Saturday, July 25, 2009

Singapore ရဲ့အိမ်သူကြီးတာဝန်

Singapore မှာနေလာတာ ၃နှစ်ကျော်ပါပြီ။ စရောက်ကတည်းက အိမ်သူကြီးလုပ်လာတာပါ။ အိမ်သူကြီးဆိုတာ အရာအားလုံး ကို၁ယောက်တည်း တာဝန်ယူ ဖြေရှင်းပေးရတာပါ။ အိမ်ရှင်စည်းကမ်းအတိုင်း နေတယ်။ စာချုပ်ပါ စည်းကမ်း အတိုင်းလိုက်နာ တယ်။ ၁ပတ်၁ခါ အလှည့်နဲ့ သန့်ရှင်းရေးလုပ်ရပါတယ်။ မလုပ်လို့ကတော့ ကျွန်မ အမြဲတမ်းပွစိပွစိပဲ။ အိမ်လာ အိပ်တဲ့သူတွေကို လည်း တာဝန်ဘယ်တော့မှမယူပါဘူး။ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်ရင်တော့ ရပါတယ်။ မည်သူ၁ဦး၁ယောက်မှ အိမ်သူကြီး တာဝန်ကို ယူလေ့မရှိ။ အိမ်သူကြီးက လူမုန်းများ တတ်ပါတယ်။ အိမ်လာလည်တဲ့သူတွေ ၁ချို့ဆို စည်းကမ်း၁စက်မှမရှိပါဘူး။ စားပြီးသားပန်းကန်တွေ မဆေး၊ ပိုနေသော ထမင်းကျန်၊ ဟင်းကျန်တွေကို ဒီအတိုင်းလွင့်ပစ်၊ ရေကို ဗုန်းဗောလအော၂နာရီ ကြာ၊၃နာရီကြာအောင်ချိုးတဲ့သူတွေ၊ သူများ ချက်ပြီးသားဟင်းတွေ အလကားအချောင်ရလိုစိတ်နဲ့ စားချင်မှုတွေ၊ အမှိုက်ပုံးသွန်ရ မှာရွံတဲ့သူတွေ ဒီ Singapore မှာ Apartment မှာစုပေါင်းနေတဲ့သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသာနာတွေပါပဲ။ အလုပ်က ပြန်လာလို့မောလာတိုင်း ဒီပြသာနာတွေနဲ့ နေ့စဉ်ကြုံတွေ့ ဖြေရှင်းနေရတာ။

ကျွန်မတရားမျှတစွာနဲ့ပဲကျင့်သုံးပါတယ်။ ဘာလုပ်လုပ် Sharing ပါပဲ။ Divided by ပါ။ အိမ်ငှားတဲ့ ဈေးကိုလာငှားတဲ့သူ တွေကိုအမှန်ဈေးပဲပြောပါတယ်။ PUB ကတော့လစဉ်မမှန်ပါဘူး။ လာတဲ့ Bill အပေါ်မူတည်ပြီး Bill ပြပြီး Divided ပါ။

၁ချို့အိမ်သူကြီးတွေဆိုငှားတဲ့အိမ်ဈေးကိုအမှန်မပြောပါဘူး ၁ယောက်ချင်းဆီကို အပြတ်ဈေးပြောလိုက်ပါတယ်။ အဲဒီတော့အိမ်သူကြီး ကို လုပ်ကျွေးရာကျမနေဘူးလား။ အိမ်သူကြီးက ငှားတဲ့စရိတ်ပေးစရာမလိုတော့ပဲ အလကားနေအချောင်ရလိုက်ခြင်းပါ။ ဒါကတော့ ကျွန်မအမြင်ပြောရရင် ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) အမြတ်ကြီးစားခြင်းပါပဲ။ ဗမာအချင်းချင်းပဲဗျာ။ ပင်ပင်ပန်းပန်းပိုက်ဆံရှာ၊ under pressure and stress တွေနဲ့ နေနေရသူတွေအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ကလေး မထားသင့်ဘူးလားရှင်။

8 comments:

Anonymous said...

ဟုတ်တယ် မမမွန်

Anonymous said...

လူမရတော့ ဘယ်သူက ပိုက်ဆံပေးတုန်း။ တခန်းလုံးစာလွတ်ရင် အီနေတာပဲ။ တခါတလေ ၄,၅လ ပဲ။

ရှပ်ပြေး said...

အင်းးးးးး......ဘယ့်နှာကြီးတုန်း။ ခေါင်းပုံဖြတ်ခြင်း အမြတ်ကြီးစားခြင်း ဆိုတဲ့ ခေါင်းစဉ် တပ်လိုက် တာကတော့ မကောင်းဘူးပေါ့။ နှစ်ဦးနှစ်ဘက် အဆင်ပြေရင် ပြီးတာပါပဲ။ စာတွေကို အရောင်မပါဘဲ ရေးနိုင်ရင် ပိုကောင်းလိမ့် မယ် ထင်ပါတယ်။ တော်ကြာ အိမ်မှာ နွားတွေ ထားစရာမရှိမှာ စိုးလို့။

Anonymous said...

အင်း..ရှပ်ပြေးပြောတာမှန်တယ်...အဓိက ကတော့...နှစ်ဖက်အဆင်ပြေဖို့ပါဘဲ...အိမ်ရှင်အိမ်ငှား.ကျေနပ်ရင်ပြီးတာပါဘဲ

Myo Mon Yee Oo said...

လာနေချင်တဲ့သူတွေမှပုံနေတာပဲ။ comments ထားခဲ့တဲ့သူတွေက except avacado မှလွှဲပြီး ကျန်တာ ပြောတာတွေကမှန်နေလို့ဖြစ်မယ်။ sg မှာ ၁၀၀ မှာ ၉၉ ကဒီလိုချည်းပဲ။ တချို့ဆို ကိုယ်အိမ်ခန်းခ၊ PUB ဖိုးတောင်ပေးစရာမလိုဘူး။ အဲဒီကနေပဲ အမြတ်ထွက်နေကြတာ။ အမှန်ကိုပြောတာ နာစရာမလိုပါဘူး။ ကိုယ်မဟုတ်ရင်ပြီးတာပဲလေ။ ဘယ်သူဘာပြောပြော ဂရုစိုက်နေစရာမှ မလိုတာ။ မဟုတ်ဘူးလား :P

Anonymous said...

I like your blog very much. Cheers Ma Mon :-)

မြူးမြူး said...

မွန်ရေ.. မြူးလည်း အိမ်သူကြီးပဲ.. အိမ်မှာနေတဲ့သူတွေကို ထမင်းဟင်းပါချက်ကျွေးတဲ့ အိမ်သူကြီးပေါ့.. သန့်ရှင်းရေးလဲ ကိုယ်တိုင်ပဲလုပ်လိုက်တယ်.. နေကြသူတွေက သူငယ်ချင်းတွေချည်းပဲဆိုတော့ အဆင်ပြေပြေပါပဲ.. မသိတတ်တဲ့သူပါရင်တော့ စိတ်ညစ်ရမယ်ထင်တယ်.. ခုထိတော့ မကြုံဖူးသေးဘူး..

Leh said...

Cheer!! love ur post...