Saturday, June 27, 2009

Mandalay ကြာဇံချက်


ကြက်သားကို ဆား၊ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် အသားထဲ စိမ့်ဝင်သွားအောင် နယ်ပါ။ ငါးဖယ်ကိုထောင်းပြီး ပြုတ် ပါ၊ ပြီးရင် ရေထည့်ပြီးပြုတ်ပါ၊ နှုးတဲ့အထိပြုတ်ပါ၊ ပြုတ်ထားသော အရည်များကို မသွန်ပစ်ပါနှင့်။ တစ်ချိန် ထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင် ထောင်းပါ။ ကြာဇံကို ရေစိမ်ပါ။ ကြာဇံဖတ်ရေထဲမှာ ပျော်ပြီးဆိုရင် အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ မှိုခြောက်၊ ပန်းခြောက်များကို လည်း ရေစိမ်ထားပါ။ ၄င်းကိုလည်း အနေတော်အရွယ် ကတ်ကြေးဖြင့် ဖြတ်ပါ။ ငုံးဥကိုလည်း ပြုတ်ထားပါ။ ဆီ ထည့်၊ ဆီကျက်လာလျင် ထောင်းထားသော အရာများကိုထည့်ပြီး ဆီသတ်ပါ။ အနံမွေးလာပြီဆိုလျင် ပြုတ်ထား ပြီးသော ကြက်သားများကိုထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပါ ရေနွေးဆူဆူထည့်ပါ။ ကြာဇံဖတ်ထည့်ပါ။ မှို ခြောက်၊ ပန်းခြောက်များထည့်ပါ။ ကြက်သွန်နီဥ သေးသေးလေးများ ထည့်ပါ။ ငံပြာရည်ထည့်ပါ၊ ငရုတ်ကောင်းမှုန့် အနည်း ငယ်ထည့်ပါ။ ကြာဇံချက် ကျက်ပြီးဆိုလျင် သံပုရာသီး ကြက်သွန်နီစိမ်းပါးပါးလှီးထားသော၊ နံနံပင်၊ ငရုတ်သီးမှုန့် တို့ဖြင့်ထည့်ပြီး သုံးဆောင် နိုင်ပါပြီ။

ကြာဇံချက်ရဲ့အဓိကသော့ချက်မှာ - ငံပြာရည်ဖြစ်ပါတယ်။

No comments: