ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ကိုရောပြီး စက်နှင့်ရောကြိတ်လိုက်ပါတယ်။ အမဲနှပ်မှာ ဖြစ်တဲ့အတွက် ကြက်သွန်နီများများ ထည့်ပါတယ်။ ဆီထည့်ပြီး ကရဝေးရွက်ကိုမွှေးအောင် ထည့်ပါတယ်။ မွှေးလာပြီ ဆိုမှ ကြိတ်ထားသောအရာများ ကိုမီးအေးအေးဖြင့် ဆီသတ်ပါတယ်။ နွမ်းပြီ ဆိုလျင် အရောင်တင်မှုန့်အနည်းငယ် ထည့်ပါတယ်။ ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ထားသော အမဲသားထည့်ပါတယ်။ အမဲသားကို နှုးအိနေတဲ့ အချိန်ထိချက်ပါ။ ဆီပြန်ပြီး အမဲသားနှုးပြီဆိုလျင် ချလို့ရပါပြီ။
Wednesday, December 30, 2009
Tuesday, December 29, 2009
ဝက်နံရိုးနှင့်ချဉ်ပေါင်ဟင်းဆီပြန်
ဝက်သားကို အချိုချက်လိုက်၊ ဟင်းချက်လိုက် ချက်နေရတာ ရိုးနေလို့ ချဉ်ပေါင်ကြော်တဲ့အတိုင်း အဆန်းထွင်ပြီး ချက်လိုက်တာ။ ချဉ်ပြုံးပြုံး အစပ်ကလေးပါပါတော့ ခံတွင်းတွေ့ပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း နှင့် ငရုတ်ပွခြောက်ကိုရောပြီး စက်နှင့်ရောကြိတ်လိုက်ပါတယ်။ ချဉ်ပေါင်ရွက်ကိုလည်း သင်ထားပါတယ်။ ၀က်နံရိုးကို ဆား၊ အချိုမှုန့်၊ ဆနွင်းဖြင့်ထည့်ပြီး နှံအောင်နှယ်ထားပါ။ ဆီထည့်ပြီး ကြိတ်ထားသောအရာများ ကိုမီးအေးအေးဖြင့် ဆီသတ်ပါတယ်။ နွမ်းပြီဆိုလျင် အရောင်တင်မှုန့် အနည်းငယ်ထည့်ပါတယ်။ ၀က်နံရိုးထည့်ပါတယ်။ ဆီပြန်လာအောင် စောင့်ပြီး နှုးအောင် ရေ၃ရေ ထည့်ပါတယ်။ ငပိစိမ်းစာအနည်းငယ်ထည့်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါတယ်။ ဆီပြန်ခါနီးအချိန်မှ ချဉ်ပေါင်ထည့်ပါတယ်။ ဆီပြန်ပြီး ချဉ်ပေါင်နှုးပြီဆိုလျင် စားလို့ရပါပြီ။
Labels:
စားကြမယ်
Monday, December 28, 2009
ဆီချက်ခေါက်ဆွဲ
ဆီချက်ခေါက်ဆွဲ အတွက် ပြင်ဆင်ထားပုံ
ဆီချက်ခေါက်ဆွဲ ပြင်ဆင်ပြီး
Christmas Eve က လုပ်စားဖြစ်တာ။ ပျင်းလို့ အခုမှပဲ တင်ဖြစ်တော့တယ်။ ခေါက်ဆွဲဖတ်က NTUC Fair Price က၀ယ်လာတဲ့ Fortune Teochew Mee Pok Noodles ပါ။ ၁ထုတ်ကို ၄ယောက်လောက် ကောင်းကောင်းစားလို့ ရပါတယ်။ အိုး၁လုံးထဲမှာ ရေထည့်ပြီး ရေပွက်ပွက်ဆူမှ ခေါက်ဆွဲဖတ်ထည့်ပြုတ်ပါ။ အရင်ဆုံး ကြက်သားကို အချိုမှုန့်၊ ဆား ထည့်ပြီး အသားထဲစိမ့်ဝင်အောင်နှယ်ပါတယ်။ ပြီးရင် ကြက်သွန်ဖြူ ၂မွှာလောက်ကို အခွံနွာ၊ ဓားပြားရိုက် ပြီး ကြက်သားနှင့်အတူ ဆီထွက်တဲ့ အထိနှုးအောင်ပြုတ်ပါတယ်။ ဘဲသားနဲ့လုပ်ရင် အကောင်းဆုံးပေါ့။ ဘဲသားနဲ့လုပ် ရင်ကြာမှာစိုးလို့ ကြက်သားနဲ့ပဲလုပ်လိုက်တာပါ။ ကြက်သားနှုးပြီဆိုလျင် ကြက်သားဖတ်တွေကို ဆယ်ပြီး အအေးခံထားပါ။ ပြီးရင် ကြက်သားကို အသားဖတ်ချည်းပဲနွင်ပြီး ပါးပါးလေးဖြစ်အောင်လှီးပါ။ ကြက်အရိုးကို ကြက်သားပြုတ်ထားသောအိုးထဲ ပြန်ထည့်လိုက်ပါတယ်။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ထည့်ပါတယ်။ ငရုတ်ကောင်းမှုန့် အနည်းငယ်ကိုလည်း ထည့်ပါတယ်။ ဆီချက်ခေါက်ဆွဲအတွက် လိုက်ဖက်တဲ့ အရည်သောက်၁ခွက် ရပါပြီ။ ဆီချက်ခေါက်ဆွဲကို အပေါ်ကနေ ဆီချက်ဖြူးရန်အတွက် ကြက်သွန်ဖြူကို အစိတ်သေးသေးလေးတွေ ဖြစ်အောင်လှီးပြီး မီးအေးအေး ဖြင့်ကြော်ပါ။ ဒီမှာ မကြော်ထားဘူး။ ကျွန်မကြော်ရင် တူးသွားပြီး စားမကောင်းမှာစိုးလို့။
ဆီချက်ခေါက်ဆွဲစားတော့မယ်ဆိုရင် ခေါက်ဆွဲဖတ်၊ နှမ်းဆီမွှေး၊ ပဲငံပြာရည်အကြည်၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော်ကို အပေါ်ကနေလှအောင်ဖြူးလိုက်ပါ။

မြန်မာ့ရိုးရာ စားစရာ
Sunday, December 27, 2009
Singapore မှာ မိဘမေတ္တာတွေ ပျောက်ဆုံးနေပြီလား
ဒီ Post ကိုရေးသင့်၊ မရေးသင့် အချိန်ယူပြီး တော်တော်စဉ်းစားယူရပါတယ်။ ကျွန်မရေးထားတာကိုဖတ်ပြီး ကျွန်မကို တော်တော်အမြင်ကတ်ကြ မှာပါ။ ဒါပေမယ့် မရေးလို့ကလည်း မဖြစ်ပြန်ပါဘူး။
Singapore မှာရှိသော လင်မယားတိုင်း ကိုယ်ဝန်ရှိလာရင် များသောအားဖြင့် စဉ်းစားကြတာကို ပြောချင်တာပါ။ သူများကိုယ်ရေးကိုယ်တာ ကိုလည်း ၀င်ရောက်စွက်ဖက်ခြင်း မဟုတ်ပါဘူး။ သိစေချင်တာလေး ၁ခုထဲပါ။ ဒီအချက်ကလေးကို စဉ်းစားမိရဲ့လားဆိုတာ သိစေချင်တာပါ။
များသောအားဖြင့် ကိုယ်ဝန်ရှိလာပြီဆိုလျင် ၉၅% က ရန်ကုန်ကိုပြန်ပြီး ကလေးပြန်မွေးကြတာများပါတယ်။ ဒီမှာမွေးပြီး ကိုယ်တိုင်ထိန်းတဲ့ မိခင်ဆိုတာ အတော့်ကိုရှားပါးပါတယ်။ ကလေးမွေးပြီးပြီဆိုလျင် ကလေးကို ကလေးထိန်းအပြင် အဖိုး၊ အဖွား၊ ဆွေမျိုးတွေနဲ့ထားခဲ့ပြီး ဒီကိုပြန်လာပြီး အလုပ်ပြန်လုပ်ပါတယ်။ ကလေးထိန်းနှင့်ထားခဲ့ရပြီဆိုကတည်းက ဘယ်လောက်စိတ်ချရမှာမို့လဲ။ ကျွန်မ မောင်လေးဆို မွေးကတည်းက နာနီ နဲ့ပဲနေခဲ့ရတာ။ အဖွားရှေ့မှာ နာနီကထိန်းပေါ့။ နာနီက ကလေးကိုဆိတ်ဆွဲ၊ ရိုက်နေလည်း အဖွားက မြင်ချင်မှ မြင်တာ၊ အဖိုးကတော့ သူဟာသူအေးဆေး နေတာ။ ကျွန်မဆို ဒီလိုနေရာမျိုးမှာဆိုရင် ကိုယ်ဟာကိုယ်ပဲထိန်းတော့မယ်။ ကိုယ်ကလေးကို သူများက နှိပ်စက်နေတာ မမြင်ရက်ပါဘူး။ ကိုယ်က ယောက်ျားလည်း ယူသေးတယ်။ အသက်ကြီးနေပြီဖြစ်သော ၂ဖက် မိဘတွေကို ကိုယ်ကပြန်ပြီးဒုက္ခပေးသင့်ပါသလား။ သူတို့မှာ ဇရာကထောက်လာသောကြောင့် ကျန်းမာရေးက စကားပြောလာပြီလေ။ ဒီအချိန်မှာ လူမမယ် မွေးကာစ ကလေးလေးကို လက်လွတ်စပယ် အဖိုး၊ အဖွားတွေနဲ့ပစ်ထားပြီး ဒီကိုပြန်လာသင့်ပါသလား။ ဒီကလေးလေးအပေါ်မှာ ထားရှိရမယ့် မိဘမေတ္တာကကော ဘယ်မှာပါလဲ။ ကျွန်မ Blog ၁ခုမှာဖတ်ရပါတယ်။ ကလေးကို အဖိုး၊ အဖွားတွေနဲ့ထားခဲ့ပြီး ရေးထားတာ လွမ်းကြောင်း၁ တဲ့။ ကျွန်မထင်တာ နောက်ဆို လွမ်းကြောင်း ၃၆၅ တောင်ဖြစ်မလားပဲ။ နောက်၁ခုက ကိုယ်က အဖိုး၊ အဖွားတွေနဲ့ ပစ်ထားပြီး ဒီကိုလာပြီး အလုပ်ကိုကောဖြောင့်အောင်လုပ်နိုင်ပါ့မလား။ ပိုက်ဆံတွေရပြီး စိတ်ချမ်းသာမှုကောရပါရဲ့လား။ လူတိုင်း ပိုက်ဆံ လိုချင်လို့ ရန်ကုန်ကနေလာပြီး Singapore မှာ အလုပ်လာလုပ်နေကြတာပဲ။ ၁ချို့တွေကပြောကြတယ်။ ဆင်ခြေပေါ့လေ။ ဒီလောက် မွေးကာစ ကလေးလေးကို ဘယ်လိုထိန်းတတ်မှာလဲ။ အဖိုး၊ အဖွားတွေ ထိန်းတော့ပိုကောင်းတာပေါ့တဲ့။ ကောင်းရော။ ဒါလား မိဘမေတ္တာ။ ကိုယ့်ကလေးကြီးလာတဲ့အချိန်ကျွန်တော်၊ ကျွန်မကိုဘယ်လိုထိန်းခဲ့သလဲ၊ ဘယ်လိုပူပန်ခဲ့သလဲလို့ ပြန်မေးတတ်တဲ့ အချိန်ရောက်ရင် ဘယ်လိုပြန်ဖြေကြမလဲ။ ဖြေကော ဖြေတတ်ကြရဲ့လား။
ကျွန်မဒီ Post ကိုဖတ်တဲ့သူတိုင်းမေးလာကြရင် ကျွန်မမှာ အကောင်းဆုံးအဖြေရှိပြီသားပါ။ ကျွန်မ ကိုယ်တိုင်ဝမ်းနဲ့လွယ်ပြီးမွေးလာတဲ့ကလေးကို ကိုယ်တိုင်ပဲထိန်းမှာပါ။ ဘယ်သူမှလည်း လာမထိန်းပေးပါဘူး။ ကျွန်မ မွေးကင်းစကလေးကို ထိန်းလည်းမထိန်းတတ်ပါဘူး။ ငယ်ငယ်ကဆို မွေးကာစ ကလေးကိုချီရမှာ အရမ်းကြောက်တာ။ ချီတောင်မချီရဲဘူး။ အခု မမွေးခင်အချိန်မှာ ဘာလုပ်ရလဲဆိုတော့ ရန်ကုန်ပြန်တဲ့အချိန်က ၀ယ်လာတဲ့စာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်ရတယ်။ Website တွေမှာရှာပြီး ဖတ်ရတယ်။ မွေးပြီးတဲ့သူတွေကို ပြန်ပြီးမေးရတယ်။ ကလေးအတွက်လိုမယ့်အရာတွေကို ခုချိန်ကတည်းက စုဆောင်းရတယ်။ မွေးပြီးရင်တောင် ဘယ်လိုထိန်းရပါ့မလဲဆိုတာ တွေးတောင်မတွေးရဲဘူး။
ကျွန်မ Singapore မှာအများတကာ လုပ်သလိုလုပ်ဖို့ အချိန်ယူပြီး တော်တော်စဉ်းစားပါသေးတယ်။ ကျွန်မ အဖေက ၆၃နှစ်၊ ယောက်ခမက ၇၀ကျော်၊ သူတို့ဆီမှာ ကလေးကိုပစ်ထားပြီး ဒီကိုအလုပ်ပြန်လုပ်မယ်ဆိုရင် ကျွန်မတို့လောက် မွေးရကျိုးနပ်တဲ့ သား၊ သမီးတွေဖြစ်လာပါ့မလား၊ ဒါမှမဟုတ် ကိုယ့်ကလေးကို နွေးထွေးမှု မပေးနိုင်တဲ့၊ မိခင်စိတ်၊ ဖခင်စိတ်ကင်းမဲ့နေကြပြီလားဆိုတာပါပဲ။ သူများတွေသုံးသလို၊ ရှာသလို ကျွန်မလည်း Full-Time အလုပ်လုပ်ပြီး သုံးချင်တာပေါ့။ အခုချိန်မှာ ငွေမျက်နှာနောက်ကိုလိုက်နေလို့ မဖြစ်သေးပါဘူး။ကျွန်မရဲ့ စိတ်ကိုက လက်မခံနိုင်တာ။ ကျွန်မအမေဆို ကျွန်မ၃နှစ်အထိ ကိုယ်တိုင်ထိန်းခဲ့တာ။ ၃နှစ်ပြည့်တော့မှ အလုပ်ပြန် စလုပ်တာ။ မနက်ဆို အဖိုး၊ အဖွားတွေဆီမှာ ထားခဲ့ပြီး ညနေ အလုပ်ကပြန်လာမှ ပြန်လာခေါ်တာ။ ကျွန်မကလေးကို Day Care Centre လည်းပို့ဖို့စိတ်မကူးပါဘူး။ ကလေး ၁နှစ်ပြည့်မှ အလုပ်ပြန်လုပ်မှာပါ။ မလုပ်လို့ကလည်းမဖြစ်ပြန်ပါဘူး။ PR ဖြစ်ကတည်းက အခုအချိန်ထိ CPF ၁ပြားမှမရှိသေးပါဘူး။ အဲဒီအချိန်မရောက်ခင် ရှေ့ဆက်ဘာလုပ်သင့်သလဲ ဆိုတာ ကလေး၆လ ပြည့်မှပဲ ဆုံးဖြတ်တော့မယ်။ ရန်ကုန်ကိုပြန်ပို့ဖို့ဆိုတဲ့ စိတ်ကူးကိုဆုံးဖြတ်ချက်ချမယ့်အထဲမှာ မပါပါဘူး။
Singapore မှာ ၁ချိန်မှာ မိခင်ဖြစ်လာမည့်သူတွေ၊ ဖခင်ဖြစ်လာမည့်သူတွေ မိဘမေတ္တာကို ကိုယ်မွေးလာမယ့် သား၊ သမီးအပေါ်မှာ အကောင်းဆုံး နွေးထွေးမှုများကို ကိုယ်ထိလက်ရောက်ပေးနိုင်ကြပါစေ။ ကိုယ်မွေးလာမည့်သား၊ သမီး အပေါ် ပိုက်ဆံတွေပို့ပေးနေယုံမျှဖြင့် ဒါကို မိဘမေတ္တာလို့ မခေါ်သင့်ပါဘူး။ အပေါ်ယံငွေကြေးပစ္စည်းထက် နွေးထွေးတဲ့ မိဘရဲ့မေတ္တာအရိပ် ဘယ်ဟာက ပိုမြတ်ပါသလဲရှင် .....

My Life
Saturday, December 12, 2009
ငါးခူ ငါးဆုတ် ဆီပြန်ဟင်း
ငါးခူအကြီးကြီး၁ကောင်ကို ခေါင်းမပါ ငံပြာရည်၊ အချိုမှုန့်တို့ဖြင့် နှယ်ပြီးပြုတ်ပါ။ (စပါးလင်ကိုထည့်ပြုတ်လို့လည်းရပါတယ်)။ ငါးခူနှုးပြီဆိုလျင် အသားချည်းပဲနွင်ပြီး ငရုတ်ဆုံထဲမှာထည့်ပြီး ညက်နေအောင်ထောင်းပါ။ ဒါအပြင် ဆား၊ အချိုမှုန့်ပါထည့်ပြီး ရောနှယ်လိုက်ပါ။ လက်ဖြင့်အနေတော် အရွယ်လုံးပါ။ ဆီထည့်ပြီး ငါးခူလုံးများကို ကြော်ပါ။ ငါးခူပြုတ်ရည်နှင့်ငါးခူရိုးကို ချဉ်ရည်ဟင်းထဲလောင်းထည့်လိုက်ပါ။ အားလုံးအဆင်သင့်ဖြစ်ပြီ ဆိုလျင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက်ကို ညက်နေအောင်ထောင်းပြီး ဆီသတ်ပါ။ ဆီသတ်ထားတာ နွမ်းလာပြီဆိုလျင် ခရမ်းချဉ်သီး ၁လုံးကို ပါးပါးလှီးထားတာ ထည့်ပါတယ်။ ခရမ်းချဉ်သီးနွမ်းလာပြီဆိုလျင် ကြော်ထားသောငါးခူလုံးများကို ထည့်ပါတယ်။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါတယ်။ ချခါနီးမှ မွေးအောင် နံနံပင်လေး အုပ်လိုက်ပါတယ်။
Labels:
စားကြမယ်
ဒန့်သလွန်ု ငါးခူခေါင်း ချဉ်ရည်ဟင်းချို
ဒီနေ့ချက်တာ ငါးခူ ငါးဆုတ် ဆီပြန်ဟင်း နှင့် ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချိုပါ။ အရင်ဆုံး ဒန့်သလွန်ုငါးခူ ခေါင်းချဉ်ရည်ဟင်းချို ဘယ်လို ချက်လဲဆိုတာ ပြောပြပါ့မယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်အပွခြောက်ကိုညက်နေအောင်ထောင်းပါ။ ဆီထည့်ပြီး ပျဉ်တော်သိမ်ရွက်ကို ဆီသတ်ပါတယ်။ ထောင်းထားသောအရာများကိုထည့်ပါတယ်။ နွမ်းသွားပြီဆိုလျင် ခရမ်းချဉ်သီး၁လုံးကို ပါးပါးလှီးပြီးထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခူခေါင်း ကိုထည့် ပါတယ်။ ငါးငြီနံပျောက်ပြီဆိုမှ လှီးထားသောဒန့်သလွန်ကိုထည့်ပါတယ်။ (ဒန့်သလွန်တောင့်ကို ဓားဖြင့်ခြစ်ပါတယ်)။ ငါးခူပြုတ်ထားသော အရည်ကိုထည့်ပါတယ်။ ငါးခူနွင်ပြီးသား ငါးခူရိုးကိုပါ ထည့်ပါတယ်။ ပိုပြီးချိုအောင်လို့ပါ။ ငပိစိမ်းစားအနည်းငယ်၊ မန်ကျည်းမှည့်ကို အရည်ဖျော်ပြီး ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်နှုးပြီဆိုလျင် ချလို့ရပါပြီ။

Wednesday, December 9, 2009
သရဏံဂုံတည်ခြင်း အကျိုးကျေးဇူး
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ
ကျွန်မရွတ်ခဲ့တာသိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက ရွတ်ခဲ့တာ။ ကျွန်မနဲ့သိတဲ့သူတိုင်းကို ဓမ္မလက်ဆောင်ပေးဝေခဲ့ပါ တယ်။ ဒါပေမယ့် ဘယ်သူမှ ယနေ့အချိန်ထိ မရွတ်ခဲ့ကြပါဘူး။ များသောအားဖြင့် ကျွန်မနဲ့သိတဲ့ပတ်ဝန်းကျင်မှာ ၉န၀င်းရွတ်ကြတာ များပါတယ်။
ကျွန်မဒီလက်ဆောင်ကို အဒေါ်ဝမ်းကွဲရဲ့ယောက်ျားဆီက ရခဲ့တာပါ။ သူနဲ့တွေ့တော့ ဘုရား တရားကော လုပ်ဖြစ်ရဲ့လားလို့ မေးပါတယ်။ ကျွန်မက လုပ်ဖြစ်ပါတယ်။ ၉န၀င်းအဓိဌာန်ပုတီးစိပ်ဖြစ်ပါတယ်ဆိုတော့ သူကဘုရားရှစ်ခိုးတယ်ဆိုတာ ကိုယ်လိုချင်တာကို ဆုတောင်းပြီးမလုပ်ရဘူး။ သမီးဒါလေး ရွတ်ကြည့်ပါလား။ သမီးအနေနဲ့ရွတ်ရတာလည်း လွယ်တယ်။ ၁မိနစ်တောင်မကြာပါဘူး၊ အချိန်တိုင်းရွတ်ပါတဲ့။ ဒါပဲပြောသွားတာ။ သူက စီးပွားရေးလုပ်ငန်းရှင် တရုတ်လူမျိုးပါ။ အခုချိန်မှာ သိန်းပေါင်းထောင်ချီပြီးချမ်းသာပေမယ့် ကြွားကြွားဝါ၀ါမရှိ။ နေတာက သာမန်လူတန်းစားလိုပဲ နေပါတယ်။
ကျွန်မလည်းသူနဲ့ဆုံပြီး ၁လလောက်နေမှ စရွတ်ဖြစ်တယ်။ ကျွန်မ ခေါင်းထဲမှာ မနက်ဖြန်စရွတ်မယ်ဆိုပြီး နောက်နေ့ည အိပ်ခါနီးမှ သတိရတယ်။ ဒီလိုနဲ့ပဲ ၂ပတ်လောက်ကြာတယ်။ မနက်မိုးလင်းအိပ်ရာထချိန်ကစလို့ ညအိပ်ရာဝင်တဲ့အချိန်ထိ အချိန်တိုင်းရွတ်ရတာ။
မနက်အိပ်ရာထချိန်၊ မျက်နှာမသစ်ခင်၊ မျက်နှာသစ်နေစဉ်၊ မျက်နှာသစ်ပြီး၊ ခေါင်းမဖြီးခင်၊ ခေါင်းဖြီးနေစဉ်၊ သနပ်ခါးမလိမ်းခင်၊ သနပ်ခါး လိမ်းနေစဉ်၊ သနပ်ခါးလိမ်းပြီးစဉ်၊ အက်ျီမလဲခင်၊ လဲနေစဉ်၊ ထမင်းမစားခင်၊ ထမင်းစားနေစဉ်၊ ထမင်းစားပြီး အစရှိသဖြင့် ယုတ်စွအဆုံး အိမ်သာတက် တာကအစ ရွတ်ရပါတယ်။ အဲဒီလိုအချိန်ပြည့် ထိထိမိမိရွတ်နိုင်အောင် အချိန်အတော်ကြာအောင်လေ့ကျင့်ယူရပါတယ်။ အနည်းဆုံး၁လ ကျော်ကြာပါတယ်။ လိုချင်တဲ့ ဆုတောင်း၁ခုမှ မပါရပါဘူး။ သရဏဂုံရွတ်ရခြင်းအကျိုးကျေးဇူးကတော့ မြတ်စွာဘုရားကို ကိုယ်လုပ်တဲ့အလုပ်တိုင်း ကို မလုပ်ခင်မှာ သတိရလိုက်ခြင်းပါ။ ရွတ်ကြည့်ပါ။ အရမ်းထူးခြားပါတယ်။ ရွတ်ခဲ့တဲ့ အကြိမ်စိတ်လာခဲ့လို့ရှိရင် ပထမဦးစွာ ကံဆိုးတာတွေကို ရင်ဆိုင်ရပါမယ်။ ပြီးရင် ကံကောင်းတာများ ဘယ်သူမှတောင်လိုက်မမှီပါဘူးရှင်။ ပြီးတော့ ကိုယ်ဆီကိုကောင်းတာတွေ ရောက်လာမယ်ဆိုရင် ကိုယ်ရဲ့စိတ်က အလိုလိုပျော်ရွှင်နေပါတယ်။ ၁ရက်၊ ၂ရက်နေရင် သတင်းကောင်းကြားရတော့တာပါပဲ။ မကောင်းတဲ့သတင်းကြားရမယ်ဆိုရင် ကျွန်မရဲ့စိတ်က အလိုလို မကြည်တော့ပဲ စိတ်ထဲမှာလေးနေသလို ခံစားရပါတယ်။ ကျွန်မရွတ်လာတာ ၂နှစ်နီးပါးပါ။ ဒီ Singapore ရောက်ပြီးမှပဲ ပျက်သွားတာ။ အခုပြန်ရွတ်နေပါတယ်။ ဒါပေမယ့် အချိန်ပြည့်ရွတ်နိုင်အောင်ကြိုးစားနေဆဲပါ။
သူငယ်ချင်းတို့လည်း ရွတ်ကြည့်ကြပါ။ ကျွန်မရဲ့ ဓမ္မလက်ဆောင်ပေါ့နော် ...

Tuesday, December 8, 2009
ဘ၀လမ်းစဉ်
Facebook မှာပုံတွေကြည့်ရင်းနဲ့ ကြိုက်လွန်းလို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။
- မမေ့မလျော့စဉ်းစားပါ။
- သိအောင်ကြိုးစားပါ။
- ကိုယ်မပျက်ပါစေနှင့်။
- သူတစ်ပါးစိတ်မဆင်းရဲပါစေနှင့်။
- မိဘကိုစားနိုင်တဲ့အခါကျွေးပါ၊ သေမှမငိုပါနှင့်။
- သူများအပြစ်ကို မပြောနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
- ဗြဟစိုရ်တရား အမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
- အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
- ကြီးသူကိုရိုသေပါ၊ ရွယ်သူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
- မစူးစမ်းမဆင်ခြင်ပဲ မပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
- နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
- မျှမျှတတပြောဆိုပါ။
- နေ့စဉ်စစ်ဆေးမှကြီးပွားနိုင်သည်။
- မကောင်းတဲ့အကုသိုလ်စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
- သူများကြီးပွားချမ်းသာတာကို မနာလို၊ မရှူစိမ့် မရှိပါစေနှင့်။
- နေရာတိုင်းမှာ ကိုယ်ချင်းစာတရားများများထားပါ၊
- မိမိကိုယ်ကိုဆုံးမခြင်းကသာ၍ ကောင်းသည်။
- မာနကို နှိမ်ချ၊ လူ၏တန်ဖိုးကိုမြှင့်တင်ပါ၊ တာဝန်ကို ကျေပွန်ပါ။
- အရာရာမှာ စေတနာ၊ တာဝန်နဲ့စိတ်ကောင်း၁ခုထားပါ။
- မွန်မြတ်သော ၀ိပသာနာတရား အားထုတ်ဖြစ်အောင်ကြိုးစားပါ။
Labels:
General Knowledge
Thursday, December 3, 2009
Tom Yum Paste နဲ့ချက်တဲ့ ဟင်းချို
ဒီနေ့ညနေချက်တဲ့ ဟင်းချိုပါ။ Fair Price တံဆိပ် Tom Yum Paste နဲ့ချက်ထားတာပါ။ ဒီနေ့ စားမကောင်းလို့ နေ့လည်စာကို အပြင်မှာ ၀ယ်စားဖြစ်တယ်။ ကိုယ်ဟာကိုယ်ချက်ပြီး စားမကောင်းတာ။ ကိုယ်ချက်တဲ့ဟင်းဆို စားချင်စိတ်မရှိဘူးဖြစ်နေတယ်။
ရန်ကုန်သွားလည်တုန်းက ဘာစားကောင်းသလဲမမေးနဲ့။ တစ်ညနေထဲစားတာတွေအများကြီးပဲ။ အခုတော့ စားချင်ပေမယ့်လည်း ကြက်၊ ၀က်၊ ပုဇွန် နှင့် ပြည်ကြီးငါးဘ၀ထဲမှာ Life Cycle လိုပဲကျင်လည်နေရတယ်။
ကျွန်မချက်ထား ဘယ်လောက်မှမကြာဘူး။ ချက်မယ့်အိုးထဲကို စပါးလင်၊ ကြက်သွန်နီပါးပါးလှီးထားတာ၊ Tom Yum Paste ဟင်းခတ်ဇွန်း ၁ဇွန်း၊ ကြက်ရိုး၊ ပြည်ကြီးငါး၊ ပုဇွန်၊ မှို၊ ပန်းဂေါ်ဖီ၊ ပဲပြား၊ ခရမ်းချဉ်သီး ၄စိပ်စိပ်ထားတာ၊ ငရုတ်သီးစိမ်းတောင့်ကိုခြမ်းပြီးထည့်ထားတာ၊ အချိုမှုန့်၊ ဆား၊ ချခါနီး အချိန်ကျမှ နံနံပင်လေးအုပ်လိုက်နော်။
အခုချိန်ထိတော့ မစားရသေးဘူး။ လာစားလို့ရတယ်နော် ......
Labels:
စားကြမယ်
Wednesday, December 2, 2009
နောင်တမျှော်လင့်
အိမ်ထောင် ၁ခုမှာ သား၊ သမီးဆိုတာ ရတနာ ၁ပါးပါ။ ကလေးသံယောဇဉ်ကြောင့် အိမ်ထောင်ကို ပိုပြီးပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်။ အိမ်ထောင်ကို ပိုပြီးခိုင်မြဲစေနိုင်တယ်။ ကျွန်မချစ်သောသူများ နောင်မှတရသော နောင်တ မျိုး မဖြစ်ရလေအောင် ဒီနေရာကနေ ရေးသားလိုက်ရပါတယ်။
အိမ်ထောင်ပြုပြီးတဲ့သူတိုင်း များသောအားဖြင့် ကလေး ချက်ချင်းမယူကြသေးပါဘူး။ ဒါဟာ မှားယွင်းတဲ့ အယူအဆပါ။ ကလေးဆိုတာကိုယ်လိုချင်တဲ့ အချိန်မှာ ရနိုင်၊ မရနိုင်ဆိုတာ ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ကလေး ဆိုတာ မိဘနဲ့ကံပါမှလည်းရတာပါ။ ကျွန်မဆို November မှာ အိမ်ထောင်ကျပြီး June မှ ကလေးရတာပါ။ ယူပြီးကတည်းက ကလေးဆိုတာ ချက်ချင်းလိုချင်ခဲ့တာပါ။ အဲဒီအချိန် အလုပ်ကလည်း Under Pressure and Stress အောက်မှာ အလုပ်လုပ်နေရတဲ့ အချိန်လည်းပါမှာပေါ့လေ။ အဖေကလည်းပြောပါတယ်။ ကံပါမှရမှာပေါ့တဲ့။ ကိုယ်ဝန်ရှိနေလို့ သိလိုက်ရတဲ့အချိန်မှာ ကျွန်မ အလုပ်လုပ်ချင်စိတ် မရှိတော့ပါဘူး။
ကျွန်မအလုပ်က In-charge ၈ခုကို ၁ယောက်ထဲ Handle လုပ်နေရတာလေ။ EIS Australian International School မှာလုပ်နေရတော့ ကိုယ်လုပ်တဲ့နေရာမှာ ထိုင်ရတဲ့အချိန်က ၁နေ့ကို ၁၅ မိနစ်တောင် မရှိခဲ့ပါဘူး။ မနက် ၇:၄၅ ဆိုရုံးရောက်ပြီ။ ကျွန်မအလုပ်ချိန်က ၈ - ၆ပါ။ ၁၀ နာရီလုပ်ရတာ။ လုပ်ခဲ့တဲ့ ၁နှစ်တာကာလအတွင်း Late Record စာရင်းထဲမပါခဲ့ပါဘူး။ အဲဒီအလုပ်သာ ဆက်လုပ်နေမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျမှာ အမှန်ပါပဲ။
ကလေးယူဖို့အတွက် ပိုက်ဆံစုနေကြသူတွေ ဒါမှမဟုတ် HDB/Condo ၀ယ်ပြီးမှ ယူမယ့်သူများ အားလုံး ဒါတွေဟာ ဘ၀မှာ အရေးကြီးတဲ့ အထဲမှာ မပါဝင်ပါဘူး။ ဒါတွေဟာ Singapore မှာ အိမ်ထောင်ရှင်တိုင်း စဉ်းစားကြလေ့ရှိတဲ့ အချက်တွေပါ။ ကလေးရဲ့ ကံပါရင် ရှာစရာတောင် မလိုပါဘူး။ အလိုလိုဖြစ်လာမှပါ။ ပိုက်ဆံဆိုတာ ပင်စင်မယူခင် အချိန်ထိရှာလို့ရပါတယ်။ ကျွန်မရှေ့မှာ သာဓကတွေအများကြီးကို လက်တွေ့မြင်ခဲ့ ရတော့ ကျွန်မ အိမ်ထောင်ကျတဲ့အချိန် ကလေးမရမှာ အရမ်းကြောက်ပါတယ်။ ဥပမာတွေကတော့ - ကိုယ်တကယ်ယူတဲ့အချိန်မှာ ကလေးလုံးဝမရတော့ပါဘူး။ ဆေးပညာစာအုပ်တွေကိုလည်း အခုအချိန်မှာ ဗဟုသုတ ရအောင်ဖတ်သင့်ပါတယ်။
ကျွန်မက အမှန်ကို တည့်တိုးမြင်အောင် ပြောတတ်တဲ့သူမျိုးဆိုတော့ မုန်းချင်မုန်းကြလိမ့်မယ်။ ကျွန်မကို အခုချိန်မှာ မုန်းလည်း ဂရုမစိုက်ပါ။ ၁နေ့နေ့ ၁ချိန်ချိန်မှာ ကျွန်မရဲ့ စေတနာ နဲ့ အမှန်တရား ကိုမြင်လာပြီဆိုရင် ကျွန်မကျေနပ်နေမှာပါ။
ကျွန်မချစ်သောသူများ နောင်တမျှော်လင့်မှုများဖြစ်မလာကြပါစေနဲ့လို့ ဒီနေရာကနေရေးသားရင်း -----

Tuesday, December 1, 2009
Happy Birthday & Happy Sweet December
ဒီနေ့ ကျွန်မရဲ့ မွေးနေ့မှာ လာလည်သူအားလုံး ကျန်းမာရွှင်လန်းပါစေ။
ကျွန်မ အကြိုက်ဆုံး Mickey-Mouse & Minnie-Mouse ပုံလေးကို ပေးထားတယ်နော်။ အခုတော့Mickey-Mouse & Minnie-Mouse ပဲနော်။ နောက်ဆိုရင် Baby Mickey လေးပါ ပါတော့မှာ ...
Source : Google ကနေရှာပြီး ကူးထားတာ။

Monday, November 30, 2009
ရန်ကုန်ပြန် အတွေ့အကြုံ
Blog ကိုပစ်ထားတာ အတော်ုကာနေပြီ။ ရန်ကုန်ပြန် အတွေ့အကြုံလေးတွေ၊ ကိုယ်ချင်းစာမှုမရှိသောသူများကို သိစေချင်လို့ အားလုံးကိုမျှဝေလိုက် ပါတယ်။
ကျွန်မ ရန်ကုန်ပြန်တဲ့အချိန် ကိုယ်ဝန် 22 weeks ပါ။ အဖေက NUH ရဲ့ Recommend Letter ယူလာခဲ့ဆိုလို့ လေယာဉ်စီးလို့ရအောင် တောင်းလာခဲ့ပါတယ်။ Just in case ပါ။ ၁ယောက်ကိုမှ Silk Air က ကီလို ၃၀ ပဲရတာ။ ဗိုက်နဲ့ ၁ယောက်ထဲပြန်ရတော့ ပါဆယ်ရန်ေုကာက်လို့ ဘယ်သူမှမသိကြပါဘူး။ အရမ်းခင်တဲ့သူတွေပဲသိကြတာပါ။ စိတ်ဆိုးတဲ့သူတောင်ရှိသေး။ ကိုယ်လိုဖြစ်လာတဲ့အချိန်မှ ကိုယ်ချင်းစာလာ မှာပါ။ ဒီကနေသယ်သွားတာအားလုံး 30 KG ပါ။ Silk Air က Immigration ကိုမျက်နှာချိုသွေးပြီး Business Class အနောက်က Seat ကို Request လုပ်ပါတယ်။ အသွားကော၊ အပြန်ကော Economy Class ရဲ့ ရှေ့ဆုံး ထိပ်ထောင့်ကိုရပါတယ်။ ရန်ကုန်ရောက်တော့ Immigration နဲ့ အရင်ဆုံးတွေ့ရပါတယ်။ လိုအပ်တဲ့စာရွက် စာတမ်းတွေကို အဆင်သင့်လုပ်ထားပြီး မှီခိုဖြင့်ပြန်လာသူ များနေရာမှာ တန်းစီပါတယ်။ ကျွန်မအလှည့် ရောက်တော့ လိုအပ်တဲ့စာရွက်စာတမ်း အကုန်ပေးလိုက် ပါတယ်။ အကုန်ပြီးသွားတော့ ကျွန်မကို အကုန် ပြန်ပေးပါ တယ်။ ပြီးတော့ပြောလိုက်ပါ သေးတယ်။ လက်ဆောင်လေးများပါရင် ပေးခဲ့ပါဦးတဲ့။ တောင်းတာ ပေါ်တင်ကြီးနော်။ ကျွန်မရဲ့ စိတ်က အဲဒီလိုလူမျိုးဆို တအားအမြင်ကတ်တာ။ ပြီးပြီလားလို့ ၁ခွန်းမေးပြီး လှည့်ထွက်လာခဲ့တာပါပဲ။ စိတ်ထဲမှာတော့ ပြန်ရင်ဘာမှမပြည့်စုံ ရင်ပြသာနာပဲဆိုပြီး တွေးမိပါသေးတယ်။
ရန်ကုန်မှာ စားချင်တာတွေစားခဲ့တာ။ ကိုယ်အလေးချိန်တောင် တော်တော်တက်လာတာ။ ကျွန်မ ကိုယ်အလေးချိန် ဗိုက်မကြီးခင် ပေါင် ၉၀ တောင်မရှိ ဘူး။ ကျွန်မ ထမီဝတ်ရင် ၃တောင်မိုက်လျောပဲ ၀တ်တာ။ ရီစရာက စွတ်လို့ပဲ ရတယ်။ ကြည့်မကောင်းဘူး။ ၄တောင်မိုက်လျော့ကလည်း ၁ထည်မှမရှိဘူး ကျွန်မ ရွှေတိဂုံဘုရား မသွားခင် အရင်ဆုံးဝတ်ကြည့်လိုက်ပါသေးတယ်။ ရွှေတိဂုံဘုရားမှာLift က မီးမလာလို့ခြေကျင် တက်လာခဲ့ရပါသေးတယ်။ စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးပြီးလှည့်ထွက်လာတော့ တာဝန်လို့ လက်မောင်းမှာပတ်ထားတဲ့ မိန်းမကြီး၁ယောက်က ၀တ်ထားတာ အရမ်းတိုတယ်နော်တဲ့။ သြော်... ပြသာနာပဲ။ အရှည်က ခြေမျက်စိ နဲ့ဒူးခေါင်းကြားရှိပါတယ်။ ထမီတော့ မဟုတ်ဘူးပေါ့။ ကျွန်မဗိုက်ကြီးသည်လေ ဗိုက်ဖုံးဂါဝန်ပဲဝတ်လို့ ရမှာပေါ့လို့ပြန်ပြောလိုက်ပါတယ်။ လာပြောတဲ့သူဝတ်ထားတာ ကျွန်မ ထက်တောင်တိုသေးတယ်။ ဒါပေမယ့် ထမီပါ။ ကျွန်မဒီကနေပြောချင်တာက သူများကိုလက်ညိုးမထိုးခင် ကိုယ်ကိုကိုယ်အရင်ဆုံးပြန်ကြည့်သင့်ပါတယ်။ ဖြစ်သင့်တာက ကိုယ်ဝတ်ထားတာ ခြေမျက်စိထိဖုံးနေပြီး အများကိုပြန်ပြောတဲ့အခါမှလည်း အများကလည်းကိုယ့်ကိုလေးစားမှာပေါ့။ ကိုယ်ပြောတဲ့စကားကိုလည်း လိုက်နာမှာပေါ့။ အခုတော့ .... ကျွန်မမှာဘုရားဖူးပြီး ပြန်ထွက်လာတဲ့ ကြည်နူးစိတ်လေးတောင် ပျောက်ဆုံးသွားတယ်။
ကိုယ်တိုင် ပြန်တာဖြစ်တဲ့အတွက် ကိုယ်ကြိုက်တဲ့အရာကို စိတ်ကြိုက်သယ်လို့ရတယ်လေ။ Luggage အကြီး ၁အိတ်၊ စားစရာပုံး ၁ပုံး၊ Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး အားလုံး ၆မျိုး တောင်နော်။ အဲဒါသာကြည့်တော့ ဗိုက်ကြီးသည် သယ်လာရတာ ၆အိတ်တောင်။ 35 KG ကျော်တယ်။ အဲဒီတော့ Luggage အကြီး ၁အိတ် နှင့် စားစရာပုံး ၁ပုံး ကိုပဲအပ်လိုက် တော့တယ်။ ကိုယ်ဟာကိုယ် အပင်ပန်း ခံပြီး Hand Carry ပဲ လုပ်လိုက်တော့တယ်။ တော်ကြာ အဖေပိုက်ဆံထပ်ကုန်နေဦးမယ်။ စိတ်လည်းတော်တော် ညစ်တယ်။ ပြန်ခါနီး Immigration ကရစ်လိုက်သေးတယ်။ Immigration မ၀င်ခင် ဗိုက်ကြီးနေပါတယ်ဆိုမှကျွန်မကို Scan ဖတ်လိုက်သေးတယ်။ သြော် ... မပြန်ခင်တော်တော်နှိပ်စက်တာပဲနော်။ ဗိုက်ကြီးနဲ့မို့လို့လေယာဉ်ပေါ်တက်ခွင့်မပေးနိုင်ဘူးတဲ့။ NUH ကစာကိုပြလိုက်မှ အဆင်ပြေသွားတော့တယ်။ လေယာဉ် မတက်ခင်မှာ Scan ဖတ်မယ် အလုပ်မှာ ဗိုက်နဲ့ဆိုတာသိသွားတော့ Scan ဖတ်ရခြင်းမှ ကင်းဝေးသွားပါတယ်။ တော်ပါသေးရဲ့။ ပြီးပြီ အောင်းမေ့တာ မပြီးသေးဘူးရှင်။ လေယာဉ်အ၀င်မှာ ဗိုက်နဲ့မို့လို့ လေယာဉ် ပေါ်တက်လို့မရဘူးတဲ့။ လက်မှတ်ထိုးပြီးပြီလားတဲ့။ ဘာလက်မှတ်မှ ကျွန်မ မထိုးရသေးပါ။ ကျွန်မလည်း ပြီးပြီရောဆိုပြီး ထိုးပြီးပြီလို့ပြောလိုက်တယ်။ သြော် ... စိတ်ညစ်စရာကောင်းလောက်အောင် တော်တော်ရစ်ကြတာပဲ။
Computer Bag ၁လုံး ၊ ပါဆယ်ပေးလိုက်လို့ သယ်လာရတဲ့ အိတ် ၁အိတ်၊ ဟင်း၁အိတ်၊ Hand Bag ၁လုံး ကိုအနောက်ကလူကို အကူအညီ တောင်းပြီး အပေါ်ကို တင်ခိုင်းလိုက်ပါတယ်။ ကူတင်ပေးလို့တော်သေးတယ်။ လေယာဉ်အဆင်းမှာ အန်လိုက်သေးတယ်။ ဘေးနားက Singaporean အဘွားကြီး ၁ယောက် လေယာဉ်မယ်ကို ခေါ်ပေးတယ်။ လေယာဉ်က အမြင့်ကြီးကနေ အောက်ကိုဆင်းတဲ့အခါ ဖြည်းဖြည်းဆင်းရမယ့် ဟာကို တအားနိမ့်ဆင်းလိုက်တော့ ကျွန်မလည်းအန်တော့တာပဲ။ Right time 2:45 PM မှ ဆင်းရမှာ 2:20 PM လေယာဉ်ဆိုက်တယ်။ ကျွန်မလည်း နောက်ကလူကို အိတ်ချပေးဖို့ အကူအညီတောင်းရတယ်။ ချပေးပါတယ်။ အဲဒီမှာ ပြသာနာစတာပဲ။ ပါဆယ်ထည့်လာတဲ့အိတ် နှင့် Computer Bag ညှိပြီးတော်တော် အချိန်ကြာသွားတယ်။ အဲဒီအချိန် ကျွန်မကို နာမည်ကြီး Model ၁ယောက် မျက်ထောက်နီကြီးနဲ့ ကြည့်နေတယ်။ သူက ကျွန်မ အနောက်ကလေ။ ၁၅ မိနစ်လောက်ကြာသွားတယ်။ ကျွန်မ ဘယ်လိုလုပ်ပြီး မ နိုင်မှာလဲ။ မ မနိုင်ဘူးလေ။ မကူညီတဲ့အပြင် အဲဒီလိုပြန်ကြည့်တော့ ကျွန်မလည်း စိတ်ဆိုးလွန်းလို့ ပြန်ပြီး မျက်ထောက်နီ နဲ့ဘုကြည့် ကြည့်ပေးလိုက်ပါတယ်။ သြော် ... ပြသာနာ
ကျွန်မရဲ့အိတ်တွေကလည်း အစောကြီးထွက်လာတယ်။ အိတ်ချဖို့အကူအညီတောင်းတော့ မကူညီနိုင်ဘူးတဲ့။ အဲဒီတော့ Trolley ကို ဘေးနားကပ်ပြီး အိတ်တွေကိုဆွဲချရတော့တယ်။ အိတ်ပျက်သွားတာက အရေးမကြီးဘူး။ ဗိုက်ထဲက ကလေးဘာမှမဖြစ်တာပဲတော်သေးတယ်။ ကျွန်မ ကလေးကလည်း တော်တော်သန်ပါတယ်။ အမေက အကြမ်းပတမ်း ဘယ်လောက်လုပ်လုပ် ယနေ့အချိန်ထိ ဘာမှမဖြစ်သေးပါ။
ဒီကြားထဲကိုယ့်ဟာကိုယ်သယ်လာတာ ပြောတဲ့သူရှိသေးတယ်။ ဘာလို့စာအုပ်တွေအလေးခံပြီးသယ်လာတာလဲ။ ဒါကြောင့်လေးနေတာတဲ့။ ကိုယ်ပြန်တဲ့အချိန်မှသယ်ရတာလေ။ ကျွန်မက စာဖတ်အရမ်းပါသာနာပါတာ။ ဒီမှာဝယ်လို့မရတဲ့ စာအုပ်တွေသယ်လာတာပါ။ လူတွေရဲ့ပါးစပ်က သူများ Private ကိုတော်တော်စပ်စုချင်ကြတာပဲ။ အတင်းတော်တော်ပြောချင်ကြတာပဲ။ ကိုယ်ထမင်းကိုယ်စား နေတာ ကျေးဇူးပြုပြီး ပါးစပ်ပေါက်လေးတွေ ပိတ်ပေးကြပါ။ Plsssssss ....
သြော် ... ပြောဖို့မေ့နေတာ။ ကျွန်မကလေးက ယောက်ျားလေးပါ။ အိမ်နာမည်က MICKEY ပါ။
ရန်ကုန်ပြန်တော့ ဘာအလုပ်မှ လုပ်စရာမလိုပါဘူး။ အေးအေးဆေးဆေး စားချင်တာတွေကို ထိုင်စားနေယုံပဲ။ အဖေကတော့ Singapore ကိုမပြန်ခင် ပြောလိုက်ပါသေးတယ်။ ကိုယ့်အားကိုယ်ကိုရတော့မယ်တဲ့။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ Blog လေးကိုရောပေါ့။ ကျွန်မရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခွင့်ရလို့လေ ....

