Thursday, July 9, 2009

Mandalay နန်းကြီးသုတ်






  1. နန်းကြီးဖတ် ရေနွေးဖျော် ၊ 
  2. မန်းတလေး ပဲမှုန့်၊ 
  3. ပဲပင်ပေါက် ရေနွေးဖျော်၊ 
  4. ငါးဖယ်ကို ဂျင်း ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်ထည့်ပြီးရောမွေ ပြီးရင်ထောင်း၊ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြား ရိုက်ထားတာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာထည့်ပြီး ၅မိနစ်နေမှ ငါးဖယ်ကို လုံးပြီးထည့်ပါ။ 
  5. ကြက်သားကို အသားချည်းပဲဝယ်ပါ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြားရိုက်ထားတာ ကြက်သွန်ဖြူ ဓားပြား ရိုက်ထားတာ ထည့်ပြီး ၅မိနစ်နေမှဆားအချိုမှုန့် ကြက်သားနှယ်ထားတာထည့်ပြီး ပြုတ်ပါ။ ကြက်သားနှုးလာလျင် ကြက်သားချည်းဆယ်ပြီး အအေးခံထားပါ။
  6. ကြက်ပြုတ်ရည်ထဲကို ငါးဖယ် ပြုတ်ရည် ထည့်ပြီး ပွက်ပွက်ဆူပါက နံနံပင်ထည့်လိုက်ပါ။ ကြက်သားကို အမျှင် ရအောင် နွင်ပါ။ 
  7. ဆီ ၂၅ကျပ်သားခန့်ထည့်ပြီး ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းထောင်းပြီး ဆီသတ်ပါ။ ငရုတ်အရောင်တင်မှုန့်ထည့် ကြက်သားထည့်ပြီး ဆီပြန်လာလျင်ရပါပြီ။
  8. ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အ၀ိုင်းလှီးပါ။ သံပုရာသီးစိတ်ပါ။ နံနံပင် ပါးပါးလှီးပါ။ အကြွတ်ကြော် အတွက် ခေါက်ဆွဲ အ၀ါရောင်ကို ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအေးအေးနှင့် အညိုရောင်သန်းလာတဲ့အထိကြော်ပါ။ 


ပြင်ဆင်ပုံ

နန်းကြီးဖတ်၊ ကြက်သားဖတ်၊ ငါးဖယ်လုံး၊ မန်းတလေး ပဲမှုန့်၊ ပဲပင်ပေါက်၊ ဆား၊ အချိုမှုန့်၊ အကြွတ်ကြော်၊

အချဉ်အတွက် = ကြက်သွန်နီအကွင်းလိုက်၊ သံပုရာသီး


No comments: