Saturday, August 15, 2009

ငါးခြောက်ရိုး နှင့် ခရမ်းချဉ်သီး ငပိချက်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအပွခြောက်ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ တယ်။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခြောက်ရိုး အနေတော်စိပ်ထားတာ ထည့်ပါတယ်။ စိမ်းစားငပိအနည်း ငယ်၊ အချိုမှုန့်ထည့်ပါ။ ငါးခြောက်ရိုး နှုးပြီဆိုလျင် ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါတယ်။ နံနံပင်ကို ကတ်ကြေးနဲ့ဖြတ် ပြီးထည့်ပါတယ်။ ဆီပြန်ပြီဆိုလျင် ပန်းကန် ထဲထည့်ပြီး အပေါ်ကနေ နံနံပင်အနည်းငယ် အုပ်ပေးပါတယ်။

No comments: