Monday, July 6, 2009

ခရမ်းချဉ်သီးငပိချက်


ခရမ်းချဉ်သီးပါးပါးလှီးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် ထောင်းထားသောအရာများကို ထည့်ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ စိမ်းစာငပိ အနည်းငယ်ထည့်ပါ။ အချိုမှုန့် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါ။ ခရမ်းချဉ် သီးကြေအောင် ယောင်းမဖြင့်နာနာမွေပါ။ ဆီပြန်လာပြီဆိုလျင် နံနံပင်လေးအုပ်လိုက်ပါ။

1 comment:

Anonymous said...

မမွန်ရေ ဒီနေ့မမွန်ရဲ့ ခရမ်းချဉ်သီး ငပိချက် ချက်စားတယ်
မမွန်ရဲ့ blog ကိုမြင်ပြီးကထဲက sis လဲတခုပြီးတခုချက်စားချင်နေတာ ဟီးဟီး :)
Thank you ma mon !!!

Posted By Htet Htet