Wednesday, July 22, 2009

မြစ်ချဉ်နှင့်ဝက်နံရိုးဟင်း

ဝက်နံရိုးကိုဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသောအရာများကို ဆီသတ်ပါ။ ခရမ်းချဉ် သီးထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ၀က်နံရိုး ထည့်ပါ။ မြစ်ချဉ် ထည့်ပါ။ ၀က်နံရိုး နှင့် မြစ်ချဉ် နှုးပြီဆိုလျင် ချလို့ရပါပြီ

1 comment:

Anonymous said...

မျှစ်တော့ကြိုက်ဘူး အဲဒါကြောင့်တခါမှချက်မစားဖြစ်ဘူး ဒီဟင်းကို မေမေတော့ကြိုက်တယ် နည်းမှတ်သွားပြီ အိမ်ရောက်မှ မေမေကိုချက်ကျွေးမယ်