Saturday, September 5, 2009
Singapore မှာဘာကြောင့်မွေးလဲဆိုတာ
ကျွန်မ ကိုယ်ဝန် ၃လကျော်လို့ ၄လထဲမှာပါ။ ဒီမှာ မွေးကြရာမှာ ၂မျိုး ၂စားရှိပါတယ်။ ၁ချို့တွေက ရန်ကုန်ပြန်ပြီး မွေးကြတယ်။ ၁ချို့က ဒီမှာပဲ မွေးကြတယ်။ တွေ့တဲ့သူတိုင်းက မေးကြလွန်းလို့ ဖြေရတာမောတယ်။ ဒီကနေပဲ ဖြေပေးလိုက်ပါတယ်။ ကျွန်မက ဒီမှာပဲမွေးမှာပါ။ ကျွန်မ Full-Time အလုပ်လဲမလုပ်ပါဘူး။ Part-Time တော့လုပ်ပါတယ်။ Full-Time လုပ်ရင် ကလေး ၁ခုခု ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ကျွန်မရဲ့ Professional လမ်းကြောင်းက Programmer ပါ။ ၂၀၁၁မှFull-Time အလုပ် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ အဖေကတော့ ပြောပါတယ်။ Idleness ဖြစ်နေဦးမယ်တဲ့။ အလုပ်ပြန်စတဲ့အချိန် ကျတော့ အများတကာထက် ၂ဆတော့ ပိုလုပ်ရမှာပေါ့။ ၂ဆလည်း ပိုပင်ပန်းမှာပါပဲ။ အဓိက အလုပ်ဆက် မလုပ်ရတဲ့ အကြောင်းရင်းက STRESS ဒဏ်ကြောင့် ကလေးပျက်ကျမှာ စိုးရိမ်လို့ပါ။ ကလေးဆိုတာ လိုချင်တိုင်းလည်းမရပါဘူး။ ကျွန်မ အဖေပြောသလို ကလေးကလည်း ကိုယ်တို့နဲ့ ကံပါမှ၊ ထိုက်မှလည်းရတာပါ။
ဘာကြောင့်အလုပ်မလုပ်ရသလဲ၊ ဒီမှာပဲမွေးရတာလဲဆိုတာ ဒီနေရာကနေအားလုံးကို ကျွန်မရဲ့ ခံစားချက်လေးကို ရှင်းပြချင်ပါ တယ်။ ကျွန်မ မွေးတဲ့အချိန် ဘယ်သူမှဒီကိုလာပြီး မကူပါဘူး။ မထိန်းပေးနိုင်ပါဘူး။ အဖေက ငယ်ငယ်ထဲက ကိုယ့်အားကိုယ်ကိုး နိုင်အောင် သင်ထားပေးတယ်။ ပြီးတော့ ခုချိန်မှာအဖေခဏခဏပြောတဲ့စကားလေး၁ခွန်းက "ခံနိုင်ရည်ရှိအောင် အားမွေးထားပါ" တဲ့။ ဒီမှာမွေးတာ ပိုက်ဆံအရမ်းကုန်ပါတယ်။ဒါတောင် NUH မှာပြလို့။ PR လည်းဖြစ်နေလို့။ ၁ခါပြ ၁လကို ၁၅၀ ၀န်းကျင်။ ဒါ တောင်မမွေးရသေးဘူး။ မွေးပြီးရင်ဘယ်လောက်ကုန်မလဲဆိုတာ စဉ်းတောင်မစဉ်းစားရဲပါဘူး။ ကျွန်မတို့ရဲ့ကလေးပဲဟာ။ ပိုက်ဆံ ကုန်ချင်သလောက်ကုန်ပါစေ။ ပိုက်ဆံရှိနေလို့လဲမဟုတ်ပါဘူး။ အရာအားလုံးထက် အကောင်းတကာ အကောင်းဆုံးဖြစ်ချင်တာပါ။ အဖေကိုလည်း ရန်ကုန်ပြန်ပြီး ကိုယ်ကြောင့်အလုပ်တွေပိုလာမှာ၊ အမျိုးတွေလည်း ကိုယ်ကြောင့်အလုပ်ပိုလာမှာ၊ ဟိုဖက်ကလည်း ကိုယ်ကြောင့်အလုပ်တွေပိုလာမှာကိုလည်း မလိုလားပါဘူး။ ကိုယ်မွေးတဲ့အချိန် ယောက်ျားကို ဘေးနားမှာရှိချင်တာလည်း ပါတာ ပေါ့နော်။ ကိုယ်မွေးတဲ့အချိန် Singapore ရဲ့ထုံးစံအတိုင်း အလုပ်လုပ်နေတဲ့သူတိုင်း ခွင့်၁ခါယူဖို့အရေး အတော်ကိုခက်ပါတယ်။
ကျွန်မ ၄နှစ်မှာ အဖေက ပညာတော်သင်အနေနဲ့ UK ကိုသွားရတယ်။ ကျွန်မ ၅တန်းတက်ခါနီးအချိန်ကျမှ ပြန်လာတာ။ အဲဒီ အတော်အတွင်းကျောင်းကသူငယ်ချင်းတွေက "နင့်အဖေဘယ်မှာလဲ။ နင်က အဖေမရှိပဲမွေးလာတာမဟုတ်လား" ဆိုပြီး ကျွန်မကို အမြဲတမ်း စကားလုံးတွေနဲ့ထိုးနှက်ကြတယ်။ တစ်ချို့ဆို ကျွန်မကိုဆွဲဆိတ်ကြတယ်။ ကျွန်မလက်၂ဖက်လုံးမှာကျောင်းကပြန်လာရင် ဆိတ်ရာတွေချည်းပဲ။ ကျောင်းကပြန်လာတိုင်း ကျောင်းပြောင်းပေးဖို့ အမေကိုပြောရတာလည်းခဏခဏပဲ။ အမေဆို အဲဒီလိုပြော လာရင် တအားစိတ်ညစ်တာ။ ကျွန်မ ဒီကျောင်းကိုရအောင် ခက်ခက်ခဲခဲထားခဲ့ရတာဆိုတော့ ကျောင်းပြောင်းရမယ်ဆိုအမေလန့် နေပြီ။ အဖေ ပြန်လာတော့ ကျွန်မ ၁လလောက်နေမှ အဖေအနားကပ်တာ။ အဖေပြန်ရောက်တော့ ကျွန်မမှာ အဖေဆိုပြီး အဖေကို လာလာ ချောင်းရတာအမော။ မွေးလာမယ့် ကလေးကို ကျွန်မတို့နဲ့ ရင်အုပ်မကွာအမြဲထားမှာပါ။ ကျွန်မ ကလေးကို မွေးပြီး ၂ဖက်အိမ်မှာ (ရန်ကုန်မှာ)ပစ်ထားပြီး ပိုက်ဆံ၁ခု အတွက်နဲ့ ဒီကိုပြန်ပြီး အလုပ်လာလုပ်တာလည်း မလိုချင်ပါဘူး။ ကျွန်မ ငယ်ငယ်ကခံစားခဲ့ ရသလို ကျွန်မကလေးကို အဖေကော၊ အမေကော၊ မိစုံဖစုံရှိရဲ့ သားနဲ့တနယ်တကျေးမှာ ပစ်ထားတာ မျိုး ဘယ်တော့မှမလုပ်ဘူး။ ငယ်ငယ်လေးကထဲက နုနယ်လှတဲ့ ကလေးရဲ့စိတ်ဓာတ်ကို သိမ်ငယ်စိတ်ဝင်အောင် မိဘများက မလုပ်သင့်ပါဘူး။ ကျွန်မတောင် အမေနဲ့ အတူတူနေတာတောင် ဒီလို အပြောခံခဲ့ရင် မိစုံဖစုံရှိရဲ့သားနဲ့ ခွဲနေရမယ်ဆိုရင် စဉ်းစား ကြည့်ပေါ့ရှင်။ မိစုံဖစုံနေခဲ့ရတဲ့ ကလေးနဲ့ အဖိုးအဖွားတွေနဲ့နေခဲ့ ရတဲ့ကလေးကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် စိတ်ဓာတ်ရေးရာမှာ အတော်ကွာပါတယ်။ ကျွန်မ ရှင်းပြတာထက် ၁ချိန်လက်တွေ့မှာ မြင်လာမှာပါ။ ကျွန်မရဲ့ခံစားချက်ကို သဘောပေါက်လောက်ပြီ ထင်ပါတယ်။
ကျွန်မ Singapore မှာဘာကြောင့်မွေးလဲဆိုတာ ...
- ၂ဖက်မိဘကို ကိုယ်ကြောင့်အလုပ်မပိုစေချင်ပါဘူး
- ကလေးကို မိဘနဲ့ ရင်အုပ်မကွာ အတူရှိနေချင်ပါတယ်
- အကောင်းတကာ အကောင်းဆုံးဖြစ်အောင်ပေးချင်ပါတယ်
၁ချို့တွေဆို ကျွန်မကို ရန်ကုန်မှာပဲ ပြန်မွေးဖို့ကို အတင်းကာရော တိုက်တွန်းကြပါတယ်။ ကျွန်မပြောချင်တာက ကျွန်မတို့ ၂ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခွင့်ပြုပါ။ ဘ၀ခရီးကို ၂ယောက်အတူ လျှောက်လှမ်းနေတဲ့အချိန်မှာ ကြမ်းချင်လည်း ကြမ်းမယ်။ ဒါတွေကိုလည်း ကြိုတွေးပြီးသားပါ။ ဘ၀ခရီးကိုခံနိုင်ရည်ရှိအောင် ကြိုးစားနေပါတယ်ဆိုတာ

ကြက်သားနှင့်ကြာဇံ
ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်နှယ်ပြီး ၁ညသိပ်ထားပါတယ်။ ကြာဇံကို ရေစိမ်ထားပါ။ ဆီထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် ညက်ညက်ထောင်းတာနှင့် ဆီသတ်ပါတယ်။ ကြက်သားထည့်ပါတယ်။ ကြက်သား ဆီပြန်လာ အောင်စောင့်ပြီး ရေထည့်ပါတယ်။ ကြက်သားနှုးခါနီး အချိန်ကျမှ ကြာဇံထည့်ပါတယ်။ ရေကျပြီး ကြက်သားကော၊ ကြာဇံကော နှုးပြီဆိုလျင် ချလို့ရပါပြီ။
Labels:
စားကြမယ်
Friday, September 4, 2009
ပူစီနံထောင်း
ပူတီနံကိုအရွက်တွေပဲသတ်သတ်ချွေထားပါတယ်။ ကြက်သွန်ဖြူ ၁မွှာ နှင့် ငရုတ်သီးစိမ်းတောင့် ၃တောင့် မီးဖုတ်၊ ထန်းလျက်ခဲ ၁ခဲ၊ မန်ကျည်းမှည့် အနည်းငယ်၊ ဆား၊ အချိုမှုန့် အားလုံးကိုရောထောင်းပါတယ်။
ကြက်သားပလာတာချက်ရာတွင် တစ်ချို့က အချဉ်အနေနဲ့သုံးကြပါတယ်။
ကြက်သားပလာတာချက်ရာတွင် တစ်ချို့က အချဉ်အနေနဲ့သုံးကြပါတယ်။
Labels:
စားကြမယ်
Wednesday, September 2, 2009
ဆိတ်သားခြောက်ကြော်စပ်စပ်
ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူပါးပါးလှီး၊ ဂျင်းပါးပါးလှီး ဆီထည့်၊ နွမ်းလာပြီဆိုမှ ဆိတ်သားခြောက်ကြော် ထုတ်ကို ဖောက်ပြီး လက်ဖြင့်အမွာလေးများရအောင်ဖဲ့ထည့်ပါ။ မီးအေးအေးဖြင့် ကြော်ပါ။ ချခါနီးပြီဆိုမှ ငရုတ် သီးလေးစိပ်ကွဲ ထည့်ပါ။ ပြီးရင်ဆား၊ အချိုမှုန့်ထည့်ပါ။ဆိတ်သားခြောက်ကြော်ကို ဒီအတိုင်းမစားချင်လို့ရှိရင် အဲဒီလိုလည်း ကြော်လို့ရပါတယ်။ ပြီးတော့ ခရမ်းချဉ်သီးနဲ့လည်း ချက်လို့ရ ပါတယ်။ နောက်မှ ချက်နည်းရေး ပြတော့မယ် ...
Labels:
စားကြမယ်
Friday, August 21, 2009
ပုဇွန်ခွက်ကြော်
Labels:
စားကြမယ်
ငါးကြင်းခေါင်းချဉ်စပ်ဟင်းချို
ချက်မည့်အိုးထဲမှာ ကြက်သွန်နီ ၂စိပ်၊ ဂျင်းအနည်းငယ်၊ စပါးလင် ၁ချောင်း၊ ငါးကြင်းခေါင်း၊ ငရုတ်သီးစိမ်းတောင့်ကိုခြမ်းပြီး ကိုယ်လို သလောက်ထည့်၊ ဆား၊ အချိုမှုန့်၊ TOM YAM Paste ၁ဇွန်း၊ လိုသလောက်ရေထည့်ပြီး ငါးကြင်းခေါင်းနှုးပြီဆိုမှ ခရမ်းချဉ်သီး ၁ခြမ်း ကိုစိပ်ထားတာရယ်၊ နံနံပင်ရယ် ထည့်ပေးပါ။
Labels:
စားကြမယ်
Thursday, August 20, 2009
ဝက်သား၃ထပ်သားချဉ်စပ်
ဝက်သားကို ဆား၊ အချိုမှုန့်နယ်ပြီး အရင်ဆုံးနှုးအောင်ပြုတ်ပါ။ ကြက်သွန်နီလေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီသတ်ပါ။ ပြုတ်ထားပြီးသား ၀က်သားထည့်ပါ။ နှုးပြီးသားဖြစ်တဲ့အတွက် ငရုတ်ချဉ်စပ် အနည်းငယ်ထည့်ပါ။ ဆီပြန်ပြီ ဆိုလျင် ချလို့ရပါပြီ။
Labels:
စားကြမယ်
Tuesday, August 18, 2009
ပဲပြုတ်ထမင်းကြော်
ကြက်ဥကို အနှစ်ကလေးမပျက်အောင်ကြော်ထားပါတယ်
ပန်းကန်လေးထဲမှာ ပဲပြုတ်ထမင်းကြော်၊ ကြက်ဥကြော်၊ Bacon ကြော်ဖြင့် မနက်ခင်းလေးကို ဗိုက်ပြည့်အောင်ဖြည့်လိုက်ဦးနော်..
Labels:
စားကြမယ်
Sunday, August 16, 2009
Chicken Spaghetti
ညနေရောက်မှ ဈေးသွားဝယ်ဖြစ်တယ်။ ဈေးသိမ်း၊ လှီးချွတ်နေတာနဲ့ အခုမှပဲရေးဖြစ်တယ်။ အ၀လည်း စားပြီးသွားပြီလေ။ ဟဲ..ဟဲ.....
Spaghetti ချက်နည်းက အဖေဆီကသင်ထားတာပါ။ အဖေကိုတော့ ဒီကပဲကျွေးလိုက်ပါတယ်။ အိမ်မှာချက်စားရင် အမဲသား တောက်တောက်စင်းထားတာနဲ့ချက်တာများတယ်။ အမဲသားကပိုပြီးကောင်းတယ်။ ကြက်သားကျတော့ အားလုံးစားလို့ရတာပေါ့။ ရန်ကုန်မှာ ခဏခဏလုပ်စားဖြစ်တဲ့ အစားအစာ၁ခုပေါ့။ အဓိကလိုတာကတော့ Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ပါ။ ပြီးတော့ Spaghetti ရဲ့အဓိကသော့ချက်က Cheese Powder ပါ။ Cheese Powder မပါရင် စားမကောင်းပါဘူး။ ဆိုင်တွေမှာသွားစားရင် Cheese Powder ထည့်ပေးတဲ့ဆိုင်က ရှားတယ်။ ကျွန်မကတော့ Cheese Powder မပါရင် ဆက်ကိုစားချင်စိတ် မရှိတော့တာ။
Chicken Spaghetti လုပ်နည်း
လိုအပ်သောအရာများ
Spaghetti Noddle, Spaghetti Sauce, Mayonnaise, Cheese Powder ကို NTUC Fair Price မှာ ၀ယ်လို့ရပါတယ်။ ကြက်သားနှုတ်နှုတ်စင်းထားတာ ၁ထုပ်၊ ငရုတ်သီးအချိုပွ ၁လုံးကို အနေတော်လှီးပါ၊ မှိုကိုလည်း အနေတော် လှီးပါ၊ ခရမ်းချဉ်သီးကို အစိပ်လေးများဖြစ်အောင်စိပ်ပါ၊ ၀က်အူချောင်းကိုလည်း အနေတော်လှီးပါ။
တစ်ချိန်ထဲမှာ Spaghetti Noddle ကိုပြုတ်ထားပါ။ နည်းနည်းကြာတတ်ပါတယ်။
ကြက်သွန်နီ လေးစိပ်စိပ်၊ ဂျင်း ပါးပါးလှီး၊ ကြက်သွန်ဖြူ ပါးပါးလှီးပြီး ဆီအနည်းငယ်ဖြင့် ဆီသတ်ပါ။ ကြက်သား နှုတ်နှုတ်စင်း ထားတာထည့်ပါ။ Spaghetti Sauce ကိုမှန်းပြီးထည့်ပါ။ Mayonnaise ကိုလည်းမှန်းပြီးထည့်ပါ။ ၀က်အူချောင်းထည့်ပါ။ ငရုတ်သီးအချိုပွထည့်ပါ။ မှိုထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ အားလုံးပျော့သွားပြီဆိုမှ မီးဖိုပေါ်မှချပါ။
စားခါနီးကျရင် ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ အနှစ်ဖတ်ကိုအပေါ်ကနေထည့်၊ ပြီးတော့မှ Cheese Powder ဖြူး။ ကျွန်မက စားမယ်ဆိုရင် တစ်ထိုင်ထဲနဲ့ ၂ပွဲကုန်ပါတယ်။
မစားချင်ကြဘူးလား။ လာစားကြပါဦး........

Saturday, August 15, 2009
ရခိုင်မုန့်တီ - အာပူလျှာပူ
အရင်ဆုံး မြောင်းမြဒေါ်ချိုချက်တုန်းက ကျန်တဲ့ မုန့်ဖတ်ကို ရေစိမ်လိုက်ပါတယ်။ မုန့်ဖတ်ပျော့ပြီးဆိုလျင် အိုးထဲမှာ ရေထည့်ပြီး ဆူအောင် တည်လိုက်ပါတယ်။ ရေဆူမှ မုန့်ဖတ်ထည့်ပါတယ်။
နောက်အိုး၁လုံးဖြင့် ငါးခူကို ငံပြာရည်၊ အချိုမှုန့်နယ်ပြီး စပါးလင်ထည့်ပြုတ် ပါတယ်။ အနံမွေးအောင်လို့ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတောင့်ကို ညက်နေအောင် ထောင်းပါ။
နောက်အိုး၁လုံးဖြင့် ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူပြီဆိုလျင် ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ထောင်းထားတာတွေကို ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်ပြီဆိုလျင် မီးခဏပိတ်ထားပါ။
ငါးခူတည်ထားသောအိုးမှ ငါးခူနှုးပြီဆိုလျင် ငါးခူချည်းပဲဆယ်ပြီး အအေးခံထားပါ။ ငါးခူ ပြုတ်ထားသောအိုးထဲမှ အရည်အားလုံးကို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထားသော အိုးထဲသို့ လောင်းထည့်လိုက်ပါ။ ငါးခူကို အသားချည်းပဲနွင်ပါ။ လက်ဖြင့်ငါးခူ ကိုကြေအောင်လုပ်ပါ။ ပြီးရင်အိုးထဲသို့ ငါးခူအသားများထည့်လိုက်ပါ။ ဆား၊ အချိုမှုန့်၊ ငံပြာရည် ထည့်ပါ။ အပေါ့အငန်မြည်းပြီလျင် ချလို့ရပါပြီ။
ရခိုင်မုန့်တီကို မန်ကျည်းမှည့်ဖျော်ထားသောအရည်၊ နံနံပင်၊ ဆီချက်၊ ပဲကြော်တို့ဖြင့်ထည့်ပြီးစားနိုင်ပါတယ်။ ကျွန်မပုံထဲမှာ အစုံပါအောင် ထည့်မရိုက်ထားဘူး။ ကျွန်မက မုန့်ဖတ်ထည့်၊ ပဲကြော်ထည့်၊ အရည်ထည့်။ ဒါက ကျွန်မစားတဲ့ပုံစံ ...
Labels:
မြန်မာ့ရိုးရာ စားစရာ
ငါးခြောက်ရိုး နှင့် ခရမ်းချဉ်သီး ငပိချက်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးအပွခြောက်ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ တယ်။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့်ပါတယ်။ ခရမ်းချဉ်သီးကြေပြီဆိုမှ ငါးခြောက်ရိုး အနေတော်စိပ်ထားတာ ထည့်ပါတယ်။ စိမ်းစားငပိအနည်း ငယ်၊ အချိုမှုန့်ထည့်ပါ။ ငါးခြောက်ရိုး နှုးပြီဆိုလျင် ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါတယ်။ နံနံပင်ကို ကတ်ကြေးနဲ့ဖြတ် ပြီးထည့်ပါတယ်။ ဆီပြန်ပြီဆိုလျင် ပန်းကန် ထဲထည့်ပြီး အပေါ်ကနေ နံနံပင်အနည်းငယ် အုပ်ပေးပါတယ်။
Labels:
စားကြမယ်
ကြက်တောင်ပံချဉ်စပ်
မနေ့ကချက်ထားတာ။ ပျင်းလို့မတင်ဖြစ်တာပါ။ ကြက်တောင်ပံကို ဆား၊ ဆနွင်း၊ အချိုမှုန့်ဖြင့်နှယ်ပါ။ ကြက်သွန်နီလေးစိပ်စိပ်၊ ကြက်သွန်ဖြူပါးပါးလှီးပြီး ဆီသတ်ပါ။ နွမ်းပြီဆိုလျင် ကြက်တောင်ပံထည့်၊ ကြက်တောင်ပံနှုးပြီဆိုလျင် ငရုတ်ချဉ်စပ်ထည့်ပါ (နန့်ခမ်း ငရုတ်ချဉ်စပ်ပါ။ ရန်ကုန်ကနေယူလာတာ)။
Labels:
စားကြမယ်
Friday, August 14, 2009
တောင့်တမိသော အစားအသောက်များ
အခုတလော စားချင်နေတာတွေ အရမ်းများ နေတယ်။ ကိုယ်ချက်တဲ့ဟင်း မစားချင်ပဲ အပြင်က အစား ဆန်းဆန်း တွေ စားချင်ပါတယ်။ ရန်ကုန်ရောက်မှပဲ တစ်ဝတစ်ပြဲ စားတော့မယ်။ ဒီမှာက ကြက်သား၊ ၀က်သား၊ ပုဇွန်၊ ပြည်ကြီးငါး ဒါတွေနဲ့ပဲအပတ်တိုင်းစားနေရတာ ၃နှစ်ကျော်ပါပြီ။
ချဉ်ခြင်းတပ်နေတာတွေပါ။ ဘယ်မှာရှာရမလဲနော်။ သတိရရင်ကျန်တာတွေ ထပ်ဖြည့်ဦးမယ်။ ရန်ကုန်ရောက်ရင် အစားအသောက် အရမ်းသောင်းကျန်းတာ။ အောင့်ထားရဦးမယ်။ ရန်ကုန်ပြန်ဖို့ ၂လလောက်တောင် လိုသေးတယ် ...
အစားအသောက်မီးလိုတောက် ... ဟီးးးးးးးးးးး
- မုန့်ဟင်းခါး(အများကသိကြတာ အင်းယားလမ်းမဖြူ မုန့်ဟင်းခါး)ကို ပဲကြော်၊ ငါးဖယ်ကြော်ဖြင့် ပဲသီး အစိမ်းတောင့် အနည်းငယ်၊ သံပုရာသီးအနည်းငယ်ညစ်ပြီး ၂ပွဲလောက် တစ်ထိုင်တည်းစားချင်နေတာ။ ပါဆယ်တစ်ပွဲ ထပ်ထည့် နေ့လယ်စာပါ စားလို့ရတယ်လေ။ လူကသေးသေးလေးပေမယ့် အရမ်းအစား ကြီးပါတယ်။
- ဆီချက်ကိုဆီချက်မထည့်ပဲ၁ပွဲ၊ ဘဲဆီဗူးသုတ်၊ ဘဲအရည်ခွံသုတ်၊ ဘဲခြေထောက်သုတ်ထိုင်ပြီး တစ်ထိုင် တည်း စားချင်လိုက်တာ။ တစ်ထိုင်တည်း စားလို့ကုန်ပါတယ်။ အဲဒီလောက်တောင် အစားပုတ်တာ။ လူက ပေါင်၉၀ လောက်ပဲရှိတာ။ မယုံနိုင်စရာကြီးနော်။
- အဲဒီလမ်း၂၀ကပဲ ၀က်သားပေါင်းကို ဂျင်းပါးပါးလှီးပြီး အချဉ်ရည်နဲ့တို့စားချင်ပါရဲ့။
- Oriental House က Dim Sum ကိုလည်းစားချင်တယ်။ ၀က်နံရိုး၊ ပုဇွန်ဖက်ထုတ်၊ နိုင်လွန်ပုဇွန်၊ အစရှိသဖြင့်
- အများကြီးပဲ။ အရင်တုန်းကဆိုရင် အရင်ဈေးနဲ့ ၂၀၀၀ဖိုးလောက်ကို ပါဆယ်ဆွဲပြီး တစ်ယောက်ထဲ စား တာ။ ဟီး..ဟီး...။
- စမ်းချောင်းကမင်းလမ်း မဟုတ်ဘူးနော်။ ရခိုင်တွေဖွင့်တာ။ ရေခူသုပ်စပ်စပ်လေး၂ပွဲ၊ ပုဇွန်ကင်... ရှိသမျှ အကင်ပေါင်းစုံစားချင်လိုက်တာ။
- ဆာတေး၂ပွဲလောက်ကတော့ အသာလေးပဲ။ ပြီးတော့ ကြက်ကင်၊ အဆီဗူးကင်က ၅ကင်လောက်၊ရုံးပတေသီးကင်၊ ဟူး...။
- ကုလားကြက်သားသုတ်။
- ရွှေဇင်ယော်က Mandalay နန်းလတ်၊ အကြွပ်ရှောင် ၁ပွဲ။
- စိန်ပန်းပြာက Mandalay မြီးရှည်၊ အဲဒါထက် Mandalay ဗထူးကွင်းနားကမြီးရှည်။
- လမ်းဘေးဆိုင်က ၀က်သားတုတ်ထိုးကို စိမ်ပြေနပြေထိုင်စားချင်၏။
- ကောက်ညင်းပေါင်းကို အဖြူနဲ့ငချိတ်ကို နှမ်းထောင်းများများ၊ အုန်းသီးဖတ်အပေါ်ကဖြူးလို့။
- ခေါပုတ်မဲမဲကိုကြော်ပြီး သကြားလေးနဲ့တို့စားချင်လှ၏။
- ရန်ကုန်က တောသည်တွေရောင်းတဲ့ဆီက ဂဏန်းကို ကိုယ်တိုင်ချက်ပြီး ဂဏန်းရေပြန်ဆီကျန် စားချင် တယ်။
- ငါးသလောက်ဥကြော်စားချင်တယ်။
- ငါးရံအူဟင်းစားချင်တယ်။
- ကြာဇံချည်းပဲကိုအရည်နဲ့ဝက်သားကြေးအိုး၊ ဒီကကြေးအိုးတွေက ၁ခုခုလိုနေသလိုပါပဲ။
- ဆိတ်ဦးနှောက်ဟင်း။
- အမှတ်တရဆိုင်က ရှမ်းငါးထမင်းနယ်ကို ဂျုးမြစ်ကိုက်ပြီးစားချင်တယ်။
- ခေါက်ဆွဲသုတ်ကို ဟင်းခါးပူပူလေးနဲ့စားချင်လိုက်တာ။
- ပုဇွန်ခွက်ကြော်သုတ်လည်းစားချင်တယ်။
- ရွှေရင်အေး၊ မုန့်လက်ဆောင်းသောက်ချင်တယ်။
- ရွှေပုဇွန်က ကူဖီးရေခဲမုန့်၊ ချောကလက်ကိတ် (ချောကလက်ကိတ်ပဲသိတာ။ ဘယ်လိုခေါ်မှန်းမသိ၊ ဘေး နားမှာမြေပဲပါတယ်)။
- ပလို့ပြောင်းဖူးစားချင်တယ်။ စီးစီးလေး။ တစ်ထိုင်တည်းစားလို့ကတော့ ၅ဖူးလောက်က အသာလေးပဲ။
- ငါးရံဆန်လောဟင်းချို သောက်ချင်လိုက်တာ။
- ပုဇွန်ထုတ်အကြီးကြီးကို ကင်ပြီး သံပုရာသီးလေးညစ်ပြီး စားချင်တယ်။
- ပူစီနံချပ်တနီးထောင်းစားချင်တယ်။
- မဂိုလမ်း ဗလီအောက်က ဆိတ်ခါးပတ်စားချင်တယ်။
- ငပိရည်ကျိုတောင်မှ ရှောင်နေရတယ်။ စားရင်သွေးတိုးလို့။ ငပိရည်ကျိုကိုလည်း ၁နှစ်လောက်ရှောင်ရ ဦးမယ်။
- မြစ်ပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ တမာချဉ်၊ ပဲတီချဉ်တို့ဖြင့် တို့စားလိုက်ရရင်။သြော် ... ကျွန်မဘ၀ကသနားစရာ.. ဟင်းးးးးးးး
အစားအသောက်မီးလိုတောက် ... ဟီးးးးးးးးးးး
Labels:
My Life
Monday, August 10, 2009
မြောင်းမြဒေါ်ချိုမုန့်ဟင်းခါး
လာလည်သူအားလုံးအားမနာတမ်းသုံးဆောင်သွားကြနော်။ ပဲကပ်ကြော်က စားခါနီးမှပဲဖောက်ထည့်လိုက်နော်။
နောက်မှပဲ ကိုယ်တိုင်ချက်တဲ့ မုန့်ဟင်းခါးလာစားကြနော် ...
Labels:
စားကြမယ်
Wednesday, August 5, 2009
ဗိုလ်စားပဲသီးနှင့်ကြက်ဥကြော်
ဗိုလ်စားပဲသီးကို ဘေးကဟာတွေဖယ်ထုတ်ပြီး စောင်းစောင်းလေးလှီးပါ။ ကြက်သွန်နီပါးပါးလှီးပြီးဆီသတ်ပါ။ ဗိုလ် စားပဲသီးနှုးမှကြက်ဥဖောက်ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။
Labels:
စားကြမယ်
Tuesday, August 4, 2009
Mandalay မြီးရှည်
Mandalay ဗထူးကွင်းနားမှာ ရောင်းတဲ့ မြီးရှည် အရမ်းစားချင်နေတာ။ ဒါကြောင့် ကိုယ့်ဟာနဲ့ကိုယ် တတ်သလောက် မှတ်သလောက် လုပ်စားလိုက်ပါတယ်။ လာစားကြပါဦးလား...
လာစားကြသော သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ပထမဆုံးအကြိမ် မြီးရှည်ကို ကိုယ်တိုင်လုပ်ထားတာပါ။
ပါဝင်သောအရာများ
နန်းလတ်အဖတ်ကို ရေနွေးဖြင့်စိမ်ထားပါ။ ၀က်သားကို ဆား၊ အချိုမှုန့်၊ ပဲငံပြာရည်အကြည်ရည် အနည်းငယ် ထည့်ပြီး နှုးအောင်ပြုတ်ပါ၊ ပြီးရင် ၀က်သားကို နုတ်နုတ်စင်းပါ။ ပဲပင်ပေါက် ကို ရေနွေးဖျော် ထား ပါ။ ကော်မှုန့်ကျိုပါ။ ၀က်သားအရည်ကို တစ်ဝက်ဖယ်ထားပြီး တစ်ဝက် ကို ရေနွေးစိမ်ထားသော နန်းလတ် အဖတ်ဖြင့် ဇကာလေးထဲမှာ ၃၊၄ကြိမ်စစ်ပါ။ ပြီးရင် ပန်းကန်လေးထဲမှာ နန်းလတ် အဖတ် ကို ပုံထားပါ။ ထို့နောက် ပဲငပိအနည်းငယ်၊ ကြက်သွန်ချဉ်၊ ကြက်သွန်ဖြူ ငါးမွှာကို မီးဖုတ်ပြီး ထောင်းပြီး နံနံပင် ရှာလကာရည် နှင့်ရော၊ ဆီထည့်ပြီး ဆီကျက်ပြီး ခဏကြာမှ ငရုတ်သီး အရောင်တင်မှုန့ှ်၊ ငရုတ်သီးမှုန့်၁ဇွန်းရော၊၀က်သားနုတ်နုတ်စင်း၊ ဆား၊ အချိုမှုန့်၊ ပဲပင်ပေါက်၊ ဆီချက်အနည်းငယ်၊ ကော်မှုန့် အနည်း ငယ်၊ ရှမ်းကြက်သွန်ချဉ် တို့ကိုထည့်ပါ။ အပေါ်ကနေ စအုကြော်၊ တရုတ်နံနံ (သို့မဟုတ်) ကြက်သွန်မိတ် (ကျွန်မ က စအုကြော်၊ တရုတ်နံနံ၊ ကြက်သွန်မိတ် မကြိုက်လို့မထည့်ထားတာပါ)
အရည်သောက်အတွက်ကတော့ ၀က်ပြုတ်ရည်ကို မသွန်ပစ်ပဲ ငရုတ်ကောင်းမှုန့်ဖြူးပြီး နံနံပင် ခတ်ထားတာပါ
Mandalay မြီးရှည် လုပ်နည်းက အခုမှရောက်လာလို့။ နောက်မှ Mandalay မြီးရှည် ထပ်ပြီးလုပ်ကျွေးဦးမယ်။ အခုတော့ အဖြစ်လောက်ပဲ။ အာသာပြေမြီးရှည်ပေါ့။

ကုလားဗယာကြော်
ကုလားဗယာကြော် လုပ်နည်း
ကုလားဗယာကြော်မှုန့်ကိုဝယ်၊ အမှုန့်တစ်ဝက်ထည့်၊ ရေအနည်းငယ်၊ ကြက်သွန်နီပါးပါးလှီး၊ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း တောင့်ကိုလှီးပြီးထည့်၊ တစ်ညလောက် ရေစိမ်ပြီးနှပ်ထားပါ။ အနေတော်အ ရွယ်လေးတွေ ယူပြီးမီးအေးအေးဖြင့်ကြော်ပါ။
အချဉ်အတွက်ကတော့ မန်ကျည်းမှည့်ကိုရေနွေးဖျော်၊ နံနံပင်လှီး၊ ငရုတ်သီးစိမ်းတောင့်ကိုလှီး၊ ဆား၊ အချိုမှုန့် ထည့်ပါ
ရေနွေးကြမ်းလေးသောက်ခြင်းဖြင့် အလွန်ကိုလိုက်ဖက်လှပါတယ် ...

Monday, August 3, 2009
ကြက်ချဉ်စပ်
ကြက်သွန်နီ လေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း ပါးပါးလှီး ထားပြီး ဆီထည့်၊ ဆီပူလာလျင် ဆီသတ်ပါ။ ကြက်သားကို အချိုမှုန့်၊ ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ပါ။ ဆီသတ်လို့ မွေးလာပြီ ဆိုလျင် ကြက်သား နယ်ထားတာ ထည့်ပါ။ ကြက်သားနှုးပြီဆိုမှ ငရုတ်ချဉ်စပ် အနည်းငယ်ထည့်ပါ။ ဆီပြန်လာပြီဆိုလျင် သုံးဆောင် လို့ရပါပြီ။
Labels:
စားကြမယ်
Sunday, August 2, 2009
ခရမ်းသီးနှပ်
Labels:
စားကြမယ်
Tuesday, July 28, 2009
ကြက်သား နှင့် မှို
Labels:
စားကြမယ်
Monday, July 27, 2009
ကန်စွန်းရွက်ကြော်
ကန်စွန်းရွက်ကို အရိုးသတ်သတ် (အရိုးကိုဓားလေးဖြင့် ၂ပိုင်းပိုင်းပါ)၊ အရွက်သတ်သတ်ထားခြွေ ထား ပါ။ ရေဆေးပြီး ကန်စွန်းရွက်ကို ဆား၊ အချိုမှုန့်ဖြင်နှယ်ပါ (မကြော်ခင်နယ် ထားတော့ကြော်ပြီး ကျက်သွား ရင် အရွက်ကစိမ်းနေပါတယ်)။ ကြက်သွန်ဖြူဓားပြားရိုက်ပါ၊ ငရုတ်သီးစိမ်းတောင့်ကိုလှီးပါ။ ဆီထည့်ပြီး ဆီပူလာ လျင် ကြက်သွန်ဖြူဓားပြား ရိုက်ထားတာကို ဆီသတ်ပါ။ ကန်စွန်းရွက်အရိုးကိုအရင် ထည့်ပါ။ ပြီးမှကန်စွန်းရွက် အရွက်ထည့်ပါ။
Labels:
စားကြမယ်
Saturday, July 25, 2009
Singapore ရဲ့အိမ်သူကြီးတာဝန်
Singapore မှာနေလာတာ ၃နှစ်ကျော်ပါပြီ။ စရောက်ကတည်းက အိမ်သူကြီးလုပ်လာတာပါ။ အိမ်သူကြီးဆိုတာ အရာအားလုံး ကို၁ယောက်တည်း တာဝန်ယူ ဖြေရှင်းပေးရတာပါ။ အိမ်ရှင်စည်းကမ်းအတိုင်း နေတယ်။ စာချုပ်ပါ စည်းကမ်း အတိုင်းလိုက်နာ တယ်။ ၁ပတ်၁ခါ အလှည့်နဲ့ သန့်ရှင်းရေးလုပ်ရပါတယ်။ မလုပ်လို့ကတော့ ကျွန်မ အမြဲတမ်းပွစိပွစိပဲ။ အိမ်လာ အိပ်တဲ့သူတွေကို လည်း တာဝန်ဘယ်တော့မှမယူပါဘူး။ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်ရင်တော့ ရပါတယ်။ မည်သူ၁ဦး၁ယောက်မှ အိမ်သူကြီး တာဝန်ကို ယူလေ့မရှိ။ အိမ်သူကြီးက လူမုန်းများ တတ်ပါတယ်။ အိမ်လာလည်တဲ့သူတွေ ၁ချို့ဆို စည်းကမ်း၁စက်မှမရှိပါဘူး။ စားပြီးသားပန်းကန်တွေ မဆေး၊ ပိုနေသော ထမင်းကျန်၊ ဟင်းကျန်တွေကို ဒီအတိုင်းလွင့်ပစ်၊ ရေကို ဗုန်းဗောလအော၂နာရီ ကြာ၊၃နာရီကြာအောင်ချိုးတဲ့သူတွေ၊ သူများ ချက်ပြီးသားဟင်းတွေ အလကားအချောင်ရလိုစိတ်နဲ့ စားချင်မှုတွေ၊ အမှိုက်ပုံးသွန်ရ မှာရွံတဲ့သူတွေ ဒီ Singapore မှာ Apartment မှာစုပေါင်းနေတဲ့သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသာနာတွေပါပဲ။ အလုပ်က ပြန်လာလို့မောလာတိုင်း ဒီပြသာနာတွေနဲ့ နေ့စဉ်ကြုံတွေ့ ဖြေရှင်းနေရတာ။
ကျွန်မတရားမျှတစွာနဲ့ပဲကျင့်သုံးပါတယ်။ ဘာလုပ်လုပ် Sharing ပါပဲ။ Divided by ပါ။ အိမ်ငှားတဲ့ ဈေးကိုလာငှားတဲ့သူ တွေကိုအမှန်ဈေးပဲပြောပါတယ်။ PUB ကတော့လစဉ်မမှန်ပါဘူး။ လာတဲ့ Bill အပေါ်မူတည်ပြီး Bill ပြပြီး Divided ပါ။
၁ချို့အိမ်သူကြီးတွေဆိုငှားတဲ့အိမ်ဈေးကိုအမှန်မပြောပါဘူး ၁ယောက်ချင်းဆီကို အပြတ်ဈေးပြောလိုက်ပါတယ်။ အဲဒီတော့အိမ်သူကြီး ကို လုပ်ကျွေးရာကျမနေဘူးလား။ အိမ်သူကြီးက ငှားတဲ့စရိတ်ပေးစရာမလိုတော့ပဲ အလကားနေအချောင်ရလိုက်ခြင်းပါ။ ဒါကတော့ ကျွန်မအမြင်ပြောရရင် ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) အမြတ်ကြီးစားခြင်းပါပဲ။ ဗမာအချင်းချင်းပဲဗျာ။ ပင်ပင်ပန်းပန်းပိုက်ဆံရှာ၊ under pressure and stress တွေနဲ့ နေနေရသူတွေအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ကလေး မထားသင့်ဘူးလားရှင်။

ပဲထောပတ်ထမင်း၊ ကြက်သားဟင်း နှင့် ပဲပြားကြော်
ပဲထောပတ်ထမင်း ကိုဒီရောက်မှချက်တတ်တာ။ Blog ဖတ်ရင်းနဲ့ချက်တတ်သွားတာ။ ပထမဦးဆုံးချက်တဲ့နေ့ မှာပဲ ထမင်း ၁အိုး သွန်လိုက်ရတယ်။ Microwave တဲကုလားပဲကို 5 Minutes ထည့်ပါဆိုတာ Blog ၁ခုမှာရေး ထားလို့ထည့်ပြီးချက်လိုက်တာ ထမင်းကျက်သွားပေမယ့် ကုလားပဲကတော့ အစေ့လိုက်ပဲ။ ဒါနဲ့ ပဲ နောက်၁ကြိမ် ကုလားပဲကို နှုးအိနေအောင် သပ်သပ်ပြုတ် ရပါတယ်။ ချက်ပုံချက်နည်းက -
ကုလားပဲကိုရေထည့်ပြီးနှုးအိနေအောင်ပြုတ်ပါ။ ကြက်သွန်နီ ၁ခြမ်းကို ၄စိပ်စိပ်ပါ။ ဆန်ကိုရေဆေးပြီ ခါတိုင်း ထမင်းချက်သလိုပါပဲ။ Rice Cooker ထဲကို ကြက်သွန်နီ လေးစိပ်စိပ်၊ ထောပတ် အနည်းငယ်၊ ဆားအနည်းငယ်၊ ပြုတ်ထားသောကုလားပဲ၊ သစ်ဂျပိုးခေါက်၊ လေညင်းပွင့်၊ ကရဝေးရွက် (မရှိလို့မထည့်လိုက်ရပါ)၊ စပျစ်သီးခြောက်၊ သီဟိုစေ့ (အဲဒီ၂ခုချက်ခါနီးမှဝယ်ဖို့သတိရတယ်)ထမင်းကျက်ပြီးဆိုလျင် ထမင်းခပ်တဲ့ ဇွန်းဖြင့်နှံအောင်နယ်ပါ။
ကြက်သားဟင်းချက်နည်းကို အရင်က တင်ပြပြီးပါပြီ။ ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ပါ။ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုညက်နေအောင်ထောင်းပါ။ ဆီထည့် ပြီး ထောင်း ထားသောအရာများကို ဆီသတ်ပါ။ ကြက်သားနှုးပြီ ဆီပြန်ပြီဆိုလျင် ချလို့ရပါပြီ။
ပဲပြားကတော့ ဓားလေးနဲ့ပါးပါးလှီးပြီး ဆား၊ အချိုမှုန့်ထည့်ပြီးကြော်လိုက်တာပါ။ အိမ်လာလည်ပြီး စားကြပါဦးလား

Friday, July 24, 2009
လူတိုင်းရဲ့အနှိမ်ခံနေရသောကျွန်မဘဝ
ကျွန်မ PR ရထားပေမယ့် လူအများစုထင်တာ Dependent PR လို့ပဲထင်ထားကြတာ။ ကျွန်မရထားတာ Professional Skilled Worker PR ပါ။ ကိုယ်ဟာကိုယ်လျောက်ပြီးရလာတာပါ။ Dependent PR မဟုတ်ပါဘူး။ ဒီလိုပြောလို့လဲ ကျွန်မ ကို ဘ၀င်မြင့်လိုက်တာ။ လေလုံးက ထွားလိုက်တာလို့ မမြင်စေချင်ဘူး။ ကျွန်မကိုနှိမ်ခဲ့တဲ့သူတွေကို ကျွန်မအလုပ်နဲ့ သက်သေ ပြချင်တယ်။ နာမည်ကြီး အဆိုတော် ယောင်းမနဲ့ စကားပြောတယ်။ သြော် ညီမက အိမ်ထောင်ကြသွားတော့ အလိုလို PR ဖြစ်ပြီလေ။ ဒါကပြောစရာမှ မလိုတာတဲ့။ ကျွန်မလေ ဒေါသ ထွက်လိုက်တာဆိုတာမပြောပါနဲ့တော့။ ကိုယ့်ကိုကိုယ် အထင်ကြီးနေ လို့လဲ ယနေ့အချိန်ထိ အပျိုကြီးဖြစ်နေ တာပေါ့။ ကျွန်မနဲ့တွေ့တိုင်း အမြဲတမ်း နှိမ်ချဆက်ဆံတတ်တာ။ လူတွေက ဘာလို့ တစ်ဖက် သက် အမြင်နဲ့ ဆုံးဖြတ်ကြတာလဲ။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့ သူပါ။ လူ၁ယောက်ကို အပေါ်ယံကြည့်ပြီး ဒီလူရဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ အတွေးအခေါ်ကို ဆုံးဖြတ်လို့မရပါဘူး။ အလကားနေရင်း နှိမ်ချလို့ မရပါဘူး။
ှ
Singapore မှာကျွန်မ ကြည့်မရတာ ဗမာ ဗမာအချင်းချင်းကူညီရိုင်းပင်းမယ်လို့စိတ်မကူးဘူး။ ဘယ်နေရာမှာဘယ်လို နှိပ်ကွပ် ရမလဲ။ ဘယ်သူကိုမနာလိုဖြစ်ရင် ကောင်းမလဲပဲ ကြည့်နေကြတာ။ မုဒိတာ မပွားနိုင်ကြဘူးလား။ ဗမာတွေစိတ်ဓာတ် ယခုအချိန် ထိ အောက်တန်းကျနေလို့လဲ ဗမာပြည် မကြီးပွား မတိုးတက်လို့ သူများနိုင်ငံမှာ အလုပ်လုပ်နေကြရတာ။ ဗမာတွေရဲ့စိတ်ဓာတ် ကိုပြင်ကြပြီး မုဒိတာ စိတ်လေးထားကြပါလို့ .....

ပဲစောင်းလျားသီးသုပ်
ပဲစောင်းလျားသီးကိုအရင်ဆုံးပြုတ်ပါမယ်။ ပဲစောင်းလျားသီး ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ဆား၊အချိုမှုန့်၊ နှမ်း (နှမ်းမရှိလို့မထည့်လိုက်ရပါ)၊ ဆီကျက်၊ သံပုရာသီးတို့ဖြင့် စားခါနီးမှနှယ်လိုက်ပါနော်။
Labels:
စားကြမယ်
Wednesday, July 22, 2009
ငါးနီတူခြောက်ကြော်စပ်စပ်
Labels:
စားကြမယ်
မြစ်ချဉ်နှင့်ဝက်နံရိုးဟင်း
Labels:
စားကြမယ်
ချဉ်ပေါင်ကြော်
Labels:
စားကြမယ်
ငါးရံအူဟင်း
Labels:
စားကြမယ်
Thursday, July 9, 2009
Mandalay နန်းကြီးသုတ်
- နန်းကြီးဖတ် ရေနွေးဖျော် ၊
- မန်းတလေး ပဲမှုန့်၊
- ပဲပင်ပေါက် ရေနွေးဖျော်၊
- ငါးဖယ်ကို ဂျင်း ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်ထည့်ပြီးရောမွေ ပြီးရင်ထောင်း၊ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြား ရိုက်ထားတာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာထ
ည့်ပြီး ၅မိနစ်နေမှ ငါးဖယ်ကို လုံးပြီးထည့်ပါ။ - ကြက်သားကို အသားချည်းပဲဝယ်ပါ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြားရိုက်ထားတာ ကြက်သွန်ဖြူ ဓားပြား ရိုက်ထားတာ ထည့်ပြီး ၅မိနစ်နေမှဆားအချိုမှုန့် ကြက်သားနှယ်ထားတာထည့်ပြီး ပြုတ်ပါ။ ကြက်သားနှုးလာလျင် ကြက်သားချည်းဆယ်ပြီး အအေးခံထားပါ။
- ကြက်ပြုတ်ရည်ထဲကို ငါးဖယ် ပြုတ်ရည် ထည့်ပြီး ပွက်ပွက်ဆူပါက နံနံပင်ထည့်လိုက်ပါ။ ကြက်သားကို အမျှင် ရအောင် နွင်ပါ။
- ဆီ ၂၅ကျပ်သားခန့်ထည့်ပြီး ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းထောင်းပြီး ဆီသတ်ပါ။ ငရုတ်အရောင်တင်မှုန့်ထည့် ကြက်သားထည့်ပြီး ဆီပြန်လာလျင်ရပါပြီ။
- ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အ၀ိုင်းလှီးပါ။ သံပုရာသီးစိတ်ပါ။ နံနံပင် ပါးပါးလှီးပါ။ အကြွတ်ကြော် အတွက် ခေါက်ဆွဲ အ၀ါရောင်ကို ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအေးအေးနှင့် အညိုရောင်သန်းလာတဲ့အထိကြော်ပါ။
ပြင်ဆင်ပုံ
နန်းကြီးဖတ်၊ ကြက်သားဖတ်၊ ငါးဖယ်လုံး၊ မန်းတလေး ပဲမှုန့်၊ ပဲပင်ပေါက်၊ ဆား၊ အချိုမှုန့်၊ အကြွတ်ကြော်၊
အချဉ်အတွက် = ကြက်သွန်နီအကွင်းလိုက်၊ သံပုရာသီး
Labels:
မြန်မာ့ရိုးရာ စားစရာ
Wednesday, July 8, 2009
ကန်စွန်းရွက်ချဉ်ရည်ဟင်း
ပထမဦးစွာ ကန်စွန်းရွက်ကိုသင်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျင် ထောင်းထားသောအရာများကို ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးကြေပြီဆိုလျင် ကန်စွန်းရွက်ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျော် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပြီး အပေါ့အငန်မြည်းပြီးလျင် ချလို့ရပါပြီ။
Labels:
စားကြမယ်
Monday, July 6, 2009
ခရမ်းချဉ်သီးငပိချက်
ခရမ်းချဉ်သီးပါးပါးလှီးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် ထောင်းထားသောအရာများကို ထည့်ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ စိမ်းစာငပိ အနည်းငယ်ထည့်ပါ။ အချိုမှုန့် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါ။ ခရမ်းချဉ် သီးကြေအောင် ယောင်းမဖြင့်နာနာမွေပါ။ ဆီပြန်လာပြီဆိုလျင် နံနံပင်လေးအုပ်လိုက်ပါ။
Labels:
စားကြမယ်
Sunday, July 5, 2009
PR ကြောင့် အလုပ်ထွက်လိုက်ရသော ကျွန်မ
ကျွန်မ PR မတင်ခင် အချိန်အတော်ကြာအောင် စဉ်းစားရပါတယ်။ PR တင်မယ်လို့ ရုံးကိုပြောလိုက်ရင် PR တင်တဲ့အတွက် ကြောင့်အလုပ်ထွက်လိုက်ရလို့် EP ကို Cancel လုပ်လိုက်ရင် Social Visit Pass က ၂ပတ်ပဲရမယ်။ ရုံးကထိုးပေး လိုက်လို့ ကွန်မ Bond ထိုးရရင်ပြသာနာ။ ကျွန်မ အတွက် တော်တော်ကိုစဉ်းစားရကြပ်ပါတယ်။ အကယ်လို့ ရုံးကထိုးပေးလိုက် လို့ Co., ကအရှုံးပေါ်နေရင် Applicant က Rejected ပါ။ ကျွန်မမတင်ခင် တော်တော် စုံစမ်းရပါသေးတယ်။ ရှေ့က တင်ထားတဲ့ ရုံးက ထောက်ခံထားတဲ့ လူတွေ အားလုံး Rejected တွေပါပဲ။ ကိုယ်တိုင်တင်ရင် ကျွန်မအလုပ်ထွက်ရမယ်ဆို တာကြိုတွေးထား ပြီးသားပါ။ PR ကိုယ့်ဟာ ကိုယ်တင်ပြီး Approved ဖြစ်ထားတဲ့အတွက်ကြောင့် လောလောဆယ် ကျွန်မ အလုပ်ထွက်လိုက်ရ ပါပြီ။ ကျွန်မနဂိုကတည်းက အလုပ်ထွက်ချင်နေတာ။ ပိုကောင်းသွားတာပေါ့။ ၂လစာတောင် အလျော်ရ လိုက်သေး။
ကျွန်မရဲ့ Position က PHP Programmer။ EP ကိုင်ထားပေမယ့် လစာက S Pass လစာပဲရှိပါတယ်။ ကျွန်မအတွက် ဒါတွေကအရေးမကြီးပါဘူး။ အဓိက က Working Experience ရဖို့ပိုအရေးကြီးပါတယ်။ စလုပ်လုပ်ချင်း Programs ရေးရတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ Photoshop နဲ့ Design ဆွဲရတဲ့ Designer ရောက်သွားပြန်ရော။ တစ်ချိန်တည်းမှာ Problem Solving Maker ဖြစ်သွားပြန်ရော။ Teachers တွေရဲ့ Wireless Connection Problem တွေ၊ Projector and Visualizer Problem တွေ၊ Set-up Projector and Visualizer Problem တွေ ဖြေရှင်းရတယ်။ တစ်ဆက်တည်း ပြင်ရင်နဲ့ပြသာနာ ဘယ်လိုဖြေရှင်းရလဲဆိုတဲ့ စာပါသင်ရသေးတယ်။ ၁ချို့တွေက နားထောင် ကြတယ်။ ၁ချို့တွေက ဒီအလုပ်က သူတို့အလုပ်မဟုတ်ဘူးဆိုတာ ခံယူထားကြတယ်။ Projector ဖြေရှင်းရတာ မလွယ်ကူ ပါဘူး။ တစ်ခါတစ်လေ ကျောင်းသားစာသင်ခုံနဲ့အပေါ်ကိုတက်ရတယ်။ Senior ကိုခေါ်တိုင်းဘယ်တော့မှမလာပါဘူး။ ပြုတ်များ သာကျသွားလို့ကတော့ ၁ခါတည်းဆေးရုံပဲ။
ဆရာ၊ဆရာမ ၆၈ ယောက် Problems ကိုနေ့တိုင်းဖြေရှင်းရပါတယ်။ ရုံးမှာ ၁နာရီပြည့်အောင် ထိုင်ခုံမှာမထိုင်ဘူးပါဘူး။ လစဉ် လကုန်တိုင်း ဖိနပ်၁ရံအမြဲဝယ်ရတယ်။ ပြသာနာဖြစ်လို့သွားဖြေရှင်းရတိုင်း ကျွန်မနေရာနဲ့တော်တော်ဝေးပါတယ်။ 5 minutes လောက်လမ်းလျှောက်ရပါတယ်။ ၁ခါ၁ရံ Advertisement အရေးကြီးပြီဆိုတိုင်း Marketing ကအမြဲခေါ်ပါ တယ်။ ချက် ချင်းဖြေရှင်းရပါတယ်။ မရှင်းလို့ကတော့လူရှေ့သူရှေ့ အဆဲခံရပါတယ်။ ကျွန်မ အမြဲတမ်းငိုရတယ်။
ကိုယ်လုပ်တဲ့နေရာမှာ ကိုယ်အထက်ကလူက ကိုယ့်အပေါ်ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်မဆိုလိုတာက ပြသာနာ၁ခုဖြစ် လာပြီဆိုလျင် Team Work ရှိဖို့လိုပါတယ်။ ကျွန်မ Mobile ကို 24 hours ဖွင့်ထားရပါတယ်။ Senior ဆီကို ၁ယောက် ယောက်က Phone ခေါ်တိုင်း I can handle it. It's okay. No Problem လို့ အမြဲတမ်းပြောတတ်ပါတယ်။ ပြီးရင် ကျွန်မကိုအဲဒီနေရာကိုသွားခိုင်းပါတယ်။ ပြီးတော့ Sorry Myo, Thank you! Thank you! တဲ့။ ဖြေရှင်းပြီလို့ နေရာ ပြန်မရောက်ခင်မှာ နောက်၁နေရာကိုထပ်သွားရပြန်တယ်။ Senior က အမြဲတမ်း Server Room ထဲမှာ အိပ်နေတာ ပါပဲ။ တာဝန်အရမ်းကြီးလာပြီဆိုရင် ကျွန်မကိုပဲအမြဲတမ်း In charge ဆိုပြီးလုပ်ခိုင်းပါတယ်။ တာဝန်ကို အမြဲတမ်းရှောင် တတ်ပါတယ်။ Senior နဲ့ပတ်သက်တဲ့ Complaint တွေက ကျွန်မဆီကိုပဲလာကြတယ်။ အမြဲတမ်း ယဉ်ကျေးစွာနဲ့ ပြောဆိုပြီး ပြန်ဖြေရှင်းပေးရတယ်။ ၁ခါ၁ရံ Senior အတွက် Cover Letter ရေးပေးရပါတယ်။ Cover Letter ရေးရတဲ့ သဘောက Senior ကို Complaint တွေကြောင့် အလုပ်မပြုတ်အောင်ဖာထေးပေးရပါတယ်။ Senior က Singaporean စစ်စစ်။ Singaporean တွေနဲ့အလုပ်လုပ်ရင် သတိထားပါ။ ပြသာနာကို ကိုယ့်အပေါ် ကျမလာအောင် အရှောင်အတိမ် အရမ်းကောင်းပါကြောင်း။ မြန်မာဆိုလျင်တော်တော်ကို အထင်သေးပါကြောင်း၊ မြန်မာတွေအားနာတတ်တာကို အခွင့်အရေး အရမ်းယူတတ်ပါတယ်။
ကျွန်မ Senior ကအကြောင်းအရာ၁ခုကို ပြောရင်ထပ်ခါထပ်ခါပဲ။ 5 Minutes နေ ၁ခါလာပြောတယ်။ နောက် 5 Minutes နေ နောက်၁ခါလာပြောပါတယ်။ ၁ခါ၁ရံအလုပ်မှာ Concentrate လုပ်လို့မရပါဘူး။ လာပြောရင်လဲ သေချာ နားထောင်ရသေး။ Senior က Breakfast စားနေချိန်၊ Lunch စားနေချိန် Phone လာလို့ကတော့ ဘယ်လောက် အရေးကြီးကြီး ဘယ်သူခေါ် ခေါ် မကိုင်ပါဘူး။ ၁ခါက CEO Phone ခေါ်တော့ ကျွန်မကလည်း Director of School အခန်းထဲမှာဆိုတော့ Silence လုပ်ထားပါတယ်။ Senior ကို CEO က Phone မကိုင်တဲ့အတွက်ခေါ်ဆူပါတယ်။ အဆူခံရပြီး အခန်းထဲပြန် ရောက်လာတော့ ကျွန်မပါ အဆူခံရပါတယ်။ ကျွန်မ Phone ကို Silence လုပ်ထားလို့တဲ့။ ဘာဆိုင်လဲနော်။ ကျွန်မ မကြိုက်ဆုံးက လူရှေ့သူရှေ့ အဆူခံ အပြောခံရခြင်းပါ။ ကျွန်မ VP, Manager တို့ အဆူခံခဲ့ ရဘူးတယ်။ အခန်းထဲခေါ်ဆူတော့ ၂ယောက်ထဲဆိုတော့ ပြသာနာမရှိဘူးပေါ့။ ကျွန်မ လုပ်တာကိုင်တာမှားလို့ဆူခံရတာ ကျေနပ်ပါတယ်။
ကျွန်မအလုပ်မှာတော်တော်သည်းခံပြီးလုပ်ရတာပါ။ ကျွန်မအလုပ်ထွက်ဖို့ သေချာသွားတာကတော့ Computer နဲ့ပတ်သက် တာတွေ အကုန်လုံးကို Bar Code လိုက်ကပ်ရတာပါ။ တာဝန်ပေးတာက ၂ယောက်။ ၃ရက်နဲ့ အပြီးလုပ်ရတာပါ။ တာဝန် အရမ်းကြီးတာဖြစ်တဲ့အတွက် Senior ကအရင်ဆုံးခေါင်းရှောင်သွားပါတယ်။ Acer Laptop အလုံး ၂၀၀၊ HP Desktop အလုံး ၈၀၊ Dell Laptop ၁၈ လုံး၊ Projector အလုံး ၄၉ လုံး လိုက်ကပ်ရပါတယ်။ ကံအဆိုးဆုံးက Company စ ထောင်ကတည်းကလက်ရှိအချိန်ထိအကုန်လုပ်ရပါတယ်။ အဆောင် ၄ဆောင်၊ အထပ် ၃ထပ်ကို ၁ခန်းဝင် ၁ခန်းထွက် လိုက်ရှာပြီး Bar Code လိုက်ကပ်ရတာ။ မနက် ၈ နာရီကနေ ည ၆နာရီ ထိလုပ်ရတာပါ။ Senior ကပြောလိုက်သေးတယ်။ Report ရေးပါ။ Bar Code No က ဘယ်နေရာ၊ ဘယ်သူဟာလဲဆိုတာ။ Auditor လာစစ်ရင် မသိမှာစိုးလို့တဲ့။ ကောင်းကြသေး ရဲ့လား။ အဆိုးဆုံးက Projector ကိုကပ်တဲ့နေရာတွေပါပဲ။ ထိုင်ခုံနဲ့တက်၊ ခြေဖျားလေးထောက်ပြီး ကပ်ရတာပါပဲ။ ကျန်သေး တာ ၁ခုက Security Camera ကိုကပ်ဖို့ပါ။ လှေကားနဲ့တက်မှာပဲရမှာ။ Seniorကို အချိုသာဆုံးစကားနဲ့ အကူအညီ တောင်းတော့ မကူညီနိုင်ပါတဲ့။ ကောင်းရော။ ကျွန်မလည်း Ignore ပဲ။
From Wednesday to Friday ပေါင်းနာရီ ၃၀ လုပ်လိုက်တာ နောက်၁ပတ် Medical Leave ယူလိုက်ရတယ်။ လမ်းလျှောက်တိုင်းခြေထောက်အရမ်းနာတာ မျက်ရည်တောက်တောက်ကျရတဲ့အထိပါပဲ။ နောက်နေ့ကျတော့ Senior ကခွင့် ၂ရက်ထပ်ယူတော့ ကျွန်မခြေတောက်ကအရင်အတိုင်းပါပဲ။
ဒီလိုနဲ့ July 1 မှာ အလုပ်ထွက်ဖို့ ကျွန်မလုံးဝသေချာသွားပါတော့တယ်။ IT ရဲ့ VP ကပြန်မရောက်တော့ Submit လုပ်ခွင့်ကလည်း မရသေး။ July 3 မှာ လူလျော့တဲ့အထဲမှာ ပါသွားပြီ လျော်ကြေးလည်းရလိုက်တော့ ကျွန်မအတွက်ပိုကောင်း သွားတာပါပဲ။ လူလျော့တဲလို့ပြောပေမယ့် PR ဖြစ်လို့ထွက်လိုက်ရတာ ပိုသေချာပါတယ်။ Singapore မှာ ရှိတဲ့ Co., တိုင်းဒီလိုပါပဲ။ ကျွန်မလုပ်ခဲ့တဲ့အလုပ်ကို လက်မလွဲခဲ့ရတဲ့အတွက်ကြောင့် Senior က Phone သေချာပေါက်ခေါ်မှာပါ။ ကျွန်မကလည်း Phone ကို ၂၄ နာရီ Silence ပါ။
ကျွန်မ Original Post က Programmer။ ကျွန်မ ကိုယ်ကိုကိုယ်ခေါင်းစဉ်တပ်ထားတာ Programmer CUM Designer CUM IT Support....

ဒန့်သလွန်ရွက်ဟင်းချို
ဒန့်သလွန်ရွက်ဟင်းချိုကို ဒီအတိုင်းချက်တာထက် ကျွန်မကတော့ ငါးကြင်းခေါင်းနဲ့ချက်ပါတယ်။ ပိုချိုပြီးစား လို့ကောင်းပါတယ်။
ဒန့်သလွန်ရွက်ကို အရွက်ကလေးတွေရတဲ့ အတိခြွေပါ။ ကြက်သွန်နီပါးပါးလှီး သို့မဟုတ် ကြက်သွန်ဖြူအခွံနွာပြီး ဓားပြားရိုက်ထားပါ။ ရေကို ထည့်ပြီးဆူအောင်တည်ပါ။ ရေဆူလာပြီဆိုမှ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာ သို့မဟုတ် ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ အနံပျောက်မှ ငါးကြင်းခေါင်းထည့်ပါ။ (အနံမပျောက်ခင်ထည့်ပါက နံတတ်ပါတယ်)။ ငါးကြင်းခေါင်းနှုးပြီဆိုပါက ဒန့်သလွန်ရွက် ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်ရွက် အနံပျောက်ပါက ချလို့ရပါပြီ။

ငါးဟင်းဆီပြန်
ငါးကို အထဲက အူ၊ ကလီစာများ၊ ပါးဟပ်များ ထုတ်ပါ၊ အနေတော်အတုံးလေးများဖြစ်အောင်တုံးပါ။ ငါးကိုဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး ပါးပါးလှီးပါ။ ဆီထည့်ပြီး ထောင်းထား တာတွေကိုဆီသတ် ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ ဆီပြန်လာတဲ့အရိပ်အရောင်သန်းလာပြီးဆိုလျင် ငါးထည့်ပါ။ ငရုတ်သီး စိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်ပြီဆိုလျင် အပေါ်ကနေ နံနံပင်လေးအုပ်ပါ။
Labels:
စားကြမယ်
Saturday, July 4, 2009
ဂဏန်းမဆလာရေပြန်ဆီကျန်
Labels:
စားကြမယ်
Subscribe to:
Posts (Atom)