Wednesday, July 22, 2009

ငါးနီတူခြောက်ကြော်စပ်စပ်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းပါးပါးလှီးထားပါ။ ဆီထည့်ပြီး ငါးနီတူခြောက်များကို မီးအေးအေးဖြင့်ကြော်ပါ။ အနီရောင် မသန်းခင်ဆယ်ပါ။ ပါးပါးလှီးထားသောအရာများကိုထည့်ပါ။ နွမ်းလာလျင် ငရုတ်သီးလေးစိပ်ကွဲ ထည့်ပါ။ ငရုတ်သီးအနံပျောက်လျင် မီးဖိုမှချပါ။ ငါးနီတူခြောက်၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ဂျင်းကြော်၊ ငရုတ်သီးလေးစိပ်ကွဲတို့ကို ဆား၊ အချိုမှုန့်တို့ဖြင့် နှံအောင် နှယ်ပါ။

2 comments:

Anonymous said...

ငါးနီတူခြောက်ကြော်လေးနဲ့ သီးစုံဟင်းချို နဲ့ထမင်းပူပူလေးစားရင် ဘယ်လောက်ကောင်းမလဲ

Myo Mon Yee Oo said...

ငါးနီတူခြောက်ကြော်ကရက်ရှည်စားရအောင်ကြော်ထားတာ။ ငါးနီတူခြောက်ကြော်ထက်ငရုတ်သီးကြော်လေးကိုရွေးစားတာ