ခရမ်းသီးနှပ်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းသီးကို အနေတော် အပိုင်းလေးများ ဖြစ်အောင် လှီးပါ။ ဆီထည့်ပါ။ ဆီပူလာလျင် ထောင်းထားသော အရာများကို ဆီသတ်ပါ။ ပုဇွန်ခြောက်မှုန့်ထည့်ပါ။ ခရမ်းသီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ အပေါ့အငန်မြည်းပြီး ဆီပြန်လာပြီဆိုလျင် ချလို့ရပါပြီ။
1 comment:
သမီးချက်ရင် ငရုပ်ပွခြောက်ထည့်ပြီးမချက်ဘူးသေးဘူးမရေ...ဒီတစ်ခါချက်စားကြည့်လိုက်အုန်းမယ်...
Post a Comment