Saturday, June 13, 2009

ချစ်ခဲ့ပြီဆိုရင်

လွမ်းနေစဉ်မှာ
မျက်လုံးထဲမျက်ရည်တွေနဲ့
ပြည့်သိပ်နေခဲ့ရတယ်

သတိရနေစဉ်မှာ
မျက်လုံးထဲချစ်သူပုံရိပ်
အရိပ်ထင်ခဲ့ရတယ်

အဝေးကိုထွက်သွားစဉ်ခဏ
ဖော်မပြနိုင်တဲ့
ကွက်လပ်လေးတစ်ခု
ကျန်နေခဲ့ရတယ်

နားလည်မှုသစာတွေနဲ့
နှလုံးသားနေရာလေးတစ်ခုက
ချစ်သူ့အတွက်ရယ်ပါ

No comments: