သားသားက ထူးဆန်းစွာ တာ့တာ လိုက်ပြ နေတယ်။ တွေ့တဲ့မြင်တဲ့သူတိုင်းကိုလေ။ သားသား Hong Kong မှာ ဘယ်သူ့ကိုလိုက်ကြည့်ပြီးတတ်လာလဲမသိဘူး။ တာ့တာပြတတ်လာတယ်။ လျှာထုတ်ပြီးပြောင်ပြတယ်။ လက်ခုပ် တီးတတ်လာတယ်။ ထိုင်ခုံကွဲနေလို့ကျွန်မ တော်တော် စိတ်ညစ်တာ။ အစားစားချင် စိတ်တောင် ပျောက်သွား တယ်။ လေယာဉ်ပေါ်မတက်ခင် အချိန်မှာ Complaint တင်လိုက်တယ်။ ထိုင်ခုံကွဲနေကြောင်း။ ကလေးနဲ့ ဆိုတော့ ထိုင်ခုံကွဲလို့မဖြစ်၊ ကျွန်မက လေယာဉ်မူး တက်ကြောင်း ပြောပြတော့ Customer စိတ်ကျေနပ်တဲ့ အထိဖြေရှင်းပေးပါတယ်။ လေယာဉ်ပေါ် မတက်ပဲ ထိုင်ခုံပြောင်းပေးဖို့လုပ်ပေးပါတယ်။ ထိုင်ခုံရတော့မှ ခေါ်ပြီး ၀င်ထိုင်တော့ ကျွန်မကြိုက်တဲ့နေရာလည်း ဖြစ်နေတယ်။ အတူတူလည်းထိုင်ရတယ်။ ထိုင်ပြီးပြီဆိုတာနဲ့ ကလေးအတွက်စားစရာ၊ Tissue ဗူး၊ Diapers လာပေးထားတယ်။ အပြန်ကအဆိုးဆုံးပဲ။ ကျွန်မ လေယာဉ် မူးတာတောက်လျှောက်။ စားဖို့ကံကလည်း လုံးဝမကောင်း။ 10:30 PM မှ စားရတာ။ မနက်ည ပေါင်းစားရတာ။ စားရတော့လည်းကြည့်။ ကျွန်မမှာထားတာ မှာတော့မယ့်အချိန်ရောက်မှကုန်သွားတယ်။ 5 Minutes နေအပြီး ရောက်လာတော့ ဘယ်သူမှာထားမှန်းမသိတော့။ ကျွန်မမှာ ကိုယ်မှာထားကြောင်း ဆာလှပြီ ဖြစ်ကြောင်းပြောယူ ရတော့တယ်။ ကျွန်မဒီနေ့ အစားအသောက်နဲ့ ပတ်သက်ပြီး ကံမကောင်းပါလား။
Pulau Ubin နားရောက်ခါနီးလေယာဉ်ကမှတ်မှတ်ရရ၃ကြိမ်ကွေ့လိုက်တယ်။ စားထားသမျှဘာမှမရှိတော့။ အကုန်ထိုးအန်တော့တယ်။ သားသားကောဆိုရင် အပြန်လေယာဉ်ထွက်ကတည်းက အိပ်လာလိုက်တာ လေယာဉ်ဆင်းမှနိုးတယ်။ လေယာဉ်က 11:45 PM ဆိုက်တယ်။ စိတ်ရှုပ်ရှုပ်နဲ့ လေယာဉ်လက်မှတ်ထားခဲ့လိုက် တယ်။ လေယာဉ်အ၀င်ဝမှာ ကလေးတွန်းလှည်းပါမလာ။ ခရီးသည် အားလုံးကုန်တဲ့အချိန်ထိ ရောက်မလာ။ နောက်ဆုံး Immigration ၀င်ဖို့တာဝန်ရှိသူတွေနဲ့ သွားခဲ့တယ်။ Lost & Found Report တင်ပေါ့။ လေယာဉ် လက်မှတ်ကောဆိုတော့ထိုင်ခုံမှာကျန်ခဲ့တယ်ဆိုတာနဲ့ တာဝန်ရှိသူနဲ့ အတူသွားပြီး ထိုင်ခုံမှာ သွားပြန်ယူရတယ်။ အဲဒီမှာတင် နာရီဝက်ကျော်လောက်ကြာသွားတယ်။ ကျွန်မစိတ်ထဲမှာ တော်တော်နှမြောတယ်။ အကြမ်းပတမ်း တော်တော်ခံတယ်လေ။ ဘာ၁ခုမှမပျက်သေး။ လေယာဉ်က လျော်ကြေးတော့ပေးမှာပေါ့ဆိုပြီး စိတ်ထဲတွေးရ တယ်။ Immigration နားရောက်တော့ ဘယ်သူမှမရှိ။ Officer ကတောင်မေးယူရတယ်။ ဘယ်ကပြန်လာတာ လဲဆိုတာ။ Hong Kong ကလို့ပြောပြီး ကလေးတွန်းလှည်း ပျောက်နေလို့ကြာနေတာဆိုပြီး။ ယောင်္ကျားကို တာဝန်ရှိသူတွေနဲ့ထားခဲ့ပြီး အိတ်သွားရွေးဖို့စောင့်နေစဉ် ယောင်္ကျားဆီက Phone ၀င်လာပြီး ကလေးတွန်း လှည်းရပြီလို့အကြောင်းကြားလို့ အဲဒီတော့မှပဲသက်ပြင်းချနိုင်တော့တယ်။
အသစ်ရမှာထက် အဟောင်းက အရမ်းကောင်းလို့ နှမြောတယ်။ Airline တွေက အပြိုင်အဆိုင် လုပ်နေကျတော့ Customer စိတ်ကျေနပ်တဲ့အထိ ဖြေရှင်းပေးနိုင်တဲ့ ၀န်ဆောင်မှုကို တော်တော်သဘောကျပါတယ်။ အိတ်ရွေး ပြီးတော့ Terminal 1 ဆိုတော့ ထုံးစံအတိုင်း Taxi Q ကအရမ်းရှည်တယ်။ Deposit 600 ရလာတာ ပြန်ရောင်း လိုက်တော့ Sing Dollar 150 ကျော်ရတယ်။ မစီးချင်သော Taxi စီးပြီးပြန်လာခဲ့တော့ တယ်။
အိမ်ပြန်ရောက်တော့ သားသားက အိပ်ရေးဝပြီး ဆော့နေလို့ ပြန်အိပ်အောင် မနည်း ချော့သိပ်ရတယ်။ ကျွန်မက လေယာဉ်မူးပြီး ၄ရက်လောက်ဆက်တိုက် ခေါင်းမူးနေလို့ ထမင်းဟင်းမချက်နိုင်ပဲ အပြင်က၀ယ်စားရတယ်။ ယောင်္ကျားက သားသားကို လေယာဉ်ပေါ်မှာချီပြီး သူ့လက်မှာအိပ်ခိုင်းတော့ ခါးနာပါတော့တယ်။ သားသားက အကျန်းမာဆုံးပါပဲ။ နောက်နေ့ ရေချိုးမယ်ဆိုပြီး အကျီကို ရေနွေးမရခင် ကြိုပြီး ချွတ်ထားမိလို့ အအေးမိပြီး ၁ရက်ဖျားလိုက်တယ်။
Hong Kong မှာသားသားကိုအလိုလိုက်တာများလို့ Singapore ပြန်ရောက်တယ်ဆိုရင်ပဲသားသားကို နိုင်အောင် မနည်းထိန်းနေရပါတယ်။
ဝယ်လာခဲ့တဲ့ Mickey-Mouse မျက်မှန်လေး လှလား
အပိုင်း ၁၊ အပိုင်း ၂ဆိုပြီး ခွဲရေးရတာ မကြိုက်လို့ စာရေးတာ ရှည်သွားတယ်နော် ..... ဟီးးးးးးးး ..... ဟီးးးးးးးး
Friday မှာပဲ Tour က Documents collect လုပ်လို့ရပြီလို့ Phone ဆက်တော့ Saturday နေ့လည်မှာ သွားယူ ပါတယ်။ ပိုက်ဆံ အကြေချေရပါတယ်။ Meals မပါပါဘူး။ Disney Hollywood Hotel & Park Hotel, Airline က Cathay Pacific ပါ။ Singapore ကနေ မနက်အစောကြီးထွက်ပြီး အပြန် Singapore ကို 11:45 PM မှာ ရောက်ရမှာပါ။ အားလုံး Direct Flight ပါ။ Flight ပေါ်မူတည်ပြီး ဈေးကွာပါတယ်။ ဈေးအကြီးဆုံးက Singapore Airline ပါ။ Dec 2 ~ Dec 5 ပါ။ အားလုံး 27 November မှာ အကုန်ပြီးသွားပါတယ်။ Sunday မှာ ခရီး ထွက်ဖို့ အတွက် လိုအပ်တာတွေ ပြင်ဆင်ရပါတယ်။ Kiddy Palace မှာ ကလေးအတွက်အနွေးထည်ထူထူ သွားဝယ်ပါ တယ်။ Luggage ပါသွားဝယ်လိုက်တယ်။ Luggage အကြီးကြီးထဲမှာ ၃ယောက်အ၀တ်အစားတွေ ထည့်ပါတယ်။ ကလေးနို့မှုန့်ဗူးက အသစ် ၁ဗူး၊ နို့ဗူးက ၅ဗူး၊ Diapers လိမ်းဆေး၊ Diapers 25 units၊ wet tissues ၁ဗူး၊ ကလေး စားဖို့ cereal ကို ပလပ်စတစ်ဗူးနဲ့ ၅ရက်စာထည့်ပြီးယူသွားတယ်။ မသွားခင် ၄ရက်အလို သားသား ကဖျားလိုက် ပါသေးတယ်။ Virus Fever လို့ ဆရာဝန်ကပြောတယ်။ အပြင်ကကူးလာတာပါ။ ၂ရက်ဖျား၊ ၂ရက်နားပြီး နောက် ၁နေ့ ခရီးထွက်တာပါ။ ကျွန်မမှာ ခရီးစဉ်ပျက်ပြီထင်နေတာ။ ပိုက်ဆံကလည်း အားလုံးပေးပြီး သားလေ။ Hong Kong ပိုက်ဆံကို Singapore မှာလဲသွားတာပိုကောင်းပါတယ်။ ပိုရပါတယ်။ Singapore 1 Dollar က Hong Kong 5.7 ရပါတယ်။ Sing 500 လဲသွားပါတယ်။
Dec 1 ကျွန်မမွေးနေ့။ အိမ်နားက Restaurant မှာပဲမိသားစုစားဖြစ်တော့တယ်။ အပြင်ထွက်ပြီးစားရင်သားသား ပြန်ဖြစ်မှာစိုးရိမ်လို့ပါ။ Dec 1 ညမှပဲ ခရီးထွက်ဖို့ ပြင်ဆင်ရတော့တယ်။
Dec 2 မနက်စောစော ၄နာရီခွဲထပြီး ပြင်ဆင်တယ်။ ၂ယောက်လုံးပြီးမှ သားသားကိုနှိုး၊အကျီလဲပေးပြီး Changi Airport ကို Taxi နဲ့သွားခဲ့ကြတော့တယ်။ Luggage အကြီးကြီး ၁အိတ်၊ သားသားအတွက်က Hand Carry ၁အိတ်၊ Camera ၁အိတ် (မပါမဖြစ်လေ)၊ ကျောပိုးအိတ် ၁လုံး၊ သားသားတွန်းလှည်း၊ စုစုပေါင်း ၅မျိုး။ Terminal 1 မှာပါ။ Check in လုပ်တော့ ကျွန်မက လေယာဉ်စီးရင်မူးပြီး အန်တတ်တော့ window seat တောင်းတော့ မရတာနဲ့ ရရာခုံပဲထိုင်ရတော့တယ်။ အပြန်ကျ Complaint တင်မယ်ဆိုပြီး စိတ်ထဲမှာထားထားလိုက်တော့ တယ်။ သားသားတွန်းလှည်းနဲ့ Luggage အကြီးကြီး ၁အိတ်ကိုပဲတင်ဖြစ်တော့တယ်။ ၁ယောက်ကိုရတာမှ 20 Kg ဆိုတော့အများကြီး မသယ်ဖြစ်ဘူး။ ကလေးက kg မရဘူး။ လေယာဉ်မတက်ခင် စားသောက်ဆိုင်ဝင်ပြီး စားကြ တယ်။ သားသားက အရမ်းပျော်နေတာ။ စားသောက်ဆိုင်မှာစားတိုင်း သားသားကို ကျွေးဖြစ်တယ်။ သားသား ကလည်းစားတယ်။ နို့ဗူးက ၂ဗူး ၁ခါထဲ ဖျောပြီးသား။ ၈နာရီမှ လေယာဉ်ပေါ်တက်ဖြစ်တယ်။ လေယာဉ်က အကြီးကြီး။ အလျားလိုက်က ၉တန်းရှိတယ်။ အလယ်ခုံရတယ်လေ။ အားလုံးအလယ်မှာချည်းပဲ။ လေယာဉ်မှာ ထိုင်လိုက်တယ်ဆိုတာနဲ့ ကလေးအတွက် Diapers က၂ခု၊ ကလေးစားစရာက ၃ဗူး လာပေးပါ တယ်။ လေယာဉ် ထွက်ပြီး အရှိန်စယူမှ ကလေးခါးပတ်လာပတ်ပေးတာ။ သားသားကစထွက်ကတည်းက သူ့ အဖေလက်ပေါ်မှာ တောက်လျောက်အိပ်သွားတာ။
ကျွန်မကသားသားကိုဂရုမစိုက်နိုင်ဘူး။ ကိုယ့်ကိုကိုယ်တောင် မနည်းထိန်းနေရတာ။ လေယာဉ်အရှိန်စယူပြီဆို တာနဲ့ကျွန်မကြောက်ပြီး ခုံကိုင်ထားတော့တာ။ အပေါ် ရောက်ရင် နားထဲကလေထွက်ပြီး မူးလာတယ်။ လေယာဉ် စောင်းရင် အန်တော့တယ်။ ပလပ်စတစ် အိတ်အဆင်သင့်ဆောင်ထားရတယ်။ လေယာဉ်တိမ်တိုက်လဲအန်။ အဲဒီလိုကျွန်မရဲ့ဖြစ်ပုံ။ ၃နာရီကျော်ကျော်၊ ၄နာရီနီးနီးစီးရပါတယ်။ လေယာဉ် ၂နာရီကျော်ကျော်စီးပြီး သားသား နိုးလာတော့ ကလေးစားတဲ့ အစားတ၀က် လောက်ကျွေးဖြစ်တယ်။ ဆင်းခါနီးကျတော့ ပြန်အိပ်ပျော်သွားတယ်။ ၁၂နာရီကျော်ကျော်မှာ Hong Kong ကို ရောက်ပါတယ်။ လေယာဉ်တံခါးပေါက်က အထွက်လေယာဉ်မယ်က ကလေးတွန်းလှည်း အဆင်သင့်ထုတ်ထားပါတယ်ဆိုလို့ ကလေးတွန်းလှည်းက လေယာဉ်တံခါးပေါက်မှာ အသင့် စောင့်ကြိုနေပါတယ်။ အဲဒီလိုမျိုး Service ကိုတော်တော်သဘောကျပါတယ်။ Visa ၀င်တော့ ၂ပတ်ပဲရတယ်။ ယောင်္ကျားက ၁လမရလို့ ပွစိပွစိ လာပြောသေးတယ်။ ကိုယ်လဲ ၁လနေတာမှ မဟုတ် တာထားလိုက်တော့လို့ ပြောလိုက်ပါတယ်။ လာကြိုမယ့် Tour နေရာကို မြေပုံကြည့်ပြီးသွားခဲ့ကြတယ်။ တွေ့ တော့ကိုယ့်လို လိုက်လာ တာထွက်မလာသေးတော့ ခုံမှာစောင့်နေပါဆိုလို့ ၁နာရီ နီးနီးစောင့်ရသေးတယ်။ လေယာဉ်ပေါ်မှာ နို့ဗူးဖျော် မလာခဲ့တော့ နို့ဗူးဖျော်ဖို့အတွက် ရေနွေးလိုက်တောင်းရပါတယ်။ ဆိုင်၁ဆိုင်က မပေးပါဘူး။ နောက်ဆိုင်က ပေး ပါတယ်။ လူစုံတော့ tour ကလာ ခေါ်ပါတယ်။ Disney Hollywood Hotel ကရောက် ရောက်ချင်း ၁ည အိပ်ရမှာပါ။ ၂ကားရောက်လာပါတယ်။ Express လိုကားမျိုးတွေပါ။ Disney သွားတဲ့ ကားက ၁စီး မြို့ထဲသွားမယ့် ကားက ၁စီးပါ။ ကျွန်မတို့က Disney သွားတဲ့ကား ကိုစီးလာခဲ့ပါတယ်။
Disney Hollywood Hotel ကိုရောက်တော့ ၂နာရီထိုးနေပါပြီ။ Check in က ၃နာရီမှဆိုတော့ အခန်းသော့ မရသေးတော့ ရောက်ရှိကြောင်း သတင်းပို့ပြီး အပြင်မှာ ၁နာရီလောက်စောင့်ရပါတယ်။ Check out က 11 AM။ ဓာတ်ပုံရိုက်လိုက်တယ်လေ။ အချိန်ကုန်မခံချင်လို့။ 2:45 မှာ အခန်းသော့ရပါတယ်။ အခန်းနံပါတ်က 3707 ပါ။ သားသားအတွက်ကတော့ ကလေးကုတင်ကို တောင်းရပါတယ်။ ချက်ချင်းလာပို့ပေးပါတယ်။ Disneyland ကို ၀င်ခွင့် ၂ရက် ရပါတယ်။ ကျွန်မက Mickey-Mouse & Minnie-Mouse နဲ့ဓာတ်ပုံရိုက်ချင်တော့ ရောက်ရောက် ချင်းသွားမယ်ဆိုတာ အစကတည်းက စီစဉ်ထားပါတယ်။ သားသားကလည်း အရမ်းပျော်နေတယ်။ နေကလည်း ကောင်းတယ်ဆိုတော့ ကျွန်မတို့၂ယောက်ရေမိုးချိုးပြီးသွားကြမယ်ဆိုပြီး ပြင်ဆင်ကြတယ်။ ကျွန်မအတွက်တော့ Hotel ထဲစ၀င်ကတည်းကကော၊ Disneyland ရောက်ပြီဆိုကတည်းက အရမ်းပျော်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ မြင်မြင်သမျှ Mickey-Mouse & Minnie-Mouse တွေပဲလေ။
သားသားကို ည၀တ်အကျီပါလည်ပေးလိုက်တယ်။ ကျွန်မက ခုနစားခဲ့တာမ၀တော့ Hotel မှာရှိတာ ဈေးကြီး ရင်ကြီး ပစေဆိုပြီး အောက်ကို စုံစမ်းဖို့ထပ်ဆင်းလာတယ်။ Tour က မနက်ဖြန်ည လာကြိုမယ့် အချိန်ကို Reception ကိုပြောထားမယ်ဆိုလို့ သွားစုံစမ်းတယ်။ ပြီးတော့ Hotel က Store ဆိုင်ကိုလည်း စိတ်ဝင်စားတယ်။ Mickey-Mouse, Minnie-Mouse အစုံရောင်းတာလေ။ Hotel မှာ စားသောက်ဆိုင် ဘယ်နားမှာ ဆိုတာမေး တော့ စားပွဲ ကြည့်တော့ ၁ယောက်စာများတော့မကုန်မှာဆိုလို့ Take Away လုပ်ပြီး အခန်းထဲမှာစားမယ် ဆိုပြီး ယူလာခဲ့တယ်။ 75 ပဲပေးရတယ်။ ခုနစားခဲ့တဲ့ဆိုင်ထက် ပိုတောင်တန်သေး။ အများကြီးရတယ်။ အခန်းပြန် တက်တဲ့ Lift အ၀မှာ Donald Duck တွေ့လို့သားသားနဲ့ယောင်္ကျားကိုစောင့်ခိုင်းပြီး Camera ပြေးယူရပါတယ်။ သားသားက Donald Duck ကိုကိုင်ကြည့်ပြီး သဘောကျလို့။ ဓာတ်ပုံရိုက်ပေးတဲ့သူက ရိုက်ပေးတာ မတော်တော့တုန်နေတယ်။ မိသားစုပုံလေးက ကောင်းသွားလို့ တော်သေးတာပေါ့။ အခန်းထဲမှာ ညစားပြန်စားပြီး ဘယ်အချိန်တံခါး ပေါက်မှာ စာလေး ၁စောင် ချသွားမှန်းမသိ။ Tour က မနက်ဖြန် 8 PM Hotel မှာလာခေါ်ပြီး Park Hotel ကိုပို့ပေးမည်ဆိုတဲ့ အကြောင်းကြားစာလေ။
Disneyland က 10 AM မှဖွင့်မှာဆိုတော့ 9 AM Check Out လုပ်ရင် အဆင်ပြေပြီဆိုပြီး အစီအစဉ်ဆွဲပါတယ်။ သားသားကိုလည်း မအိပ်ခင် နေကောင်းရဲ့လားဆိုတာ ပုံမှန်စစ်ရပါတယ်။ အားဆေးက အိပ်ခါနီးတိုက်ပါတယ်။ ကျွန်မမအိပ်ခင်မှာ သားသားနို့ဗူးအားလုံးကို ရေပူနဲ့ ဆေးပါတယ်။ အားလုံးကစိုးရိမ်တာ သားသားကိုပါ။ တကယ်ဖြစ်သွားတာ ကျွန်မပါ။ Hong Kong စရောက်ကတည်းက နှာရည်ကျနေတာတောက် လျှောက်ပါ။ သားသားကိုကြမ်းပြင်မှာပဲ မှို့ရာချပြီး သိပ်ဖြစ်ပါတယ်။ ကျွန်မလည်း အောက်မှာ အိပ်ပေါ့။ ကျွန်မရဲ့ အကျင့်က အိပ်ရာပြောင်းရင် အိပ်မရတာပါပဲ။ အိပ်ရေးပျက်ခဲ့ရတာပေါ့။ ၃နာရီလောက်ပဲ အိပ်ခဲ့ရတယ်။
နောက်၁နေ့ မနက် ၇နာရီထိုးတော့ ကျွန်မ အရင်ဆုံးနိုးနေခဲ့ပါတယ်။ ရေနွေးကျို၊ ကော်ဖီဖျော် ပြီးတော့ ယောင်္ကျားကို နှိုးပြီး သားသားရေချိုးဖို့ ရေခံရတယ်။ သားသားကို မနည်းနိုးယူရတယ်။ Air con ပိတ်အိပ်တာ။ အရမ်းချမ်းတယ်။ သားသားကို ခြေကော လက်ကော လုံတဲ့ အကျီပေးဝတ်ထားပြီး အနွေးထည်ပါပေးဝတ်ထား တာ။ စောင်ပါထပ်ခြုံပေးထားသေးတာလေ။ သားသားက နွေးပြီး အိပ်ကောင်းနေတယ်။ သားသားကိုရေမိုးချိုးပြီး အစာကျွေးပါတယ်။ နို့တိုက်ပါတယ်။ သားသားပစ္စည်းကို မမေ့အောင် ယူသွားမယ့် ကျောပိုးအိတ်ထဲ ထည့်ရ ပါတယ်။ နို့မှုန့်ဘူးက ၁ဗူးလုံး၊ နို့ဗူးက ၅ဗူးမှာ ၁ဗူးပဲဖျော်ထားတာ။ နို့ချဉ်မှာ စိုးရိမ်လို့။ ဒီကြားထဲ ကလေးစားမယ့် အစာဗူးပါ ၁ဗူးထည့်လိုက်သေးတယ်။ ရေနွေးဓာတ်ဘူး ၁ဗူး။ Diapers ၅ခု။ Wet Tissues ၁ထုတ်၊ ကလေး အခင်း၊ စဉ်းစားကြည့်တော့ ကျောပိုးအိတ်ဘယ်လောက်လေးမလဲဆိုတာ။ ပြင်ဆင်နေချိန် ယောင်္ကျားက ရေချိုးပါ တယ်။ Check Out လုပ်ဖို့အတွက် ပစ္စည်းပါထည့်ရသေးတယ်။ ကျွန်မကနောက်ဆုံးမှ ရေချိုးတာ။ ကျွန်မပြင်ပြီး တာနဲ့ သေချာပြန်စစ်ပြီး မနက် ၉နာရီမှာ ၁ခါထဲထွက်ခဲ့ပါတယ်။ Hotel မှာ Check out လုပ်ပြီး အိတ်တွေကို အပ်ထားခဲ့ပါတယ်။ 8 PM မှ လာရွေးယူမယ်ဆိုတာပါပြောခဲ့ပါတယ်။
မနေ့က Hotel ရှေ့ခြမ်းကို ဓာတ်ပုံရိုက်ပြီးလို့ အနောက်ဘက်ခြမ်းမှာ ဓာတ်ပုံရိုက်ကြပါတယ်။ 9:30 AM လောက် မှာ Disneyland ကို Shuttle Bus စီးပြီးထွက်ခဲ့ပါတယ်။ နီးနီးလေးပါ။ 5 Minutes အတွင်းရောက်ပါ တယ်။ ကျွန်မက ကလေးတွန်းလှည်းရယ်၊ ကျောပိုးအိတ်ရယ် သယ်ရပါတယ်။ ယောင်္ကျားက သားသားကို ချီပါ တယ်။ ရောက်တာနဲ့ ရှူခင်းကောင်းတဲ့နေရာတွေဆို မိသားစု ဓာတ်ပုံရိုက်ရပါတယ်။ တွေ့တဲ့သူကို အကူအညီ တောင်းရတာပေါ့။ အကုအညီမတောင်းလို့လဲ မရဘူးလေ။ ဒီ၁ကြိမ်ပဲ အခွင့်အရေးကရှိတာဆိုတော့။ အရင်ဦးဆုံး ၀င်လိုက်တာနဲ့ Main Street, USA ကိုရောက်တယ်။ ဒီနေရာက Disney Characters တွေနဲ့ ဓာတ်ပုံရိုက်ရတဲ့ နေရာ။ စောသေးတော့ ဘာမှမတွေ့။ Mickey-Mouse & Minnie-Mouse တော့တွေ့တယ်။ မနေ့ကရိုက်ပြီးပြီ ဆိုတော့ ၁ခြားအကောင်လေးတွေနဲ့ပဲရိုက်ချင်တော့တယ်။ အဲဒါနဲ့ဆက်လျှောက်လာတော့ Tomorrow Land ရောက်တယ်။ ခဏနားပြီး ဓာတ်ပုံရိုက်တယ်။ မနက်စာအနေနဲ့ Pop corn ၀ယ်စားလိုက်တယ်။ 80 ပေးရတယ်။ Mickey-Mouse အရုပ်ထဲမှာ ထည့်ထားတာ။ အရုပ်လဲရ၊ စားလည်းစားရတယ်လေ။
ကျွန်မက Mickey-Mouse & Minnie-Mouse တောထဲရောက်နေရင် စိတ်ကအလိုလိုနေရင်ပျော်နေတာ။ ကျွန်မကို ဖေဖေကတောင် ပျော်ဖူးတယ်။ Walt-Disney ကလူသေလို့ဝင်စားတာလား မသိဘူးတဲ့လေ။ ဘယ်သူ မှမသင်ပေးရပဲနဲ့ ငယ်ငယ်ကတည်းက Mickey-Mouse & Minnie-Mouse ကိုကျွမ်းကျင်တဲ့သူဆွဲနိုင် သလောက်ကိုဆွဲနိုင်တာ။ ကျွန်မဆွဲထားတာကို နောက်မှတင်ပြီးပြဦးမယ်။
၈တန်းဖြေအပြီးကိုယ်ပိုင်ဆွဲထားတဲ့ Mickey-Mouse & Minnie-Mouse ကာတွန်းတောင်ရှိတယ်။ စီးလို့ရတဲ့ ဟာတွေလည်း ဘာတွေရှိမှန်းတောင် မသိဘူး။ ကျွန်မကကြောက်တတ်တော့မစီးရဲဘူး။ ယောင်္ကျားက စီးရဲပေ မယ့်၁ယောက်ထဲစီးရမှာမို့ ပျင်းပြီးမစီး ဖြစ်၊ Tomorrow Land ပြီးတော့ Fantasy Land ရောက်ခဲ့ကြတယ်။ Fantasy Garden မှာ Disney Characters နဲ့ဓာတ်ပုံတွဲရိုက်လို့ရတယ်ဆိုတော့ စုံစမ်းကြည့်တော့ ၁၂မှရောက် မှာဆိုတော့ ထမင်းစားပြီး တန်း စီးရင် အတော်ပါပဲ။ အနားမှာရှိတဲ့ ရှူခင်းတွေကိုပဲ ဓာတ်ပုံရိုက်ဖြစ်တော့တယ်။ ရိုက်နေစဉ် Snow White, Beauty & the Beast, Cindrella and Sleeping Beauty တွေ့တော့ ရိုက်ဖြစ်တယ်။ သားသားက ကောင်မလေး ချောချောလေးတွေဆိုငေးကြည့်တာပေါ့။ Lego အရုပ်ထဲက သစ်သားရုပ်လေးတွေနဲ့ လည်းရိုက်ဖြစ်တယ်။
Hong Kong မှာရှိတဲ့ Christmas အထိမ်းအမှတ် အကောင်လေး တွေနဲ့ရိုက်ဖြစ်တယ်။ အားလုံးဓာတ်ပုံ ရိုက်ပြီး တော့ထမင်းစားဖို့ ပြင်ဆင်ရတယ်။ Snacks ပဲဝယ်စားဖြစ်တယ်။ လောလောဆယ် ဒါပဲတွေ့ထားတော့လေ။ သားသားကို ကြက်တောင်ပံကြော် ကျွေးဖြစ်တယ်။ သားသားက အမေစားရင် သူပါစားရမှ ဆိုတော့ အဆင်ပြေ တယ်။ စားပြီးတော့ အနီးအနားမှာ Toy Story ထဲက Buzz နဲ့ ဓာတ်ပုံရိုက်ဖို့တန်းစီးနေတာတွေ့တော့ရိုက်ဖြစ် လိုက်သေးတယ်။ အနားရောက်မှ သားသားက အီးအီးပါလိုက်သေးတယ်။ ဓာတ်ပုံရိုက်ပေးပြီးမှ ၂ယောက်သား Diapers လဲပေးရတော့တယ်။ အခင်းခင်းပြီး ဒီအတိုင်းပဲ လဲပေးလိုက်တော့တယ်။ ၁ယောက်ထဲလဲပေးရင် ကျွန်မ လည်းမနိုင်ဘူး။
Park Hotel ရောက်တော့ Check In လုပ်ရပါတယ်။ Deposit 600 ပေးရပါတယ်။ Deposit ပေးလိုက်ရတော့ နောက်ထပ်သုံးစရာပိုက်ဆံလိုလို့ Sing 100 ရောင်းရပါတယ်။ အိပ်ထားပြီး အောက်ဆင်းပြီး လျှောက်ကြည့်ဖို့ ပြင်ဆင်ရတယ်။ သားသားက Hotel ရောက်ပြီဆိုတာနဲ့ ဆော့တော့တာ။ အငြိမ်မနေဘူး။ မှန်မြင်ရင် သဘောကျ နေတာ။ Tour ကပြောတယ်။ City Tour လိုက်ရင် မနက်ဖြန် 7:55 AM လာခေါ်မယ်ဆိုတော့ လိုက်ရတာ ပေါ့လေ။ Hotel အနီးတ၀ိုက်အောက်ဆင်းပြီး ဟိုနားဒီနားလျှောက်ကြည့်တယ်။ Dim Sum ၃ပွဲဝယ်လာပြီး စား ကြတယ်။ ပြန်ရောက်တော့ အိပ်ဖို့ပြင်ဆင်ရတယ်။ ဒီ၁ခါသားသားကို ကလေးကုတင်မှာ သိပ်ဖြစ်တယ်။ ကျွန်မ လည်း အရင်နေ့ကထက်ပိုအိပ်ဖြစ်တယ်။ 6 AM မှာ နိုးပြီး အရင်ဆုံးပြင်ဆင်ပြီးမှ သားသားကို နိုးရပါတယ်။ အတော်နိုးယူရတယ်။ သားသားက အအေးအရမ်းကြိုက်တယ်။ 7:40 မှာ Hotel Reception မှာစောင့်နေလိုက် ပါတယ်။ 8 AM မထိုးခင်မှာ လာကြိုပါတယ်။ Hotel မှာတည်းတဲ့သူအားလုံးကို လိုက်ခေါ်ပါတယ်။ ၁ဖွဲ့နဲ့ ၁ဖွဲ့ တည်းတဲ့ Hotel မတူပါဘူး။ Dim Sum စားမယ်။ စားမလားမေးပါတယ်။ ၁ယောက် ၅၀ ဆိုတာနဲ့ စားဖြစ်ပါ တယ်။ ၈မျိုးလောက်စားရပါတယ်။ သားသားကိုလည်းကျွေးဖြစ်တယ်။ စားပြီးတော့ Golden Bauhinia Square သွားကြပါတယ်။ အဆောက်အအုံပြင်ဆင်နေလို့ အရှေ့ဘက်ခြမ်းပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ Aberdeen Fishing Village သွားခဲ့ပါတယ်။ စက်လှေစီးပြီးလျှောက်ကြည့်ရတာ။ ကျွန်မက စက်လှေမူးလိုက်သေးတယ်။ အကျီရွေးနေတဲ့အချိန်လှေကလှိုင်းကြောင့်လှုပ်နေလို့ မူးသွားတာ။ သားသားကပျော်ပျော်ပဲ။ အကျီ ၄ထည်မှ ၁၀၀ဆိုလို့ဝယ်လိုက်တာ။ အိမ်မှာနေရင်းဝတ်လို့ရတယ်လေ။ စက်လှေမောင်းတဲ့ အဖွားက သားသားကို ချစ်လို့ ဆိုပြီး သူရောင်းတဲ့အထဲကနေ Kitty အရုပ်လေး ၁ရုပ် လက်ဆောင်ရခဲ့တယ်။
ပြီးတော့ Repulse Bay သွားကြတယ်။ ကမ်းခြေပါ။ ဓာတ်ပုံရိုက်၊ စားသောက်ဖို့ပါ။ ပို့ပေးတဲ့ Tour က Ocean Park သွားချင်လား သွားချင်ရင် 340 ၁ယောက်ကို ထပ်ပေးရမယ်ဆိုလို့ ၂ယောက်စလုံးသွားမယ်ဆိုတာနဲ့ ၂ယောက်စာပေးလိုက်ပါတယ်။ Tour Guide က ၁နေ့ကို 50 ပေးရတယ်။ ၂ရက်ခ 100 အပါအ၀င်ပေါ့။ Ocean Park က Package ထဲမပါဘူး။ ဒါကြောင့် ပိုက်ဆံ ထပ်ပေးရတာ။ Shopping မသွားပဲ Ocean Park ကိုရွေးလိုက် တာ။ Hong Kong နောက်၁ခါရောက်ဖို့ကမလွယ်ဘူးလေ။ နောက်ဆုံးအနေနဲ့ Jewellery Factory ပို့ပေးပါ တယ်။
အဲဒီမှာ ရှင်းပြတဲ့ Factory Head ခေါ်မလားပဲ သူမေးတာကို ကျွန်မက အရင်ဆုံးဖြေနိုင်လို့ ခရမ်းစွဲကျောက် ၁လုံး လက်ဆောင်ရ ပါတယ်။ သူမေးတာ လွယ်ပါတယ်။ ဒီနှစ်က ဘာအကောင်လဲ။ ကျွန်မက ကျားနှစ် လို့ဖြေလိုက်လို့ရတာပါ။ ရတော့ လောကဒ့်လုပ်ပြီးသားလိုချင်ရင် 150 ပေးရမယ်ဆိုတာနဲ့ ပေးလိုက်တော့တယ်။ ကျွန်မတို့ကို Ocean Park ပို့ပေးပါတယ်။ 5:30 PM လာကြိုမယ့်နေရာ မြေပုံဆွဲပေးလိုက်တယ်။ Ocean Park ရောက်တော့ ၁နာရီခွဲ ခါနီးနေပြီ။ ရှူခင်းလှရင် ဓာတ်ပုံရိုက်ပြီးတော့ နောက် ၁နေရာကိုသွားခဲ့တယ်။ Ocean Park က ၂နေရာရှိတယ်။ လာကြိုမယ့်နေရာက နောက်၁နေရာ အဲဒီနေရာကို Cable Car နဲ့သွားရတာ။ Cable Car စီးရတာ အသည်းတုန် ရင်တုန် ကြောက်စရာ အရမ်းကောင်းတာ။ ချောက်တွေဖြတ်ရတာ တော်တော် မြင့်တယ်။ Sentosa က Cable Car ထက်အမြင့်က ၃ဆလောက်ရှိမလားမသိဘူး။ ဘုရားစာပဲစိတ်ထဲ ကရွတ် နေတာ။ အဲဒီလောက်ထိကြောက်တာ။ ရွေးချယ်စရာလမ်းက မရှိဘူးလေ။ Dolphin Show ကြည့်တယ်။ ဟိုကြည့်ဒီကြည့် ဓာတ်ပုံရိုက် ပြီးတော့ပြန်ဆင်းလာတယ်။ 5:30 PM Hotel အသီးသီး ပြန်ပို့ပေးတယ်။ Hotel ပြန်ရောက်တော့ ခဏနားပြီး အောက်ကို ထမင်းစားဖို့ဆင်းလာတော့တယ်။ Hotel နဲ့အနီးဆုံးဆိုင်မှာပဲစားဖြစ် တယ်။ တော်တော်ကိုဈေးကြီး တယ်။ Package ထဲကအစီအစဉ်ပြီးပြီ။
မနက်ဖြန်က ကျွန်မတို့စီစဉ်ခဲ့တဲ့အတိုင်း Giant Buddha သွားဖို့ပဲကျန်တယ်။ Big Buddha လို့လဲခေါ်တယ်။ 9:30 AM ၁ခါထဲ Check Out လုပ်ပြီး ထွက်မယ်ဆိုပြီး အစီအစဉ်ဆွဲတယ်။ သားသားနှင့်ကျွန်မအတူတူနိုးတယ်။ သားသားကိုရေမိုးချိုးပေးဖို့ပြင်ဆင်တယ်။ သားသားပြီးတော့ ကျွန်မရေမိုးချိုး၊ ပြီးမှ ယောင်္ကျားချိုးပါတယ်။ အားလုံးသိမ်းဆည်းပြီး 9:30 လောက်မှ Check out လုပ်ပြီး Deposit 600 ပြန်ရပါတယ်။ အိတ်အပ်ထားပြီး လမ်းလျှောက် MTR စီးဖို့ထွက်ခဲ့ကြပါတယ်။ လမ်းမှာ Mc Donald တွေ့လို့ မနက်စာ ၀င်စားပါတယ်။ Cable Car ဆီရောက်တော့ ၁၁နာရီကျော်ပါပြီ။ လက်မှတ်အတွက်တန်းစီရပါတယ်။ Cable Car ပေါ်ကိုတက်တော့ ၁နာရီ ကျော်နေပါပြီ။ Cable Car က ၂မျိုးရှိတယ်။ Standard & Crystal။ ဘာကွာလဲဆိုတော့ Crystal က အောက်ကို ပါမြင်ရတယ်။ Standard ကမမြင်ရဘူး။ ကျွန်မက Standard လိုချင်ပေမယ့် 45 Minutes စောင့်ရမယ်ဆိုလို့ Crystal ပဲယူခဲ့ရတယ်။ ဈေးကလည်း အတော်ကွာပါတယ်။ Cable Car စီးဖို့ Ticket ကို online က၀ယ်လို့ရ တယ်ဆိုတာ စောစောစီးစီးမသိခဲ့ပါ။ အတော့်ကို နောက်ကျနေပါပြီ။ ကျွန်မတို့က Hotel ကို 4:30 PM ပြန် ရောက်ရမှာ။ Cable Car စီးချိန်က 25 Minutes ပါ။ ဘုရားကြီးဆီရောက်တော့ ၂နာရီထိုးနေပြီ။ ဘုရားကြီး ဆီရောက်အောင် Cable Car ကနေ 15 Minutes လမ်းလျှောက်ရသေးတယ်။ ဘုရားကြီး အပေါ်တက် ဖူးမယ်ဆိုရင် ဘယ်လိုမှမမှီနိုင်။ ဘုရားကြီးအောက်ကနေ ကန်တော့ပြီးနောက်ကြောင်း ပြန်လှည့်ခဲ့ရတော့တယ်။ တိုက်ဆိုင် စွာရေစက်လို့ပဲပြောရမလား။ Singapore မှာနေတဲ့ အသိမိတ်ဆွေဖြစ်တဲ့ မိသားစု အားလုံးကို မချိန်းပဲ ဘုရား ခြေရင်းမှာတွေ့ခဲ့တယ်။ ကျွန်မကို နားဖောက်ပေးခဲ့တဲ့ ဆရာဝန် မိသားစုပါ။ အမျိုးနီးပါး အရမ်းရင်းနှီးပါတယ်။ အချိန်မမှီမှာစိုးလို့ဘုရားနားမှာတွေ့တဲ့ Sausage ပဲကိုက်စားပြီး ပြန်ခဲ့တယ်။ Hotel နားရောက်တဲ့လမ်းနား ရောက်မှပဲကျွန်မမှာ သက်ပြင်း ချနိုင်တော့တယ်။
Crystal Cabin အောက်ကိုဒီလိုမြင်ရတယ်။ သားသားခြေထောက်ကလေးပါ
ဗယ်ဘက်တောင့်က Hong Kong Airport
Giant Buddha အပြန်လမ်းခရီးမနေ့ကစားတဲ့ဆိုင်မှာပဲမှာစားကြတယ်။ ကျွန်မက ကြက်ကင်မှာ စားတယ်။ ကျွန်မမှာ အဲဒီနေ့ အစားအသောက် ကံဆိုးတဲ့နေ့လို့ပြောရမလားမသိဘူး။ ယောင်္ကျားသာစားပြီးသွားလို့ 15 Minutes ကြာသွားတယ်။ ကျွန်မဟာ လုံးဝ ရောက်မလာခဲ့။ ကျန်တဲ့သူတွေလည်းမရလို့ complaint တက်ပြီး မစားပဲပြန်ခဲ့တယ်။ အချိန်ကလည်း 4:30 PM တော့မယ်။ Bubble Milk Tea ၁ခွက် ၀ယ်သောက်လိုက်တယ်။ ကားက 5 PM မှာရောက်လာပြီး ၁ဖွဲ့ချင်းဆီကို Hotel အသီးသီးမှာကြိုပြီး airport မှာချထားပေးခဲ့တယ်။ ကျွန်မက airport ရောက်မှပဲ စားမယ်ပေါ့။ Airport ရောက်ပြီး Check In လုပ်တော့ window seat ရအောင်တောင်းတယ်။ ဖြစ်ချင်တော့ ထိုင်ခုံကွဲပြီးထိုင်ရမယ်။ ပိုဆိုးတော့တယ်။ ကျွန်မက မရ။ Complaint တင်တယ်။ ရအောင်လုပ်ပေးပေါ့။ Window Seat မရလဲ နေပစေ ပေါ့။ Check In Counter မှာတင် နာရီဝက်ကြာတယ်။ Boarding Pass ပေးလိုက်တယ်။ ၂စောင်။ သတိမထား မိလိုက်ဘူး။ သားသားကို Diapers လဲပေးပြီး Immigration ဖြတ်တော့ ၀င်မရ။ သားသား အတွက် Boarding Pass မရှိ။ ပြန်သွားပြီး request လုပ်ရတော့ သူဆီမှာ သူကမေ့ပြီး ကျန်ခဲ့တာ။ တော်သေး။ Immigration ၀င်ဖို့ထပ်တန်းစီးရတယ်။
သားသားက ထူးဆန်းစွာ တာ့တာ လိုက်ပြ နေတယ်။ တွေ့တဲ့မြင်တဲ့သူတိုင်းကိုလေ။ သားသား Hong Kong မှာ ဘယ်သူ့ကိုလိုက်ကြည့်ပြီးတတ်လာလဲမသိဘူး။ တာ့တာပြတတ်လာတယ်။ လျှာထုတ်ပြီးပြောင်ပြတယ်။ လက်ခုပ် တီးတတ်လာတယ်။ ထိုင်ခုံကွဲနေလို့ကျွန်မ တော်တော် စိတ်ညစ်တာ။ အစားစားချင် စိတ်တောင် ပျောက်သွား တယ်။ လေယာဉ်ပေါ်မတက်ခင် အချိန်မှာ Complaint တင်လိုက်တယ်။ ထိုင်ခုံကွဲနေကြောင်း။ ကလေးနဲ့ ဆိုတော့ ထိုင်ခုံကွဲလို့မဖြစ်၊ ကျွန်မက လေယာဉ်မူး တက်ကြောင်း ပြောပြတော့ Customer စိတ်ကျေနပ်တဲ့ အထိဖြေရှင်းပေးပါတယ်။ လေယာဉ်ပေါ် မတက်ပဲ ထိုင်ခုံပြောင်းပေးဖို့လုပ်ပေးပါတယ်။ ထိုင်ခုံရတော့မှ ခေါ်ပြီး ၀င်ထိုင်တော့ ကျွန်မကြိုက်တဲ့နေရာလည်း ဖြစ်နေတယ်။ အတူတူလည်းထိုင်ရတယ်။ ထိုင်ပြီးပြီဆိုတာနဲ့ ကလေးအတွက်စားစရာ၊ Tissue ဗူး၊ Diapers လာပေးထားတယ်။ အပြန်ကအဆိုးဆုံးပဲ။ ကျွန်မ လေယာဉ် မူးတာတောက်လျှောက်။ စားဖို့ကံကလည်း လုံးဝမကောင်း။ 10:30 PM မှ စားရတာ။ မနက်ည ပေါင်းစားရတာ။ စားရတော့လည်းကြည့်။ ကျွန်မမှာထားတာ မှာတော့မယ့်အချိန်ရောက်မှကုန်သွားတယ်။ 5 Minutes နေအပြီး ရောက်လာတော့ ဘယ်သူမှာထားမှန်းမသိတော့။ ကျွန်မမှာ ကိုယ်မှာထားကြောင်း ဆာလှပြီ ဖြစ်ကြောင်းပြောယူ ရတော့တယ်။ ကျွန်မဒီနေ့ အစားအသောက်နဲ့ ပတ်သက်ပြီး ကံမကောင်းပါလား။
Pulau Ubin နားရောက်ခါနီးလေယာဉ်ကမှတ်မှတ်ရရ၃ကြိမ်ကွေ့လိုက်တယ်။ စားထားသမျှဘာမှမရှိတော့။ အကုန်ထိုးအန်တော့တယ်။ သားသားကောဆိုရင် အပြန်လေယာဉ်ထွက်ကတည်းက အိပ်လာလိုက်တာ လေယာဉ်ဆင်းမှနိုးတယ်။ လေယာဉ်က 11:45 PM ဆိုက်တယ်။ စိတ်ရှုပ်ရှုပ်နဲ့ လေယာဉ်လက်မှတ်ထားခဲ့လိုက် တယ်။ လေယာဉ်အ၀င်ဝမှာ ကလေးတွန်းလှည်းပါမလာ။ ခရီးသည် အားလုံးကုန်တဲ့အချိန်ထိ ရောက်မလာ။ နောက်ဆုံး Immigration ၀င်ဖို့တာဝန်ရှိသူတွေနဲ့ သွားခဲ့တယ်။ Lost & Found Report တင်ပေါ့။ လေယာဉ် လက်မှတ်ကောဆိုတော့ထိုင်ခုံမှာကျန်ခဲ့တယ်ဆိုတာနဲ့ တာဝန်ရှိသူနဲ့ အတူသွားပြီး ထိုင်ခုံမှာ သွားပြန်ယူရတယ်။ အဲဒီမှာတင် နာရီဝက်ကျော်လောက်ကြာသွားတယ်။ ကျွန်မစိတ်ထဲမှာ တော်တော်နှမြောတယ်။ အကြမ်းပတမ်း တော်တော်ခံတယ်လေ။ ဘာ၁ခုမှမပျက်သေး။ လေယာဉ်က လျော်ကြေးတော့ပေးမှာပေါ့ဆိုပြီး စိတ်ထဲတွေးရ တယ်။ Immigration နားရောက်တော့ ဘယ်သူမှမရှိ။ Officer ကတောင်မေးယူရတယ်။ ဘယ်ကပြန်လာတာ လဲဆိုတာ။ Hong Kong ကလို့ပြောပြီး ကလေးတွန်းလှည်း ပျောက်နေလို့ကြာနေတာဆိုပြီး။ ယောင်္ကျားကို တာဝန်ရှိသူတွေနဲ့ထားခဲ့ပြီး အိတ်သွားရွေးဖို့စောင့်နေစဉ် ယောင်္ကျားဆီက Phone ၀င်လာပြီး ကလေးတွန်း လှည်းရပြီလို့အကြောင်းကြားလို့ အဲဒီတော့မှပဲသက်ပြင်းချနိုင်တော့တယ်။
အသစ်ရမှာထက် အဟောင်းက အရမ်းကောင်းလို့ နှမြောတယ်။ Airline တွေက အပြိုင်အဆိုင် လုပ်နေကျတော့ Customer စိတ်ကျေနပ်တဲ့အထိ ဖြေရှင်းပေးနိုင်တဲ့ ၀န်ဆောင်မှုကို တော်တော်သဘောကျပါတယ်။ အိတ်ရွေး ပြီးတော့ Terminal 1 ဆိုတော့ ထုံးစံအတိုင်း Taxi Q ကအရမ်းရှည်တယ်။ Deposit 600 ရလာတာ ပြန်ရောင်း လိုက်တော့ Sing Dollar 150 ကျော်ရတယ်။ မစီးချင်သော Taxi စီးပြီးပြန်လာခဲ့တော့ တယ်။
အိမ်ပြန်ရောက်တော့ သားသားက အိပ်ရေးဝပြီး ဆော့နေလို့ ပြန်အိပ်အောင် မနည်း ချော့သိပ်ရတယ်။ ကျွန်မက လေယာဉ်မူးပြီး ၄ရက်လောက်ဆက်တိုက် ခေါင်းမူးနေလို့ ထမင်းဟင်းမချက်နိုင်ပဲ အပြင်က၀ယ်စားရတယ်။ ယောင်္ကျားက သားသားကို လေယာဉ်ပေါ်မှာချီပြီး သူ့လက်မှာအိပ်ခိုင်းတော့ ခါးနာပါတော့တယ်။ သားသားက အကျန်းမာဆုံးပါပဲ။ နောက်နေ့ ရေချိုးမယ်ဆိုပြီး အကျီကို ရေနွေးမရခင် ကြိုပြီး ချွတ်ထားမိလို့ အအေးမိပြီး ၁ရက်ဖျားလိုက်တယ်။
Hong Kong မှာသားသားကိုအလိုလိုက်တာများလို့ Singapore ပြန်ရောက်တယ်ဆိုရင်ပဲသားသားကို နိုင်အောင် မနည်းထိန်းနေရပါတယ်။
အပိုင်း ၁၊ အပိုင်း ၂ဆိုပြီး ခွဲရေးရတာ မကြိုက်လို့ စာရေးတာ ရှည်သွားတယ်နော် ..... ဟီးးးးးးးး ..... ဟီးးးးးးးး
Labels:
Family Trip
Wednesday, October 27, 2010
၈လ အရွယ် သားသား ရဲ့ချစ်စရာ အပြုအမူ လေးများ
သားသားက KFC က Whipped Potato ကိုအရမ်းကြိုက်ပါတယ်။ ၁ပတ်ကို ၃ကြိမ်လောက်တော့ ၀ယ်ကျွေးပါ တယ်။ ရုံးသွားတော့မယ်ဆိုရင် လိုက်ချင်လို့ အဖေနားပဲကပ် နေတော့တာ။ walking chair ထဲထည့်ထားလိုက် ရင် ပထမဆုံးသွားတဲ့အခန်းက အခန်းသေးသေးလေးထဲကိုဝင် ပါတယ်။ စာအုပ်ထားထားတာတွေက သားသားနဲ့ လက်လှမ်းမှီတော့ ဆွဲပြီးစုတ်ပစ်တာပဲ။ နောက်အဲဒီအခန်းလေးကို အမြဲပိတ်ထားလိုက်တော့တယ်။ မီးဖိုချောင် လဲတအားဝင်ချင်တာ။ ဘာလုပ်ဖို့ဝင်ချင်တာလဲ ကျွန်မလည်း သိချင်တာကြောင့် ၁ခါ ပေးဝင်လိုက်တယ်။ အံဆွဲ တွေအကုန်လုံးသွားဖွင့်၊ ဈေးခြင်းတောင်းသွားဆွဲနဲ့ အလုပ်ကိုရှုပ်နေတော့တာပဲ။ အခုမီးဖိုချောင်အ၀င်မှာ push cart ထားထားလိုက်တော့တယ်။
ကျွန်မ စားတဲ့ အစားမှန်သမျှ အကုန် စားချင် တယ်။ နည်းနည်းလေးဖြစ်ဖြစ်ကျွေးရပါတယ်။ ကျွန်မက အအေး သောက်ရင် သံခွက်နဲ့ထည့်ပြီးသောက်တော့ သံခွက်မြင်ပြီဆိုတာနဲ့ ရောက်ရာအရပ်ကနေ ဒုံးဆိုင်းပြီး ကျွန်မဆီ ပြေးလာတော့တာပဲ။ coke တအား ကြိုက်တယ်။ ၁ခါ ၅လုတ် လောက်သောက်ဖူးတယ်။ နောက်ကျတော့ Fair Price, NTUC ကနေ ကလေး သောက်တဲ့ Juice ၀ယ်ထားလိုက်တော့တယ်။ မနက်အစောကြီး ဟင်းထချက် ရတော့ ကျွန်မမှာ အိပ်ရေးမ၀ရင် ၁ခါ၁လေ အစောကြီး မနက် ၁၁ ၀န်းကျင်ဆို ငိုက်လာတတ်ပါတယ်။ အဲဒီ အချိန်က သားသားရေမိုးချိုး၊ အိပ်ရာကနိုး၊ အစားစားပြီးချိန်ပေါ့။ အမေအိပ်တာတွေ့လို့ကတော့ အမေဆံပင်ဆွဲ။ ဒါနဲ့မှမနိုးသေရင် အမေမျက်လုံးကို သူ့လက် ၅ချောင်းနဲ့ ဆွဲကုတ်တတ်ပါတယ်။
ညညဆိုရင်သားသားနိုးရင် ကျွန်မဆီအရင်မျက်လုံးလေး ရောက်လာတတ်တယ်။ ကျွန်မကအအိပ်ဆတ်တယ်။ သားသားနိုးလာမှန်းသိပေမယ့် တမင်အိပ်ချင်ယောင်ဆောင်လိုက်တယ်။ သေချာကြည့်ပြီး နိုးလို့မရရင် သူ့အဖေ ဆီရောက်သွားရော။ သူ့အဖေရဲ့လက်ကို သူ့လက်ကလေးနဲ့ပုတ်ပြီး နိုးတတ်တယ်။ ဒါမှမနိုးသေးရင် သူ့အဖေ ကိုယ်ပေါ်ကို ဒိုင်ဗင်ပစ်ချလိုက်ရော။ သူ့အဖေလည်းနိုးရော။
ရေချိုးရင် အခုအရမ်းထိန်းရတာ။ သားသားကရေမြင်တာနဲ့ ဒိုင်ဗင်ပစ်ချင်တာ။ အငြိမ်မနေဘူး။ တဗွမ်းဗွမ်းနဲ့ ဆော့နေတာ။ ၁ခါကများဆိုရေချိုးခွက်ကို သားသားခြေထောက်နားကရေချိုးဇလုံအပေါ်မှာ ထားထားတာ။ သားသားကလိုချင်လို့မီကလည်းမမီဘူး၊ ထလည်းထလို့မရဘူး။ ကျွန်မကဖိထားတာလေ။ သူ့ခြေထောက်လေး ၂ဖက်ကိုသုံးပြီး ရေချိုးခွက်ကိုခြေထောက်ကြားညှပ်ပြီး သူ့လက်မှီလို့ရတဲ့အထိ ဆွဲယူသွားတာ။ အဲဒီလောက်ထိ။ သားသားက သူလိုချင်တာမှန်သမျှကို ဘယ်လိုယူရမလဲဆိုတာ သိတယ်။
နေ့လည်ဘက်၁ခါ၁လေ ကျွန်မရင်ဘတ်ပေါ်အထိတက်လာပြီး ကျွန်မမျက်နှာ၁ခုလုံးကို နမ်းတတ်ပါတယ်။ ကျွန်မ မှာသူ့ကိုမကျအောင်လဲထိန်းထားရတယ်။ ပြီးတော့သားသားကိုယ်လုံးနဲ့ဆိုတော့ယားလည်းယားတယ်။ သား သားလေ ၁ခါကသူ့အဖေကိုကိုက်ထည့်လိုက်တာ သူ့အဖေရဲ့သွားဖုံးတောင်ပဲ့သွားတယ်။ ကလေးတွေက ၁ခါ၁ရံ မှာသူတို့ချစ်ကြောင်းကို ပြတတ်ကြပါတယ်။ ကျွန်မကိုမိတ်ဆွေ ၁ယောက်က ပြောပြဖူးတာပါ။ သားသား ကအောက်သွား၂ချောင်းပေါက်နေပြီဆိုတော့ သွားယားပြီးကုန်းကုန်းကိုက်တတ်တာလားလို့တော့မပြောတတ်ပါ။
၁ခါ၁ရံ ရုတ်တရက်ကြီးထိုင်နေရင်းကနေ ၀ုန်းဆိုသူ့ကိုယ်ကြီးရဲ့ ပစ်လှဲတိုက်ပါတယ်။ ၁ခါ၁ရံ ၁ခုခု နဲ့ ဆောင့်မိ လို့ရှိရင်ငိုရော။ အိပ်ရာပေါ်မှာထားတော့သားသားကိုကြည့်ရတဲ့ အကျယ်အ၀န်းကနည်းပါတယ်။ အခုအိပ်ရာ မှာဘေးကကာထားပေမယ့် ကျော်ဆင်းနိုင်ပါတယ်။ မွေ့ရာ အစွန်းလေးမှာ လက်ကလေး ၂ဖက် ထောက်ပြီး လုပ်နေတတ်ပါတယ်။ ဧည့်ခန်းမှာ ပေးဆော့ခိုင်းလို့ကတော့ ကျွန်မလည်း တော်တော်မောတာ။ ဖုံးဆော့မယ်။ VCD အခွေဆော့မယ်။ ဖိနပ်ဆော့မယ်။ ထိုင်ခုံကို ဆော့မယ်။ ဒါမှမဟုတ်လှဲချပစ်မယ်။ ထမင်းစား ပွဲခုံကိုတွန်းမယ်။ လေးဘက်ထောက်ပြီး သွားတတ်နေတဲ့အချိန်လေ။ အခု သားသားက မတ်တပ်ရပ်စမ်းနေပြီ။ ခြေထောက်တော့ သိပ်မခိုင်သေးဘူး။ ၁ခုခုကို ကိုင်ထားရင်တော့ ၂လှမ်းလောက်တော့ လျှောက်တတ်တယ်။
သားသားအခုလက်ခုပ်တီးတတ်နေပြီ။ ပုလုံးလေး ဘယ်မှာလဲဆိုရင် သူ့ရင်ဘတ်ကိုပုတ်ပြတယ်။ "တကူးကူး" စီးရရင် အရမ်းပျော်တာ။ ကျွန်မတို့နှစ်ယောက်သာ ခြေကုန်လက်ပန်းကျပေမယ့် သားသားက မမော။ သားသားဆော့လို့ ကောင်းနေချိန် ရပ်လိုက်ရင် ထပြီး ဂျီတော့တာပဲ။ ပြန်ဆော့ပေးမှ ကျေနပ်တာ။ ဘာပဲဆော့ ဆော့ သားသားကို အစမလုပ်ရဲဘူး။
သားသားကို အခုအချိန်မှာ ထမင်းကျွေးရတဲ့ အလုပ်က အခက်ဆုံးပါပဲ။ သားသားကို ကြက်သားဆန်ပြုတ်၊ ငါးရံဆန်ပြုတ်၊ ကြက်သားဆန်ပြုတ်နှင့်ဥနီ၊ whipped potato from KFC၊ အားလူးကိုကြက်ရိုးနှင့်ပြုတ်ပြီး ကျွေးသောအားလူးထောင်း၊ Heinz ကထုတ်တဲ့ ကလေးအစားအစာ အမျိုးမျိုး၊ မုန့်လက်ညှိး၊ Cereal၊ ငှက်ပျော သီးအမှုန့်ကို ရေနွေးဖျော် ... လောလောဆယ် သားသားကိုကျွေးနေတာတွေပါ။ ဂျေးများစပြုလာပါပြီ။ သားသား ကို ၁၀နာရီခွဲ ၁ကြိမ်၊ ၁နာရီ ၁ကြိမ်၊ ၄နာရီ ၁ကြိမ်၊ ၁နေ့ ၃ကြိမ်ကျွေးတယ်။ အရမ်းဆာနေတဲ့ အချိန်ကျွေးတာ အကောင်းဆုံးပါ။ ၁ခါ၁ရံ ပုံမှန်ထက် နာရီဝက်နောက်ကျပြီး ကျွေးပါတယ်။ အစားစားရတော့ ငြိမ်ငြိမ်လေးထိုင်ပြီး စားရတယ်လေ။ မေဆာ့ရေတာ့ မၿငိမ္ဘူး။ မစားချင်ဘူးပေါ့။ အခုတော့ သားသား စားချင်သလောက်ပဲစား၊ ခဏနား၊ နောက်၁နာရီနေရင် ပြန်ထပ်ကျွေး။ အခါခါကျွေးရတော့တာပေါ့။ ကျွေးနေတုန်း ကျွန်မက သားသားရီအောင် လုပ်ရပါသေးတယ်။ နို့ဗူးက နေ့ ၂ဗူး၊ ည၂ဗူးကတော့ ပုံမှန်ပါပဲ။ ၁ဗူးကို 200 ML ပါ။
သားသားက အမေကို အရမ်းကပ်လာပါတယ်။ သားသားက ၂ပတ်ကို ၁ခါ ပုံစံပြောင်းလဲလာတတ်ပါတယ်။ သား သားကလိုချင်တာ၊ လုပ်ချင်တာရှိရင် ဖေဖေနှင့်မေမေကို ၀ူးဝူးဝါးဝါးနဲ့စကားတွေပြောတယ်။ ဘာတွေပြောပြီး ဘာလိုချင်မှန်းလဲမသိပါ။ သားသား၁ခုခုကိုအလိုမကျရင်၊ မကြိုက်တာလုပ်မိရင် လက်ချောင်းကျစ်ကျစ်ပါအောင် ဆုတ်၊ အသားတဆတ်ဆတ်တုန်ပြီး စိတ်တိုကြောင်းပြတတ်ပါတယ်။ ဒေါသအရမ်းကြီးပါတယ်။
မေမေ့ကို ခွခေါင်းအုံးပေါ်ကနေ ကြည့်နေတာ မေမေရဲ့ လျှပ်တပြက် ရိုက်ချက်ပေါ့ဗျာ

သားသားက မေမေကို ပဲပေးနေတာပေါ့
သားသားမတ်တပ်ရပ်လိုက်တာ အရှိန်မထိန်းနိုင်လို့ ပြုတ်ကျတာ မေမေရဲ့ လျှပ်တပြက်ရိုက်ချက်ပေါ့ဗျာ သားသားက ပြောတယ်။ blog ပေါ်က မေမေသူငယ်ချင်းများခင်ဗျာ။ သားသား အကြောင်းတွေကို မေမေက ဆက်ရေးဦးမှာပါ။ စောင့်မျှော်ကြပါဦးခင်ဗျာ။
Labels:
အချစ်ရဆုံး သားလေးများ
Tuesday, October 26, 2010
ကြက်သား ခါးပတ်ချက်

Labels:
စားကြမယ်
Monday, October 25, 2010
ဝက်နံရိုး ကော်ရည် ခေါက်ဆွဲ
အရင်ဦးဆုံး ၀က်နံရိုးကို ဆား၊ အချိုမှုန့် နှယ်ပြီး ၁ည နှပ်ထားလိုက်ပါတယ်။ ရေထည့်၊ အနံပျောက်သွားအောင် ဂျင်း လက်၁ဆစ်ပါ ထည့်ပြီး ၁နာရီခန့်ကြာအောင် ပြုတ်ပါတယ်။ ကန်စွန်းရွက် ရေဆေးပြီး အနေတော်လှီးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ ထည့်ပြီး ပြုတ်ပါတယ်။ မှို ခြောက်ကို ရေဆေးပြီး ပြုတ်ပါတယ်။ ဇကာမှာ ပြုတ်ထားသော ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မှိုခြောက်ကို ရေစစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ခေါက်ဆွဲဖတ်က NTUC, Fair Price ကနေ ၀ယ်လာတော့ ခေါက်ဆွဲဖတ်ကို ရေဆူုဆူမှာ ၅မိနစ်ထားပါတယ်။ ရေသွန်ပစ်ပြီး ပန်းကန်ထဲမှာ ထည့်ထားပါတယ်။ ဒယ်အိုး ၁လုံးထဲမှာ ရေထည့် ပြီး ရေဆူလာရင် ကော်မှုန့် ဟင်းခတ်ဇွန်း ၃ဇွန်း အမောက် ထည့်ပါတယ်။ ပဲငံပြာရည် အကြည် အဖုံးပြည့် ၂ခွက် ထည့်ပါတယ်။ ပဲငံပြာရည် အနောက် အနည်းငယ်၊ ခရုဆီ အနည်းငယ်ထည့်ပါတယ်။ ယောင်းမဖြင့် မွေပေးပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ကြက်ဥ ၁လုံးကို ဖောက်ပြီး နှာနှာခေါက်ပါ။ ယောင်းမဖြင့် မွေနေတဲ့ အချိန်မှာ နှာနှာ ခေါက်ထားသော ကြက်ဥအရည်ကို ဇွန်းမှာ ခပ်ပြီး ဇြည်းဖြည်းချင်း ထည့်ပြီးမွေပါ။ ကြက်ဥအမျှင် အဖတ်လေးတွေ ဖြစ်လာပါလိမ့်မယ်။ ၀က်ပြုတ်ရည်ပါထည့်ပေးပါ။ ပွက်ပွက်ဆူလာလျင်ရပါပြီ။ ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ်ထည့်၊ ကန်စွန်းရွက်ထည့်၊ ပဲပင် ပေါက်ထည့်၊ မှိုခြောက်ထည့်၊ ၀က်နံရိုးထည့်၊ ကော်ရည်ထည့်၊ ကြက်သွန်ဖြူကြော် ထည့်ပြီး စားနိုင်ပါပြီ။ ငပိ ထောင်းကို သံပုရာရည်ညစ်ပြီး သုံးဆောင်ရင် အလိုက်ဖက်ဆုံးပါပဲ။
ခေါက်ဆွဲ၊ ကန်စွန်းရွက်ပြုတ်၊ ပဲပင်ပေါက်ပြုတ်၊ ၀က်နံရိုးပြုတ်၊ ငပိထောင်း၊ မှိုခြောက်ပြုတ်၊ ကော်ရည်၊ ကြက်သွန် ဖြူဆီချက်
ငပိထောင်းလုပ်နည်းက ဒီမှာ ရေးပြီးသားမို့လို့ မရေးတော့ဘူးနော်။
Labels:
မြန်မာ့ရိုးရာ စားစရာ
Sunday, October 24, 2010
ကျွန်မရဲ့ ဟင်းချက်နည်း

ကျွန်မရဲ့ဟင်းချက်နည်းကတော့ ချက်မယ့်အချိန်ရောက်ရင် မြန်မြန်ချက်နိုင်အောင် ပြင်ဆင်ထားတာပါပဲ။ ကျွန်မက မချက်ခင်ညမှာ နောက်နေ့ချက်ဖို့အတွက် ပြင်ဆင်ထားလေ့ရှိပါတယ်။ ပန်းကန်ထဲမှာ အစီအရီ ထည့် ထားလိုက်ပါတယ်။ နောက်နေ့ ချက်မယ့် အချိန်ရောက်တော့ ကောက်ပြီးထည့်လိုက်ရုံပါပဲ။ ပိုမြန်တာပေါ့။
ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုထောင်းထားပြီး ၁ပတ်စာ ပြင်ဆင်ထားတာပါ။ ၁ပတ်စာ ဆိုပေမယ့် ၁ခါ၁လေ ၁ပတ်မပြည့်ခင်လည်းကုန်တတ်ပါတယ်။ ကိုယ်ချက်တဲ့အပေါ်မှာမူတည်ပါတယ်။ အသား၊ ငါးကို ချက်မယ့်နေ့ မတိုင်ခင် ညမှာ ဟင်းချက်မယ်ဆိုရင် ဆား၊ ဆနွင်း၊ အချိုမှုန့်ထည့်၊ အချိုချက်မယ် ဆိုရင် ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး နှပ်ထားလိုက်တာပါပဲ။
ကြိတ်စက်နဲ့ ကြက်သွန်နီ အကြီးကြီး ၆ခုခွာ ပါးပါးလှီး၊ ကြက်သွန်ဇြူ ၁ဥခွာ ပါးပါးလှီး၊ ဂျင်း လက် ၃ဆစ် ပါးပါးလှီး၊ ငရုတ်ပွခြောက်ကို ရေစိမ်၊ အခွံချွတ်၊ အစေ့ထုတ် ပြီးရင် အားလုံးကိုကြိတ်လိုက်ရင် ပုံမှာပြထားတဲ့အတိုင်း တွေ့ရ မှာပါ။
ငရုတ်ဆုံကတော့ ငပိရည်ဖျော်တဲ့ အခါ၊ မန်ကျည်းသီးစိမ်းထောင်းတဲ့ အခါပဲသုံးဖြစ်တယ်။ ၁ခါ၁လေ မလုပ်ချင်ရင် Blander နဲ့ ကြိတ်လိုက်တာပဲ။
ဆီသတ်ချက်မယ် ဆိုရင် ကြက်သွန် နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား ထည့်လိုက် တာပါပဲ။ ဥပမာ - ကြက် သားဟင်း၊ ၀က်သားဟင်း။ ဆိတ်သား၊ အမဲသား ချက်မယ်ဆိုရင်တော့ မွေးအောင် ကရဝေးရွက်၊ သစ်ဂျပိုးခေါက်၊ ဖလာစေ့ ဟင်းမွှေးမဆလာ ထည့်လိုက်တာပါပဲ။ အဲဒီဟင်းတွေချက်မယ်ဆိုရင် ဂျင်းကတော့ ပုံမှန်ထက် ပိုထည့်ပေးရင်ကောင်းပါတယ်။
မြစ်ချဉ် နှင့်ဝက်သားဟင်း၊ ပုဇွန်ဟင်း၊ ငါးခြောက်ဟင်း၊ ငါးနှင့်ပတ်သက်တာ မှန်သမျှတွေကို ကြက်သွန်နီ၊ ကြက် သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ထောင်းထားပြီးသား အပြင် ခရမ်းချဉ်သီး စိပ်ပြီး ဆီသတ်ထည့်တာပိုကောင်းပါ တယ်။ ငရုတ်သီးစိမ်းတောင့်ခြမ်းပြီးသားပါ ထည့်ပေးပါ။ ဆီပြန်ပြီ ဆိုလျင် အပေါ်ကနေ နံနံပင် အုပ်ပါ။
အချိုချက်မယ်ဆိုရင် ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း လက်၁ဆစ် ပါးပါးလှီးပြီး ချက်မယ် နေ့ မတိုင်ခင်ညမှာ ပြင်ဆင်ထားလိုက်ပါတယ်။ အသား၊ ငါးတွေကိုတော့ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ခရုဆီထည့်ပြီး ၁ညနှပ်ထားပါတယ်။
ဟင်းရွက်တွေကိုတော့ ကြက်သွန်ဇြူ ဓားပြားရိုက်ပြီးတော့လည်း ကြော်ပါတယ်။ ကြက်သွန်နီ ပါးပါးလှီး ပြီးတော့ လည်းကြော်ပါတယ်။
အရည်သောက်ကိုတော့ ကြက်သွန်ဖြူ၃မွှာလောက်ဓားပြားရိုက်၊ငပိစိမ်းစားထည့်၊ ပုဇွန်ခြောက်မှုန့်ထည့်ပါ တယ်။
ချဉ်ရည်ဟင်းကျတော့ ထုံးစံအတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဇြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ဆီသတ်၊ ခရမ်းချဉ်သီး စိပ်ထားပြီးသားထည့်၊ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ငါးခေါင်းထည့် (ကိုယ်ကြိုက်တာ ထည့်လို့ရပါ တယ်)။ ၅မိနစ်လောက်ထား၊ ပြီးမှ ရေနွေးထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်၊ မန်ကျည်းမှည့်လေး အရည်ဖျော်ထည့်တော့ ချဉ်ရည်ဟင်း ၁ခွက်ရရော။
ကျွန်မဟင်းချက်ရင် ရေထပ်ထည့်ဖို့လိုရင် ကျိုထားပြီး ပူနေသော ရေနွေးပဲ ထည့်ပါတယ်။ ရေအေးထည့်လိုက် တာနဲ့မတူပါဘူး။ ရေအေးထည့်ပြီးချက်ရင် အသားကဆိတ်တောက်တောက် ဖြစ်တတ်ပါတယ်။ တနည်းအားဖြင့် စားမကောင်းပါဘူး။
ဒါတွေကကျွန်မဟင်းချက်ရင်ဘယ်လိုချက်သလဲဆိုတာအားလုံးကို သိစေချင်သောရည်ရွယ်ချက်ဇြင့်ဝေမျှတာပါ။
Labels:
စားကြမယ်
Saturday, October 23, 2010
တို့ဖူးသုတ် နှင့် တို့ဖူးကြော်
တို့ဖူးကျိုအပြီး
မွှေးတံဆိပ် ကုလားပဲ ပဲအစိမ်းမှုန့် ၁ထုပ် လုံးသုံးထားပါတယ်။ ဆန်ချင်ခွက် နဲ့ ၂ခွက်ပဲရပါတယ်။ ၂ခွက်ကို ရေက ၅ခွက်ခွဲပါ။ ရေအချိုးအစားက အရမ်း အရေးကြီးပါတယ်။ ပြီးရင် ပလပ်စတစ်ဇလုံထဲမှာ ပဲအစိမ်းမှုန့် ဆန်ချင်ခွက် နဲ့ ၂ခွက်၊ ရေက ဆန်ချင်ခွက်နဲ့ ၅ခွက်ခွဲ၊ ဆနွင်းမှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ အချိုမှုန့် အနည်းငယ် ထည့် ပါ။ ပဲအစိမ်းမှုန့် လုံးမသွား အောင် ကြက်ဥခေါက်တဲ့အတံနဲ့ နာနာမွေပေးပါ။ ပြီးရင် ဒယ်အိုးထဲကို အားလုံး လောင်းထည့်လိုက်ပါ။ မီးဖွင့်ပြီး ယောင်းမဖြင့် အိုးကပ်မသွားအောင် နာနာ မွေပေးပါ။ လက်အတော်ညောင်း လောက်အောင်ကို မွေရပါတယ်။ ၁၅မိနစ် လောက် မွေပြီးရင် ရပါပြီ။ ထို့နောက် ပန်းကန်ပြားပြား၊ အ၀ကျယ် ကျယ် ၁ခုထဲကို လောင်း ထည့် လိုက်ပါ။ ၁နာရီလောက် အအေးခံပြီးရင် ရပါပြီ။
တို့ဖူး မသုတ်ခင်
တို့ဖူးသုတ်
တို့ဖူးကြော်
Labels:
မြန်မာ့ရိုးရာ စားစရာ
Thursday, October 21, 2010
သားသား အသုံးအဆောင်ပစ္စည်းများ
သားသား မွေးစက တံဆိပ် ၁မျိုးထဲကိုပဲ အားလုံးသုံးဖြစ်ပါတယ်။ ၁ချို့ အမျိုးအစားက ကောင်းတာရှိသလို ၁ချို့ အမျိုးအစားက မကောင်းပါဘူး။ ကလေးအတွက် အသုံးအဆောင်ပစ္စည်းတွေ ၁နေရာထဲ ရနိုင်တာကတော့ Kiddy Palace မှာ အစုံရပါတယ်။ ကျွန်မကတော့ Member ၀င်ထားပါတယ်။ ၀ယ်တဲ့ ပစ္စည်း ၁ခုချင်းစီကို 10% Discount ရပါတယ်။ ဈေးကလည်း အတော်အသင့်ပါပဲ။ အတော်အသင့်ဆိုပေမယ့် ကလေး ပစ္စည်းကတော့ အားလုံးထက် ဈေးကြီးပါတယ်။ မ၀ယ်လို့ကလည်း ရမှမရတာလေ။ သားသား အသုံးအဆောင်ပစ္စည်းများကို ပြောပြရင်းနဲ့ နောက်မွေးလာမည့် သူငယ်ချင်း ကလေးတွေအတွက် ရည်ရွယ်ပြီး ဖော်ပြလိုက်ပါတယ်။
