Tuesday, June 30, 2009

ခေါက်ဆွဲကြော်

ခေါက်ဆွဲကို ကြိုက်ရာအသားဖြင့်ကြော်နိုင်ပါတယ်၊ ၀က်သားနဲ့ကြော်ထားပါတယ်။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အနောက်တို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ၀က်သားနှုးပြီဆိုလျင် အနေတော်အရွယ်လှီးပါ ဆီသတ်ရန်အတွက် ကြက်သွန်နီကိုပါးပါးလှီးထားပါ။ ဂေါ်ဖီကိုလည်း အနေတော်လှီးထားပါ (ကြိုက်ရာအရွက် များထည့်ပြီးလည်းကြော်နိုင်ပါတယ်)။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျင် ဆီထည့်ပါ။ ဆီကျက်လျင် ပါးပါးလှီး ထားသောကြက်သွန်နီထည့်ပါ။ ၀က်သားထည့်၊ ဂေါ်ဖီထည့်ပါ။ ခေါက်ဆွဲထည့်ပါ။ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် အနောက် အနည်းငယ်ထပ်ထည့်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး နာနာ သမအောင်မွေပါ

No comments: