Monday, June 22, 2009

ချွေတာခဲ့ရသောကျွန်မဘဝ

ကျွန်မကျောင်းစတက်တော့ အိမ်က၁ခါတည်း တွက်ချက်ပြီး Bank ထဲကိုပိုက်ဆံထည့်ထားပေးတယ်။ မထည့်ခင် အပြတ် ပြောလိုက်တယ်။ ကုန်သွားရင် အထုတ်ပိုက်ပြီး ပြန်လာခဲ့တော့တဲ့။ ကျွန်မ ၁လကို ၅၀၀ နဲ့လောက်အောင်သုံးရတယ်။ ကိုယ့်ဟာကိုယ်ဟင်း ချက်စားရတယ်။ သူများနဲ့လည်းပေါင်းမစားတတ်ဘူး။ ကိုယ်ဟာချက်တတ်ပြီး လာပေါင်းတဲ့သူက မချက်တတ်ရင် ကိုယ်က ကျွန်ကြီးလုံး လုံးကိုဖြစ်ရော။ ကျွန်မသုံးတဲ့အရာမှန်သမျှ စာရင်းမှတ်ပြီးသုံးရတယ်။ အဲဒီလိုသုံးတတ် အောင် ဖေဖေက သင်ပေးခဲ့တယ်။ ရန်ကုန်မှာ ကျွန်မဘာသုံးသုံးစာရင်းနဲ့မှတ်ပြီး သုံးရပါတယ်။ အခုချိန်ထိလည်း စာရင်းမှတ်ပြီး သုံးနေဆဲပါ။ အခုချိန်မှာ ၅၀၀ နဲ့တော့ ဘယ်လောက်တော့မှာလဲနော်။ ကိုယ့်ဟာကိုယ်ရှာနိုင်ပြီးဆိုတော့ သုံးချင်သလောက်သုံးပေါ့။ လစဉ်လဲစုဖြစ်ပါတယ်။ ဖေဖေ့ ကိုလည်း လစဉ် ၅၀၀ ပုံမှန်ကန်တော့နေပါတယ်။ အလုပ်ထွက်ချင်တိုင်း ဖေဖေကိုဘာနဲ့ပို့ရပါမလဲ ဆိုတာ အမြဲတမ်းခေါင်းထဲဝင် လာပြီး အခုချိန်ထိ သည်းခံပြီးလုပ်နေရဆဲပါ။ ကျွန်မ ရဲ့အလုပ်က In charge ၈ခုကို ၁ယောက်ထဲ Handle လုပ်ရပါတယ်။ ကျွန်မ လုပ်နိုင်ပါတယ်။ Dubai ရော၊ Singapore ကော အားလုံး၁ယောက်ထဲလုပ် ရပါတယ်။ ကျွန်မပင်ပန်းပါစေ။ ကျွန်မလုပ်တဲ့ အရာတိုင်းအောင်မြင်မယ်၊ ဖေဖေကိုပြန်ပေးနိုင်မယ်ဆိုရင် ပင်ပန်းရကျိုးနပ်ပါတယ်။

ကျွန်မ မနက် ၇ နာရီမထိုးခင်မှာ အမြဲတမ်းပုံမှန်နိုးပါတယ်။ ၁သက်နဲ့တကိုယ် နေဖင်ထိုးအောင် မအိပ်ဘူးပါ။ ငယ်ငယ်က မေမေက အရမ်းစည်းကမ်းကြီးတယ်။ ၆နာရီထိုးတာနဲ့ အိပ်ရာကထရပါတယ်။ နေဖင်ထိုးအောင် အိပ်တာမေမေကလုံးဝမကြိုက်ပါ။ ၆:၀၅ ဆိုလို့ကတော့ တုတ်၁ချောင်းနဲ့ ရောက်လာ တတ်ပါတယ်။ မေမေက မနက် ၄နာရီကနေ ၆နာရီထိပုံမှန်ဘုရားရှိခိုးပါတယ်။

ကျွန်မ ဒီမှာရှိတဲ့ Night Club ၁ခါမှ မသွားဘူးပါ။ ဘယ်နားရှိမှန်းတောင်မသိပါ။ Singapore မှာ Night Club ရောက်မှ ခေတ်မီတဲ့လို့ခံယူထားကြတဲ့သူများ ကျွန်မကတော့ ဘယ်တော့မှမသွားပါ။

ဘယ်သူတွေဘာပြောပြော ကျွန်မဘယ်သူကိုမှ ဂရုမစိုက်တတ်ပါ။ အမှန်တရားကို လူတွေကလက်ကိုင်ထားကြပေမယ့် အမှန်ကို တည့်တည့် ပြောလာမယ်ဆိုရင် မုန်းတီးတတ်ကြပါတယ်။

No comments: