Wednesday, June 17, 2009

ကြက်သားနှင့် ဗူးသီးကာလသားချက်


ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့်နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင် ထောင်းပါ။ ဆီထည့်ပြီး ထောင်းထားတာတွေကို ဆီသတ်ပါ (ဆီကို အနည်းငယ်ထည့်ပါ၊ အရည်သောက်ချက်မှာဖြစ်တဲ့အတွက် ဆီများသွားလျင် စားမကောင်းပါ)။ ဆီသတ်ပြီးပြီဆိုလျင် ကြက်သားကို လုံးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ကြေသွားတဲ့ အထိလုံးပါ။ ဆူပြီးသား ရေနွေးထည့်ပါ။ (ကျွန်မ အဖွားပြောတာရိုးရိုးရေထည့်လျင်စားရတာ ဆိတ်တောက် ဆိတ်တောက်နှင့် စားမကောင်းပါ) ဗူးသီးအခွံနွာပြီး အနေတော်တုံးထားတာတွေကို ထည့်ပါ။ ဗူးသီးကျက်ပြီး၊ ရေကျပြီးဆိုလျင် ကြက်သားဗူးသီး ကာလသားဟင်း ၁ခွက်ရပါပြီ။

No comments: