Saturday, July 4, 2009

ပုဇွန်ဟင်း

ပုဇွန်ကိုအခွံနွာ၊ ပုဇွန်အလယ်ကို ဓားဖြင့်ခြမ်းပြီး ချီးတွေကိုထုတ်ပါ။ ပုဇွန်ကို ဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး ပါးပါးလှီးပါ။ ဆီထည့်ပြီး ထောင်းထား တာတွေကို ဆီသတ် ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ ဆီပြန်လာတဲ့အရိပ် အရောင်သန်းလာပြီးဆိုလျင် ပုဇွန်ထည့် ပါ။ ပုဇွန်ကိုအကြာကြီးမထားရပါ (ပုဇွန်မာသွားရင်စားမကောင်းပါ)။ ငရုတ်သီးစိမ်းတောင့် ၂ခြမ်းခြမ်းထားတာထည့် ပါ။ ပုဇွန်ကျက်ပြီဆိုလျင် နံနံပင်လေးကို အပေါ်ကနေလှအောင် အုပ်လိုက်ပါ။

No comments: