Wednesday, July 22, 2009

ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကို သေးသေးလေးများဖြစ်အောင် ခြွေပါ။ မြစ် ရှည်ရှည် ပါးပါးလှီး ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် ပွခြောက် အားလုံးကိုညက်နေအောင် ထောင်းပါ။ ပုဇွန်ကို အခွံနွာပြီး အနေတော် အတုံးလေးများ ဖြစ်အောင်လှီး ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ တစ်ချိန် တည်းတွင် ချဉ်ပေါင်ထည့်ပါ။ မြစ်ထည့်ပါ။ ပုဇွန်ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ဆား၊ အချိုမှုန့် ထည့်ပါ။ အပေါ့အငန်မြည်းပြီး ကျက်လျင်ချလို့ရပါပြီ။

1 comment:

Anonymous said...

ချဉ်ပေါင်ကြော်ကတော့ဘယ်တော့စားစားမရိုးဘူး မျှစ်လေးတွေရွေးဖယ်စားသွားတယ်