Tuesday, August 4, 2009

Mandalay မြီးရှည်

Mandalay ဗထူးကွင်းနားမှာ ရောင်းတဲ့ မြီးရှည် အရမ်းစားချင်နေတာ။ ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ် တတ်သလောက် မှတ်သလောက် လုပ်စားလိုက်ပါတယ်။ လာစားကြပါဦးလား...

လာစားကြသော သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ပထမဆုံးအကြိမ် မြီးရှည်ကို ကိုယ်တိုင်လုပ်ထားတာပါ။

ပါဝင်သောအရာများ




နန်းလတ်အဖတ်ကို ရေနွေးဖြင့်စိမ်ထားပါ။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည် အနည်းငယ် ထည့်ပြီး နှုးအောင်ပြုတ်ပါ၊ ပြီးရင် ၀က်သားကို နုတ်နုတ်စင်းပါ။ ပဲပင်ပေါက် ကို ရေနွေးဖျော် ထား ပါ။ ကော်မှုန့်ကျိုပါ။ ၀က်သားအရည်ကို တစ်ဝက်ဖယ်ထားပြီး တစ်ဝက် ကို ရေနွေးစိမ်ထားသော နန်းလတ် အဖတ်ဖြင့် ဇကာလေးထဲမှာ ၃၊၄ကြိမ်စစ်ပါ။ ပြီးရင် ပန်းကန်လေးထဲမှာ နန်းလတ် အဖတ် ကို ပုံထားပါ။ ထို့နောက် ပဲငပိအနည်းငယ်၊ ကြက်သွန်ချဉ်၊ ကြက်သွန်ဖြူ ငါးမွှာကို မီးဖုတ်ပြီး ထောင်းပြီး နံနံပင် ရှာလကာရည် နှင့်ရော၊ ဆီထည့်ပြီး ဆီကျက်ပြီး ခဏကြာမှ ငရုတ်သီး အရောင်တင်မှုန့ှ်၊ ငရုတ်သီးမှုန့်၁ဇွန်းရော၊၀က်သားနုတ်နုတ်စင်း၊ ဆား၊ အချိုမှုန့်၊ ပဲပင်ပေါက်၊ ဆီချက်အနည်းငယ်၊ ကော်မှုန့် အနည်း ငယ်၊ ရှမ်းကြက်သွန်ချဉ် တို့ကိုထည့်ပါ။ အပေါ်ကနေ စအုကြော်၊ တရုတ်နံနံ (သို့မဟုတ်) ကြက်သွန်မိတ် (ကျွန်မ က စအုကြော်၊ တရုတ်နံနံ၊ ကြက်သွန်မိတ် မကြိုက်လို့မထည့်ထားတာပါ)

အရည်သောက်အတွက်ကတော့ ၀က်ပြုတ်ရည်ကို မသွန်ပစ်ပဲ ငရုတ်ကောင်းမှုန့်ဖြူးပြီး နံနံပင် ခတ်ထားတာပါ





Mandalay မြီးရှည် လုပ်နည်းက အခုမှရောက်လာလို့။ နောက်မှ Mandalay မြီးရှည် ထပ်ပြီးလုပ်ကျွေးဦးမယ်။ အခုတော့ အဖြစ်လောက်ပဲ။ အာသာပြေမြီးရှည်ပေါ့။

1 comment:

မိုးကောင်းသူ said...

ဗထူးကွင်းနားက ရောင်းတဲ့ မြီးရှည်လာစားပါတယ်။ ဂျုံလုံးကြော်လေးပါ ပါရင်ပိုကောင်း။ ရတာလေးပဲ စားသွားတယ်နော်။