Wednesday, July 22, 2009

ငါးရံအူဟင်း

ငါးရံအူက ဒီမှာဝယ်လို့မရပါဘူး။ ရန်ကုန်ကနေ ငါးရံအူကို အူတွေထုတ်၊ မသိုးအောင်လုပ်ပြီး ယူလာတာ။ ဒီရောက်တော့ အဆင်သင့် ချက်ရုံပဲ။ ငါးရံအူကို ဆား၊ အချိုမှုန့် တို့ဖြင့်နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျင် ထောင်းထားသော အရာများကို ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ငါးရံအူထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးနဲ့ဖျောပြီး ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ကျက်ပြီးဆိုလျင် နံနံပင်လေးအုပ်လိုက်ပါ

2 comments:

Nay Nay Naing said...

ဒီမှာ market တွေမှာ ငရံ့အူ ရတယ် ပြောတယ်။ market ထဲက ဆိုင်နဲ့ ရင်းနှီး မျက်မှန်းတမ်းမိဖြစ်နေတယ် မှာထားလို့ ရတယ်လို့ ပြောကြတယ်။

Anonymous said...

ငရံ့အူဟင်း ဆိုတအိမ်လုံးကြိုက်တယ် :)