- ကလေး နို့ဗူးအတွက်ကတော့ Nestle ကထုတ်တဲ့ Nestle Nan Pro ကိုသုံးပါတယ်။
- ကလေးနို့ဗူးကိုဆေးတဲ့အခါမှာ ဒီအတိုင်း ဆေးလို့ မရပါဘူး။ ဆပ်ပြာနဲ့ အရင်ဆေး၊ ပြီးတော့ ပုလင်းဆေးတဲ့ အတံ နဲ့ အောက်ခြေကို ပျောက်အောင် ဆေးပေးရပါတယ်။ ပြီးမှ နို့ဗူး အားလုံးကို ပေါင်းရပါတယ်။ ကျွန်မသုံးတဲ့ တံဆိပ် က Electric Sterilizer of Tommee Tippee ပါ။ ၄ဗူးပါတယ်။ 300 ML အကြီး ၃ဗူး၊ 150 ML အသေး ၁ဗူး ပါ ပါတယ်။ ဈေးက ၁၅၀ ၀န်းကျင်ရှိပါတယ်။ ၄ဗူးနဲ့ မလောက်ပါ ဘူး။ နောက်ထပ် ၃ဗူး ထပ်တိုးရပါတယ်။ Pigeon တံဆိပ်သုံးပါတယ်။ ၇ဗူး ဆိုရပါပြီ။ Tommee Tippee အားသာချက်က ဗူးက ရှည်ရှည်မျောမျော အ၀ကျယ်တော့ နောက်ထပ်ဗူး ထပ် ထည့်လို့ရ ပါတယ်။ အားနည်းချက်ကတော့ အပြင်သွားရင် နို့ဗူးက နို့ရည်တွေ ထွက်ကျပါတယ်။
- ကလေးအညစ်အကြေးသန့်စင်ဖို့ Wet Tissues က Piyo Piyo တံဆိပ်သုံးပါတယ်။ ထူလဲထူတယ်။ ဈေးလဲ သက်သာပါတယ်။ ၁၀ ဖိုး ၃ခုနဲ့ Kiddy Palace မှာ ၀ယ်လို့ရပါတယ်။ Pigeon တံဆိပ် Wet Tissues က အရမ်းပါး ပါတယ်။ ဈေးကလည်း အတူတူပါပဲ။
- Diaper အတွက်က Pampers တံဆိပ်သုံးပါတယ်။ ဒီတံဆိပ်က Diapers ထဲမှာ ဈေးကြီးပါတယ်။ ကောင်း လဲကောင်းပါတယ်။ မွေးကာစ ကလေးဆိုရင် အလယ်မှာ အစင်းကြောင်းပါ ပါတယ်။ အစင်းကြောင်း အရောင်ပြည့် သွားရင် လဲပေးရပါတယ်။ ကလေးကိုယ်အလေးချိန်အလိုက် သုံးရတာပါ။ ကျွန်မကတော့ သားသားကို အနာတရ မဖြစ်အောင်လို့ Medium သုံးရမယ့်အချိန်မှာ Large သုံးပါတယ်။ ကျွန်မကတော့ NTUC Fair Price မှာ လျော့ ဈေးရှိရင် ၀ယ်လိုက်တာပါပဲ။
- ကလေးအတွက် ပေါင်ဒါကတော့ Johnson တံဆိပ် သုံးပါတယ်။
- Nappy မလဲခင်မှာ ကလေးရဲ့ ပေါင် မပွန်းအောင် လဲပေးရတဲ့ ဆေးက Drapolene တံဆိပ် Cream ပါ။ Watsons မှာ ၀ယ်လို့ရပါတယ်။ ၂ဗူးကိုမှ 6.90 ပဲပေးရပါတယ်။ ၁ဗူးကို ၂လ နီးပါးခံပါတယ်။
- ကလေးရေချိုးဖို့အတွက်က အရင်က Johnson တံဆိပ်သုံးပါတယ်။ Johnson က ဆပ်ပြာထည့်တာ လက် လွန်သွားရင် ကလေးကိုယ်မှာ ဆပ်ပြာမှုန့်တွေ ကျန်ခဲ့ပါတယ်။ အခု ကျွန်မသုံးနေတာက Pigeon တံဆိပ် Baby Soap ပါ။ ဗူးကလုံးလုံးပုပုလေးပါ။ လက်ဆောင်ရထားတာပါ။ သုံးနေတာ ၆လကျော်ပါပြီ။ အခုအချိန် ထိမကုန်သေးပါဘူး။ ကောင်းတဲ့အချက်ကတော့ ဆပ်ပြာနဲ့ကလေးကိုဆေးရင် အမြုပ်ထွက်လာပြီး ရေနဲ့ ထိတွေ့သွားရင်ပျော်ပြီး ရေအတိုင်းပြန်ဖြစ်ပါတယ်။ ဆပ်ပြာအများကြီးသုံးသုံး ကလေးကိုယ်မှာ ဆပ်ပြာ အမြုပ်လည်း မကပ်ပါဘူး။ ကလေးရေချိုးပြီးလဲ ရေအတိုင်းပါပဲ။
- ကလေးခေါင်းလျှော်ဖို့အတွက်လည်း Pigeon တံဆိပ် Baby Shampoo သုံးပါတယ်။ မျက်စိထဲ ဆပ်ပြာ မတော်တဆ ၀င်ခဲ့ရင်တောင် ကလေးက ဆပ်ပြာမစပ်ပါဘူး။
- ကလေးအတွက် အားဆေးကတော့ Appeton တံဆိပ် Infant တိုက်ပါတယ်။
- ကလေးအတွက် ဖြည့်စွက်စာကျွေးမယ်ဆိုရင် Heinz တံဆိပ်လဲကောင်းပါတယ်။ သားသားကတော့ အရမ်း ကြိုက်ပါတယ်။ ဒါပေမယ့် ၁ချို့ ကလေးတွေလည်း မကြိုက်ပါဘူး။
- နောက်ထပ် ကလေးအတွက် ဖြည့်စွက်စာ ၁ခုက Nestle တံဆိပ်တွေပါပဲ။
- ကလေးတွန်းလှည်းကတော့ Capella တံဆိပ် သုံးပါတယ်။ ကျွန်မအတွက်ကတော့ ပေါ့မယ်ထင်တာရွေး ၀ယ်လိုက်တာပါ။ ဈေးနှုန်းကတော့ ၂၁၉ ပါ။
ကျန်တာတွေကတော့ ချဲ့ရင်ချဲ့သလောက်ကုန်ပါတယ်။ ဒါတွေက ကလေးလစဉ်သုံး မရှိမဖြစ်တွေကို ဖော်ပြလိုက် ပါတယ်။ ကျွန်မအတွက်ကတော့ ကလေးစရိတ်က ၁လ ၁လ ၂၅၀ ၀န်းကျင်ရှိပါတယ်။
Labels:
အချစ်ရဆုံး သားလေးများ
Wednesday, October 20, 2010
ကြက်သား နှင့် ဂွေးတောက်ရွက် အရည်သောက်ချက်
ဂွေးတောက်ရွက်ကို City Hall ကနေ၀ယ်လာတာပါ။ S$ 1 ကျပ် ပေးရပါတယ်။ဂွေးတောက်ရွက် ၁၀က်ကို ၂ခြမ်းပိုင်း လိုက်ပါတယ်။ မချက်ခင်ရေဆေးထားပါ။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ် ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ အရည်သောက် ချက်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အနည်းငယ်ပဲ ထည့်ပါတယ်။ ထည့် ထား သောအရာများ နွမ်းလာလျင် နှပ်ထားသော ကြက်သားထည့်ပါ တယ်။ ဆီပြန်လာ သည်အထိ ယောင်းမဇြင့် မွေပါ။ ဆီပြန်စပြုလျင် ရေနွေးထည့်ပြီး ကြက်သားနှုးလာသည်အထိစောင့်ပါ။ ကိုယ်လို ချင်တဲ့ အနေအထား လည်းရောက်ပြီ၊ ကြက်သားလည်း နှုးပြီဆိုလျင် ဂွေးတောက်ရွက်အုပ်ပါ။ ၅မိနစ်နေရင် အရသာမြည်းပြီး ချလို့ ရပါပြီ။
Labels:
စားကြမယ်
Tuesday, October 19, 2010
ကြက်သား နှင့် ကုလားပဲ ဟင်းဆီပြန်
ကုလားပဲကို ၁ည ရေစိမ်ထားပါတယ်။ ကြက်သားကိုလည်း ဆား၊ ဆနွင်း၊ အချိုမှုန့်ဇြင့် နှယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက် လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင် သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာ များကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ကြက်သားထည့်ပါ။ ၅မိနစ်ထားပြီး ယောင်းမဇြင့် မွေပေးနေပါ။ ကုလားပဲထည့်ပါ။ ကုလားပဲကို အိုးမကပ် အောင် ယောင်းမဖြင့်မွေပါ။ ရေနွေးထည့်ပါ။ ကုလားပဲနှုးပြီး ဆီပြန်ပြီ ဆိုလျင် စားလို့ရပါပြီ။
Labels:
စားကြမယ်
Monday, October 18, 2010
ဆိတ်ကလီစာဟင်း ဆီပြန်
ဆိတ်ကလီစာကို ဆား၊ ဆနွင်း၊ အချိုမှုန်၊့ ကုလားဆိုင်မှာ ရောင်းသော အမွေးအနံ ၂မျိုး ကိုထည့် (နာမည် မေ့နေ ပါတယ်)။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ကုလားဝေးရွက် ၃ရွက်၊ သစ်ဂျပိုးခေါက် ၃ခုတို့ဖြင့် ဆီအရင်သတ်ပါ။ မွေးလာမှ ထောင်းထားသော အရာများကို ထည့်ပါ။ နွမ်းစပြုလာလျင် နှပ်ထားသော ဆိတ်ကလီစာထည့်ပါ။ ၅မိနစ် လောက် မွေပြီးမှ ရေနွေးထည့်ပါ။ ရေနွေး ၃ရေ ထည့်ပြီး ဆီပြန်လျင် စားလို့ ရပါပြီ။
Labels:
စားကြမယ်
Subscribe to:
Posts (Atom)