Tuesday, June 16, 2009

မရှိခဲ့ရင်

ခင်မင်မှု အစပျိုး
သံယောဇဉ်ရစ်ပတ်တွဲငင်
အချစ်ဆိုတာ ဖြစ်တည်ခဲ့ရတယ်

ချစ်ခဲ့မိစဉ်အချိန်ကာလ
ဝေးကွာမှုဆိုတာ ကြုံခဲ့ရလို့
အလွမ်းဆိုတာ မရှိခဲ့ရင်

မျက်ဝန်းထဲ ချစ်သူ့ပုံရိပ်
ထင်ဟပ်စဉ်ခဏ
သတိရခြင်းဆိုတာ မရှိခဲ့ရင်

ဝေဒနာတွေရင်မှာခါးသည်း
အမုန်းဆိုတာမရှိခဲ့ရင်

No comments: