Sunday, July 5, 2009

ငါးဟင်းဆီပြန်

ငါးကို အထဲက အူ၊ ကလီစာများ၊ ပါးဟပ်များ ထုတ်ပါ၊ အနေတော်အတုံးလေးများဖြစ်အောင်တုံးပါ။ ငါးကိုဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး ပါးပါးလှီးပါ။ ဆီထည့်ပြီး ထောင်းထား တာတွေကိုဆီသတ် ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ ဆီပြန်လာတဲ့အရိပ်အရောင်သန်းလာပြီးဆိုလျင် ငါးထည့်ပါ။ ငရုတ်သီး စိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်ပြီဆိုလျင် အပေါ်ကနေ နံနံပင်လေးအုပ်ပါ။

No comments: