Tuesday, June 16, 2009

အင်းဥချက်နည်း


အင်းဥကို Singapore မှာတော့ ၀ယ်လို့မရပါဘူး။ ရန်ကုန်ကနေ လူကြုံနဲ့ ပို့လိုက်လို့ပါ။ စားကောင်းပေမယ့် အရမ်းလက်ဝင်ပါ တယ်။ မိုးရာသီကာလမှ ရတတ်ပါတယ်။

ပထမဦးစွာ အင်းဥကိုရေစင်အောင်ဆေးပါမယ်။ ၁လုံးချင်းဆီကို အဖြူရောင်ဖြစ်တဲ့အထိ ဓားလေးနဲ့သေသေ ချာချာခြစ်ပါ။ ပြီးရင်ရေနွေးနဲ့ထပ်ပြီး ဆေးပါ။ ၁လုံးခြင်းဆီကို ထက်ခြမ်းခြမ်းပါ။ ဆနွင်း၊ အချိုမှုန့်တို့ဖြင့်နှယ်ပါ။ ကြက်သွန်ဖြူ ကိုညက်ညက်ထောင်းပါ။ ဆီပူလာရင် ညက်ညက်ထောင်းတာတွေကို ဆီသတ်ပါ။ အင်းဥထည့်ပါ။ အင်းဥ ကိုနှုးအိနေတဲ့ အထိပြုတ်ပါ။ အင်းဥကျက်ရင်သံပုရာသီးလေးနဲ့ညစ်စားပါ။


No comments: