Thursday, June 18, 2009

Blog ရေးခြင်းအစ

ကျွန်မ Blog ကိုရေးရင်းကောင်းမလား စဉ်းစားနေတာ အခုမှအကောင်အထည်ဖော်ဖြစ်တော့တယ်။ ကျွန်မ နာမည်အရင်းပဲသုံးပါ တယ်။ ကျွန်မ မှန်တယ်ထင်ရင် ဘယ်သူကိုမှဂရုမစိုက်တတ်ပါဘူး။ အမှန်တရားကိုမြတ်နိုး ပါတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူ့ ကိုမှမကြောက်တတ်ပါ။ ကျွန်မရေးတဲ့ Blog မှာ အကုန်အမှန်တွေချည်း ပါပဲ။ မုသားမပါ။ လိမ်ညာမှုမပါ ပါ။

စာရေးဆရာမြေး၊ စာရေးဆရာသမီး ဖြစ်ပေမယ့် စာဖတ်ပရိသတ်ကို ဖတ်ချင်လာအောင်ရေးနိုင်တဲ့အဆင့် မရောက်သေးပါဘူး။ အဘိုးက မြကေတု ကလောင်နာမည်နဲ့ စာရေးပါတယ်။ ဖေဖေကတော့ မောင်တိုင်ပင် နာမည်နဲ့စာရေးပါတယ်။ Mandalay မြန်မာစာ အသိုင်းအ၀ိုင်းကဆိုရင် အဘိုးကိုကောင်းကောင်းသိကြမှာပါ။ ကျွန်မကတော့ ကလောင်နာမည် မရှိသေးပါဘူး။ အရင်က ရှိတယ်။ မပြောပြတော့ဘူးနော်။ ရှူးတိုးတိုး။ အဘိုးသာရှိသေးရင် ကျွန်မကိုရေးပုံရေးနည်းသင်ပေးမှာ အသေအချာပါပဲ။ ကျွန်မ ရေးထားတဲ့ Novel ၂ပုဒ်ရှိတယ်။ ရန်ကုန်မှာကျန်ခဲ့တယ်။ ကျွန်မစာရေးတာထက် Mickey-Mouse & Minnie Mouse ပန်းချီဆွဲတာကိုပိုပြီးဝါသနာပါတယ်။

ကျွန်မရေးတာ တုံးတိချည်းဖြစ်ချင်ဖြစ်နေလိမ့်မယ်။ ကြိုးစားပြီးဖတ်ကြပါလို့။ ကျွန်မ Blog မှာ ဟင်းချက်နည်းများ၊ ဗဟုသုတ ဖြစ်စရာများ၊ Computer နည်းပညာများကိုဖြန့်ဝေပေးသွားမှာပါ။ ကျွန်မ Blog စာလာဖတ်ကြသူများ အသိပညာ ၁ခုခုရသွား မယ်ဆိုရင် ကျွန်မ အမြဲတမ်းပီတိဖြစ်နေမှာပါ။

လာရောက်ဖတ်ကြသူများကိုကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

1 comment:

Anonymous said...

Buy Generic Cialis, Viagra, Levitra Here. Order Generic Medication In own Pharmacy. Buy Pills Central.
[url=http://buypillscentral.com/buy-generic-tamiflu-online.html]Buy Discount Viagra, Cialis, Levitra, Tamiflu[/url]. prescription generic pills. Cheapest pills pharmacy