Sunday, August 16, 2009

Chicken Spaghetti

ညနေရောက်မှ ဈေးသွားဝယ်ဖြစ်တယ်။ ဈေးသိမ်း၊ လှီးချွတ်နေတာနဲ့ အခုမှပဲရေးဖြစ်တယ်။ အ၀လည်း စားပြီးသွားပြီလေ။ ဟဲ..ဟဲ.....

Spaghetti ချက်နည်းက အဖေဆီကသင်ထားတာပါ။ အဖေကိုတော့ ဒီကပဲကျွေးလိုက်ပါတယ်။ အိမ်မှာချက်စားရင် အမဲသား တောက်တောက်စင်းထားတာနဲ့ချက်တာများတယ်။ အမဲသားကပိုပြီးကောင်းတယ်။ ကြက်သားကျတော့ အားလုံးစားလို့ရတာပေါ့။ ရန်ကုန်မှာ ခဏခဏလုပ်စားဖြစ်တဲ့ အစားအစာ၁ခုပေါ့။ အဓိကလိုတာကတော့ Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ပါ။ ပြီးတော့ Spaghetti ရဲ့အဓိကသော့ချက်က Cheese Powder ပါ။ Cheese Powder မပါရင် စားမကောင်းပါဘူး။ ဆိုင်တွေမှာသွားစားရင် Cheese Powder ထည့်ပေးတဲ့ဆိုင်က ရှားတယ်။ ကျွန်မကတော့ Cheese Powder မပါရင် ဆက်ကိုစားချင်စိတ် မရှိတော့တာ။

Chicken Spaghetti လုပ်နည်း

လိုအပ်သောအရာများ

Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ကို NTUC Fair Price မှာ ၀ယ်လို့ရပါတယ်။ ကြက်သားနှုတ်နှုတ်စင်းထားတာ ၁ထုပ်၊ ငရုတ်သီးအချိုပွ ၁လုံးကို အနေတော်လှီးပါ၊ မှိုကိုလည်း အနေတော် လှီးပါ၊ ခရမ်းချဉ်သီးကို အစိပ်လေးများဖြစ်အောင်စိပ်ပါ၊ ၀က်အူချောင်းကိုလည်း အနေတော်လှီးပါ။

တစ်ချိန်ထဲမှာ Spaghetti Noddle ကိုပြုတ်ထားပါ။ နည်းနည်းကြာတတ်ပါတယ်။

ကြက်သွန်နီ လေးစိပ်စိပ်၊ ဂျင်း ပါးပါးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သား နှုတ်နှုတ်စင်း ထားတာထည့်ပါ။ Spaghetti Sauce ကိုမှန်းပြီးထည့်ပါ။ Mayonnaise ကိုလည်းမှန်းပြီးထည့်ပါ။ ၀က်အူချောင်းထည့်ပါ။ ငရုတ်သီးအချိုပွထည့်ပါ။ မှိုထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ အားလုံးပျော့သွားပြီဆိုမှ မီးဖိုပေါ်မှချပါ။

စားခါနီးကျရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ အနှစ်ဖတ်ကိုအပေါ်ကနေထည့်၊ ပြီးတော့မှ Cheese Powder ဖြူး။ ကျွန်မက စားမယ်ဆိုရင် တစ်ထိုင်ထဲနဲ့ ၂ပွဲကုန်ပါတယ်။


မစားချင်ကြဘူးလား။ လာစားကြပါဦး........

No comments: