Sunday, June 14, 2009

Singapore ရဲ့ဘ၀အစ

ကျွန်မ Singapore ကို January 29, 2006 မှာ Silk Air နဲ့ရောက်ပါတယ်။ လေယာဉ်အောက်ခြေ အထိ အဖေ နဲ့ အဒေါ် လိုက်ပို့ပေးခဲ့တယ်။ အဖေ နဲ့ နှုတ်ဆက်ပြီးချာကနဲ လှည့်အထွက် လေယာဉ်ပေါ် အတက် မျက်ရည်ပေါက်ပေါက်ကျခဲ့ ရတယ်။ အဖေ ကို ရန်ကုန်မှာ ၁ယောက်ထဲထားခဲ့ရတယ် ဆိုတဲ့စိတ်ရယ်၊ Singapore မှာ ၁ယောက်ထဲ Independent နဲ့နေနိုင်ပါ့ မလားဆိုတဲ့ စိတ်နဲ့ မျက်ရည်ပေါက်ပေါက်ကျခဲ့ရပါတယ်။ အဖေကတော့မမြင်နိုင်ခဲ့ပါဘူး။ စိတ်ထဲမှာ ၁၀တန်းအောင်ပြီးစ သူတွေတောင်လုပ်နိုင်ရင် ငါကကော ဘာလို့မလုပ်နိုင်ရမှာလဲ ဆိုပြီး ကိုယ်ကိုကိုယ်အားတင်းပြီး ကိုယ့်ကိုကိုယ်အားပေးခဲ့ရပါတယ်။

အရင်ဆုံး Jurong East မှာ သူငယ်ချင်း၁ယောက် အကူအညီနဲ့ မြန်မာ အိမ်ရှင်နဲ့နေခဲ့ရတယ်။ MRT နဲ့ဝေးလိုက်တာ။ ကားက လည်းအရမ်းရှားတာ။ Master ဆက်တတ်ရန်အတွက်ရောက်လာခဲ့ရတယ်။ Social Visit Pass နဲ့။ ၁ပတ်နေတော့ မြန်မာ အိမ်ရှင် က ကျွန်မ ကိုကြည့်မရဘူးဆိုတဲ့ အချက်ကလေးနဲ့တင် ညကြီး ၁၁ နာရီ အိမ်ပေါ် ကဆင်းခိုင်းတယ်။ ကျွန်မ လဲ သမီးချင်းကိုယ်ချင်းစာပြီး ကျွန်မကို ၁ပတ် အချိန်ပေးပါလို့ အိမ်ရှင်ကို ပြောပြီး တံခါးပိတ်ပြီးနေခဲ့တယ်။

မနက်၆နာရီနိုးပြီး MRT ကိုပဲတောက်လျောက်စီးနေခဲ့တယ်။ ညနေကျတော့ အဖေဆီကို phone ခေါ်ပြီး အဒေါ်အကူအညီနဲ့ နောက်မြန်မာ အိမ်ရှင် အိမ်ကိုရောက်ခဲ့ပြန်တယ်။ SIC မှာကျောင်းတက်ဖို့စစုံစမ်းတော့ ကျွန်မရဲ့ Student Pass က မလာခင်ကတည်းက Rejected ဖြစ်ပြီးသား။ Myanmar Agent ကလည်း အကျိုးအကြောင်းမပြောပြခဲ့ဘူး။

အမျိုးတစ်ဦးက Master တက်ဖို့ နင့်မှာ အရည်အချင်းဘယ်လောက်ရှိလို့လဲ။ ကျွန်မကို အထင်သေးတဲ့စကားလုံး တွေနဲ့ပြောကြတယ်။ ကျွန်မ ရင်ဝကို အုတ်ခဲ၁ခုနဲ့ကောက်ထုလိုက်သလိုပါဘဲ။ ကျွန်မ အိပ်ယာထဲလဲခဲ့ရတယ်။ အဲဒီနေ့ကစပြီး ဘယ်တော့မှ မဆက်သွယ်တော့ပါဘူး။ သွားလည်းမသွားတော့ပါဘူး။

ဒီလိုနဲ့ social visit ၃လပြည့်တဲ့အထိကျွန်မရဲ့ student pass ကလည်းအခုချိန်ထိမရသေးပါဘူး။ SIC က ကျွန်မရဲ့ student pass ကိုပြန်မတင်ပေးတော့ auto reject ဖြစ်သွားတာ။ ၂ ၁/၂ လခွဲပြီးချိန်မှာ ကျွန်မလည်းအချိန်ပြည့် လမ်းပေါ်မှာကြီးပဲ။ Pass လေး ၁ခုရဖို့အတွက် ဘ၀ကိုရုန်းကန်နေရတယ်။ SIC ကိုလည်းတော်တော်စိတ်ကုန်နေပြီ။ နောက်ဆုံးကျွန်မ Singapore Agent နဲ့နောက်ကျောင်း၁ကျောင်းပြောင်းဖို့စီစဉ်ရပြီ။

JCU မှာ M.Sc (Information Technology)(e-businees) တက်ဖို့အတွက် Apply လုပ်ရပြန်တယ်။ IELTS 5.5 ပဲ ရလို့ English Level 3 တက်ပြီးမှ Master ဆက်တက်ခွင့်ပြုတယ်။ ကျောင်းရသွားတယ်ဆိုပါတော့။ ၁ရက်ထဲနဲ့ ကျွန်မရဲ့ situation ကို သေချာပြောပြတော့ ၃ ရက်အတွင်း student pass form က ICA ကိုရောက်သွားတယ်။ ဒါပေမယ့် Social Visit Pass ပြည့်တော့မှာဖြစ်တဲ့အတွက် ICA Officer နဲ့ထပ်တွေ့ရပါတယ်။ ကျွန်မ ဘကြီးက ကျွန်မကို Phone ခေါ်ပြီး မပြန်ခိုင်းဘူး၊ ရတဲ့အချိန်လေးကို အကျိုးရှိအောင် အသုံးချတတ်ရမယ်တဲ့။ ဘကြီးက Air Ticket Cost ပြန်ပို့ပေးမယ် ဆိုပြီး မပြန်ခိုင်းဘူး။ ဒီလိုနဲ့ ကျွန်မနောက်ထပ် ၂ပတ်ရသွားတယ်။ ၂ပတ် မပြည့်ခင်နောက် ၁ကြိမ်ထပ်ကြိုးစား ရပြန်တယ်။ ဒီ ၁ကြိမ်မရတော့ပါဘူး။ ICA ကို phone ခေါ်တော့ Malaysia ကိုခဏထွက်ခိုင်းပါတယ်။ JCU ကိုအကျိုးအကြောင်းပြောပြပြီး ၁ကြိမ်ထဲနဲ့ ရအောင်လုပ်ပေးဖို့မသွားခင်မှာ တောင်းပန်ခဲ့ပါတယ်။

အဖေ မိတ်ဆွေ uncle UAK ကလည်းစိတ်ရောကိုယ်ပါကူညီပါတယ်။ အိမ်ရှင်လင်မယားကိုယ်တိုင်ကားမောင်းပြီး လိုက်ပို့ပေးပါ တယ်။ ကျွန်မရဲ့ ကျေးဇူးရှင်တွေပါပဲ။ ဘ၀မှာ တစ်သက်မမေ့ပါဘူး။

တချို့ကဘာပြောသလဲဆိုရင် Malay Immigiration က တအားရစ်ပါတယ်တဲ့။ Singaporean တွေတောင်ရစ်တာတဲ့။ Malay Immigiration ကိုရောက်လို့ ကျွန်မ Passport ပေးလိုက်တယ်ဆိုရင်ပဲ ဘာမှတောင်စကားမပြောဘူး။ Passed ပေးလိုက်တာပဲ။ တချို့ ကပြောလိုက်တာ ကျွန်မအတွက်တော့ အမှားတွေကြီးပါတယ်။ သူတို့ပြောတာ အမှားတွေကြီးပဲဆိုတာ မလာခင်ကတည်းကသိပြီးသား၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင်သွားပြီး စုံစမ်းပြီးသွားလို့ပါပဲ။ ဒါကြောင့်ကိုယ့်မှာ ပြသာနာဖြစ်လာပြီဆိုရင် ဘယ်သူစကားကိုမှမယုံပါနှင့်။ ကိုယ်ကိုကိုယ် Independent ဖြစ်နိုင်အောင်ကြိုးစားပါ

Malay မထွက်ခင် သစာရေသောက်ပြီးသစာဆိုခဲ့တယ်။ အဖေစကားကိုနားထောင်ပြီး အဖေလုပ်ကျွေးနိုင်တဲ့ သမီးအလိမာဖြစ်မယ် ဆိုရင် ဒီ ၁ခေါက် Reject မထိဘဲ Approved ဖြစ်ပါစေလို့ဘုရားစင်ရှေ့မှာ ဆုတောင်းခဲ့တယ်။

Malay ကို စနေနေ့မှာထွက်ခဲ့ပြီးတောက်လျောက် ICA ကို Phone ခေါ်နေတော့တာပဲ။ ကျွန်မရဲ့ဘ၀နောက်ဆုံးမျှော်လင့်ချက်ပဲ။ Reject ဖြစ်ခဲ့ရင် Malay ကနေ ရန်ကုန်ပြန်ရတော့မှာ။ Master ဘွဲမရ မချင်း မပြန်ချင်ဘူး

ကြာသပတေးနေ့မှာကျွန်မရဲ့ Student Pass လေး Approved ဖြစ်ခဲ့ရပါပြီ။ ပျော်လိုက်တာဆိုတာ ပြောမပြနိုင်အောင်ပါပဲ။ ၁ပတ်တိတိ Malay မှာနေခဲ့တယ်။ ကျွန်မကိုစောင်ရှောက်ပေးခဲ့တဲ့ Malay ကမြန်မာမိသားစုကို ဖော်မပြနိုင်အောင် ကျေးဇူးတင် ပါတယ်။ Student Pass က ၂နှစ်တောင်ရတယ် ၆လကြီးများတောင်ကျောင်းပြီးရင်အလုပ်ရှာဖို့ အချိန်ရတာပေါ့။

ဒီလိုနဲ့ Student Pass ရပြီး မြန်မာအိမ်ရှင်က ကျွန်မထက်ပိုက်ဆံပိုပေးတဲ့သူကိုငှားဖို့အတွက် ၁ပတ်အတွင်းအိမ်ပေါ်က ဆင်းခိုင်းပြန်တယ်။ ၁ပတ်အတွင်းအိမ်ရှာဖို့ဆိုတာလွယ်တာမှမဟုတ်တာ။ အဖေမိတ်ဆွေကိုအကျိုးအကြောင်းပြောပြီး အိမ်မှာ အိမ်မရခင်အချိန်ထိနေဖို့ အကူအညီတောင်းရတယ်။ အဖေကိုလဲပြောမပြဖို့နှုတ်ပိတ်ရသေးတယ်။

Uncle UZWO လင်မယားကလည်းကျေးဇူးရှင်တွေပါဘဲ။ သူတို့အိမ်မှာနေပြီးအိမ်ရှာ ရတယ်။ မနက်မိုးလင်းမိုးချုပ် ကျောပိုးအိတ် ၁လုံးနဲ့ရွာရိုးကိုးပေါက်လျှောက်ပြီးရှာတာ ၁ပတ်အတွင်းအိမ်ရပါတယ်။ ဒါပေမယ့်အချိန်၂ပတ်ပေးရတယ်။ လက်ရှိနေနေတဲ့သူက ၂ပတ်နေမှဆင်းမှာမို့လို့။

အဖေကို ကိုယ်ရခဲ့တဲ့ Student Pass နဲ့လည်းကန်တော့ပြီးပြီ။ S Pass နဲ့လည်းကန်တော့ပြီးပြီ။ EP နဲ့လည်း ကန်တော့ ပြီးပါပြီ။ PR နဲ့ကန်တော့ဖို့ပဲကျန်ပါတော့တယ်။ လက်ရှိ PR လျှောက်ထားဆဲ အခြေအနေပါ။

ကျွန်မကိုအထင်သေးခဲ့တဲ့မရနိုင်ဘူးလို့ထင်ခဲ့တဲ့ M.Sc (IT e' e-business) ဘွဲ့ကို ရအောင်ယူနိုင်ခဲ့ပါပြီး Company ၁ခုမှာ Programmer CUM Graphic Designer CUM IT Support Position နဲ့လက်ရှိလုပ်နေပါတယ်။

Singapore မှာ စစချင်း အခြေချခဲ့တဲ့ကျွန်မရဲ့ဘ၀ကကြမ်းတမ်းပါတယ်။ ကိုယ့်ဟာနဲ့ကိုယ်၁ယောက်ထဲ ဘယ်သူအကူအညီမပါဘဲ ၁ယောက်ထဲဘ၀ကိုရုန်းကန်ရပါတယ်။ ဘယ်သူကိုမှအကူအညီတောင်းလို့မရပါဘူး။ ဒါကြောင့် Singapore လာမယ်ဆိုရင် သေချာစဉ်းစားပြီးမှလာခဲ့ပါ။ ဘယ်သူအကူအညီမှမပါပဲကိုယ့်အားကိုယ်ကိုနိုင်ရဲ့လားလို့ နဖူးပေါ်လက်တင်ပြီး သေသေချာချာစဉ်းစားကြပါလို့။

1 comment:

shwezinu said...

ဖတ်လိုက်ရတာ မောသွားတာဘဲဗျာ
တော်ပါပေတယ်ဗျာ