Tuesday, June 16, 2009

သတိမထားခဲ့မိဘူး

အကြည့်လေး၁ချက် ဆုံခဲ့မိစဉ်က
အချစ်ဆိုတာ ၀င်ရောက်ခဲ့တာ မသိစိတ်က
သတိမထားခဲ့မိဘူး

ပေးခဲ့တဲ့ကြင်နာမှုတွေ
အလုံးစုံရခဲ့သော်လည်း
ငါလေ ... သတိမထားခဲ့မိဘူး

နှလုံးသားနေရာ ၁ခုလုံးကို နေရာအပြည့်ယူထားခဲ့တာ
'ကို' ဆိုတာ
ငါလေ ... သတိမထားခဲ့မိဘူး

သြော်
အနေနီးစဉ်က
အချစ်ဆိုတာ မသိခဲ့စဉ်မှာ
အလွမ်းတွေကို ရင်ဝယ်ပိုက်လို့
ငါလေ မင်းကို လွမ်းတတ်ခဲ့ရပြီ
ချစ်တတ်ခဲ့ရပါပြီ

No comments: