Sunday, July 5, 2009

ဒန့်သလွန်ရွက်ဟင်းချို

ဒန့်သလွန်ရွက်ဟင်းချိုကို ဒီအတိုင်းချက်တာထက် ကျွန်မကတော့ ငါးကြင်းခေါင်းနဲ့ချက်ပါတယ်။ ပိုချိုပြီးစား လို့ကောင်းပါတယ်။
ဒန့်သလွန်ရွက်ကို အရွက်ကလေးတွေရတဲ့ အတိခြွေပါ။ ကြက်သွန်နီပါးပါးလှီး သို့မဟုတ် ကြက်သွန်ဖြူအခွံနွာပြီး ဓားပြားရိုက်ထားပါ။ ရေကို ထည့်ပြီးဆူအောင်တည်ပါ။ ရေဆူလာပြီဆိုမှ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာ သို့မဟုတ် ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ အနံပျောက်မှ ငါးကြင်းခေါင်းထည့်ပါ။ (အနံမပျောက်ခင်ထည့်ပါက နံတတ်ပါတယ်)။ ငါးကြင်းခေါင်းနှုးပြီဆိုပါက ဒန့်သလွန်ရွက် ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်ရွက် အနံပျောက်ပါက ချလို့ရပါပြီ။

No comments: