Saturday, July 4, 2009

ဂဏန်းမဆလာရေပြန်ဆီကျန်



ဂဏန်းကို ထက်ပိုင်းပိုင်း သို့မဟုတ် ထုပါ။ ဂဏန်းကို ဆား၊အချိုမှုန့်တို့ဖြင့် နယ်ပါ (ဆနွင်းမထည့်ရပါ)ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်ပြီဆိုလျင် ပျဉ်တော်သိမ်ရွက် ထည့်ပါ။ ပျဉ်တော်သိမ်ရွက် မွေးလာပြီဆိုရင် ထောင်းထားသော အရာများကိုထည့်ပါ။ ဂဏန်းထည့်ပါ။ တရုတ်မဆလာ အနည်းငယ်ထည့်ပါ။ အရည်သောက်ချက်တာဖြစ်တဲ့အတွက် ရေနွေးကို မှန်းပြီးထည့်ပါရကျပြီဆိုလျင် ဂဏန်းဟင်းရပါပြီ။ အပေါ်ကနေ ကြက်သွန်မြိတ်ကို လှအောင်အုပ်ပေးပါ


No comments: