Friday, July 24, 2009

လူတိုင်းရဲ့အနှိမ်ခံနေရသောကျွန်မဘဝ

ကျွန်မ PR ရထားပေမယ့် လူအများစုထင်တာ Dependent PR လို့ပဲထင်ထားကြတာ။ ကျွန်မရထားတာ Professional Skilled Worker PR ပါ။ ကိုယ်ဟာကိုယ်လျောက်ပြီးရလာတာပါ။ Dependent PR မဟုတ်ပါဘူး။ ဒီလိုပြောလို့လဲ ကျွန်မ ကို ဘ၀င်မြင့်လိုက်တာ။ လေလုံးက ထွားလိုက်တာလို့ မမြင်စေချင်ဘူး။ ကျွန်မကိုနှိမ်ခဲ့တဲ့သူတွေကို ကျွန်မအလုပ်နဲ့ သက်သေ ပြချင်တယ်။ နာမည်ကြီး အဆိုတော် ယောင်းမနဲ့ စကားပြောတယ်။ သြော် ညီမက အိမ်ထောင်ကြသွားတော့ အလိုလို PR ဖြစ်ပြီလေ။ ဒါကပြောစရာမှ မလိုတာတဲ့။ ကျွန်မလေ ဒေါသ ထွက်လိုက်တာဆိုတာမပြောပါနဲ့တော့။ ကိုယ့်ကိုကိုယ် အထင်ကြီးနေ လို့လဲ ယနေ့အချိန်ထိ အပျိုကြီးဖြစ်နေ တာပေါ့။ ကျွန်မနဲ့တွေ့တိုင်း အမြဲတမ်း နှိမ်ချဆက်ဆံတတ်တာ။ လူတွေက ဘာလို့ တစ်ဖက် သက် အမြင်နဲ့ ဆုံးဖြတ်ကြတာလဲ။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့ သူပါ။ လူ၁ယောက်ကို အပေါ်ယံကြည့်ပြီး ဒီလူရဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ အတွေးအခေါ်ကို ဆုံးဖြတ်လို့မရပါဘူး။ အလကားနေရင်း နှိမ်ချလို့ မရပါဘူး။

Singapore မှာကျွန်မ ကြည့်မရတာ ဗမာ ဗမာအချင်းချင်းကူညီရိုင်းပင်းမယ်လို့စိတ်မကူးဘူး။ ဘယ်နေရာမှာဘယ်လို နှိပ်ကွပ် ရမလဲ။ ဘယ်သူကိုမနာလိုဖြစ်ရင် ကောင်းမလဲပဲ ကြည့်နေကြတာ။ မုဒိတာ မပွားနိုင်ကြဘူးလား။ ဗမာတွေစိတ်ဓာတ် ယခုအချိန် ထိ အောက်တန်းကျနေလို့လဲ ဗမာပြည် မကြီးပွား မတိုးတက်လို့ သူများနိုင်ငံမှာ အလုပ်လုပ်နေကြရတာ။ ဗမာတွေရဲ့စိတ်ဓာတ် ကိုပြင်ကြပြီး မုဒိတာ စိတ်လေးထားကြပါလို့ .....

2 comments:

Anonymous said...

ဟုတ်တယ် မမမွန်ပြောတာတွေထောက်ခံတယ် ထောပတ်သီးတို့ရုံးမှာတော့ မြန်မာချင်းချင်းကူညီကြပါတယ် မဆိုးဘူးပြောရမယ် အိမ်ကတော့စိတ်ကုန်လို့ မြန်မာတွေအိမ်မှာငှားမနေဖြစ်တော့ဘူး တချို့လူတွေအတော်ဆိုးပါတယ်

ဂျူနို said...

မမွန်ရေ မုဒိတာထားနိုင်ဖို့ အခက်ဆုံးလို့ ဆိုကြတယ်။
ဘယ်လိုကြောင့်မသိပါဘူး ညီမရေ နိုင်ငံခြားသားတွေက မနာလိုတာတို့ လိမ်ညာတာတို့ မတွေ့ရဘူး။ များသောအားဖြင့် သူတို့က ဘာသာလည်း ရှိတာ မဟုတ်ဘူး။

ကိုယ်အချင်းချင်း နှိမ်တာတော့ ပြောမကုန်ပါဘူး။
ကိုယ်မကြိုက်တာ သူများကို ကိုယ်က မလုပ်မိဖို့ ကြိုးစားရုံပါပဲ။


မအယ်